ရင်ဖွင့်ချင်လို့ပါရှင့်😔မိသားစုအရေးပါ..ဒီpageလေးကအမည်နာမတွေမဖော်ဘဲရင်ဖွင့်လို့ရလို့ပါ
မောင်နှမသုံးယောက်ရှိပါတယ်..ညမနဲ့အကိုနဲ့ကအိမ်ထောင်ကျပီးပါပီ..အကိုကတော့အိမ်ခွဲနေတာပါ..
ညမတို့ကိုလဲမိဘအိမ်နဲ့တစ်ဝန်းခြားမှာအဖေတို့အမေတို့ကမိဘနဲ့လဲမဝေးအောင်ခွဲပေးမလို့ပါ..
ညမတို့အိမ်မှာအမေကအိမ်ထောင်ဦးစီးလိုဘဲ လူမှုရေး၊စီးပွားရေး သာရေး၊နာရေးအစစအရာရာအမေကဘဲဦးစီးဦးဆောင်ပါအပေါင်းအသင်းမိတ်ဆွေလဲပေါပါတယ်
သားသမီးတွေကနောက်လိုက်ပါအဖေအပါအဝင်ပေါ့ဘယ်နေရာသွားသွားဘယ်ဒေသသွားသွား အသိမိတ်ဆွေတွေကြားထဲလဲ အမေကနာမည်တစ်လုံးနဲ့နေတာပါ
ဘယ်သူ့သားသမီးတွေဟေ့ဆိုပီးမောင်နှမတွေဘယ်တော့မှမျက်နှာမငယ်ခဲ့ရပါဘူး ဘုရား၊တရားကိုင်းရှိုင်းပီဘုန်းကြီးကျောင်းဝေယျာဝိစ္စတွေလဲ အဖေနဲ့ညမတို့မောင်နှမတွေကိုလက်တွဲခေါ်ပီ မိသားစုတက်ညီလက်ညီလုပ်ကြပါတယ်..
မိသားစုစားသောက်ပွဲ၊ပျော်ပွဲစားတွေလဲခဏခဏလုပ်ပေးပါတယ်..ဘယ်နေရာမှကိုမလပ်ဟင်းဘဲထောင့်စေ့လွန်းပါတယ်..ဘယ်သူကထင်မှာလဲဒီလိုမိသားစုမှာကံကြမ္မာဆိုးဝင်လာမယ်လို့😔
ရုတ်တရက်ကြီး အမေကဆုံးသွားပါတယ်..အဲ့လိုဖြစ်သွားလိုက်မယ်လို့လဲမထင်ခဲ့ဘူး ညမတို့မိသားစုအတွက်ကမ္ဘာပျက်သလိုဘဲ..အမေကသန်မာတယ်၊
အမေကတံတိုင်းကြီးလိုဘဲ တဂယ်ကိုမယုံနိုင်ခဲ့ဘူး..အဖေ့ကိုလဲသနားတယ်တငိုငိုတရီရီနဲ့ အဖေနှင့်အမေနဲ့ကအရမ်းချစ်ကြတယ်ဆင်းရဲဖော်ဆင်းရဲဖက်ငယ်ပေါင်းတွေဆိုတော့ သားသမီးတွေကတောင်အားကျရတဲ့အထိ
အဲအဲ၊မောင်ဆိုပီးnick nameလေးတွေနဲ့ခေါ်ကြတယ်..အဖေကတောင်အမေ့ထက်ပိုချစ်သေးတယ်လို့ထင်ခဲ့တယ်..အမေ့ကိုဆိုအရမ်းချစ်တယ်စကားများရန်ဖစ်ရင်လဲအဖေကဘယ်တော့မှလက်မပါခဲ့ဘူး
အမေကဘဲဆူတယ်ကြိမ်တယ်ထုတယ်…အမေဆုံးတော့အဖေကတငိုငိုနဲ့အရက်လဲသောက်တယ်..အဖေ့ရှေ့မှာအမေအကြောင်းတောင်မဟရဲဘူးဝမ်းနည်းရင်ကိုယ်ဟာကိုယ်တိတ်တိတ်လေးငိုတယ်
အဖေငိုရင်ကိုယ်လဲလိုက်ငိုအဖေကိုလဲသူများတွေပြောသလိုတရားနဲ့ဖြေပါလို့လဲမပြောခဲ့ဘူးကိုယ်တောင်မဖြေနိုင်တာငိုလိုက်ရင်နည်းနည်းတော့ပေါ့သွားလို့ အမေဆုံးတာ၆လကြာတော့ တစ်ညမှာအဖေမူးပီအိမ်ပြန်လာတယ်
သူလက်ထပ်တော့မယ်လက်မှတ်ထိုးခဲ့ပီတဲ့လေ ညမအဲ့အချိန်မှာအရမ်းကိုထူပူသွားပါတယ်ဘဝမှာတစ်ခါမှမခံစားဖူးတဲ့ခံစားချက်မျိုးပါအားငယ်စိတ်၊ဝမ်းနည်းစိတ်၊အမေနဲ့သားသမီးတွေအပေါ်လုပ်ရက်လိုက်တာဆိုပီ😭
ငါ့အဖေမူးပီတော့များလျှောက်ပြောနေတာလားဆိုပီစိတ်ကိုတင်းထားတယ်ဒါပေမဲ့လျှောက်ပြောနေတဲ့ရုပ်လဲမပေါက်ပါဘူးအတည်ကြီးကိုပြောနေတာပါ
ညမလဲအဖေ အမေ့အပေါ်၊သားသမီးတွေအပေါ်လုပ်ရက်လိုက်တာလိုဆိုပါတယ်ညမအဲ့အချိန်မှာအရမ်းကိုထူပူနေတာပါဘယ်သူ့ကိုတိုင်ရမလဲ လဲမသိပါဘူး
မူးလို့ပြောနေတာနေမာပါလေမနက်ရောက်မှသေချာပြန်မေးကြည့်မယ်ဆိုပီမျှော်လင့်ချက်နဲ့ မနက်ရောက်တော့အကိုလင်မယားကိုလှမ်းခေါ်ပီသေချာမေးကြပါတယ်အဖေရဲ့အမ ညမတို့အဒေါ်လဲရှိပါတယ်
အဖေကဟုတ်တယ်တဲ့လေ လက်မှတ်တော့မထိုးရသေးဘူးတဲ့ သူ့ရည်းစားပါပေါ့ အဖေရော၊မောင်နှမတွေရောငိုကြပါတယ် ကောင်မလေးနဲ့ဘယ်တုန်းကတွေ့တာလဲ..
အမေမဆုံးခင်ကထဲကလားမေးတော့ တွေ့တာမကြာသေးဘူး အမေ၆လမပြည့်ခင်တစ်ပတ်လောက်ကတဲ့ ညမတို့လဲကောင်မလေးကဘယ်ကလဲစုံစမ်းကြည့်တော့ မာဆတ်နာမည်ခံပီနောက်မှာလုပ်စားနေတာပါ
ညဌက်ပါတစ်နာရီ၆ထောင်စားပါ ညမတို့လဲအဖေ့ကိုအဲ့လိုမိန်းမကိုအမေ့နေရာအစားထိုးမလို့လား ကောင်းကောင်းမွန်မွန်ထဲကရှာပေးမယ်ပေါ့
အမှန်အတိုင်းပြောရရင်ဘဝမှာအဖေကကိုယ့်အမေမဟုတ်တဲ့တခြားတစ်ယောက်ကိုထပ်ချစ်လိုက်မယ်လို့မထင်ထားသလိုနောက်အိမ်ထောင်လဲမပြုဘူးလို့ထင်ခဲ့တယ်
ဘယ်သူမို့လို့လဲငါ့တို့အဖေကငါ့တို့အမေကိုအဲ့လောက်ချစ်တာလေ အဲ့အချိန်ကာလတွေကညမအတွက်ငရဲလိုဘဲနေနေညည စိတ်ဓာတ်ကျ၊စိတ်အားငယ်ခဲ့ရတယ်
အကိုကလဲဘာမှတိုင်ပင်လို့မရပါဘူး အမြဲခေါင်းရှောင်ပါတယ်ကိုယ်ကသူ့အားကိုးပါတယ်ဆိုမှပေးစားလိုက်နားအေးတယ်ဘဲပြောပါတယ် ယောင်းမကမှတိုင်ပင်လို့ရသေးတယ်
မောင်ဖြစ်သူကလဲအဝေးမှာပါ အငယ်ဆုံးဆိုတော့အမေဆုံးတာလဲမကြာသေးဘူးသူ့ကိုဒီကိစ္စတွေအသိမပေးချင်ပါဘူးညမကိုယ်တိုင်တောင်ပြိုလဲရပါတယ်
အမျိုးတွေလဲမတတ်နိုင်ပါဘူးဟိုဘက်အမျိုးဒီဘက်အမျိုးအမေတို့အဖေတို့ကထောက်ပံပေးတာဆိုတော့ အဖေ့ကိုနိုင်တဲ့သူလဲမရှိပါဘူး အကိုကတော့ပေးစားလိုက်လို့ပြောနေပေမဲ့ညမကတော့အဖေ့ကိုလွယ်လွယ်နဲ့လက်မလျော့နိုင်ပါဘူး
သူ့ကောင်မကဘယ်လိုလူမျိုးမို့လို့လဲ ညမတို့မိသားစုphတွေသူကအကုန်ယူထားတာပါphတွေဆက်တိုက် ဆက်တယ်အစကမကိုင်ပါဘူး အကိုဆီလဲဆက်တယ်၊ယောင်းမဆီလဲဆက်တယ်၊
ညမဆီလဲဆက်တယ် နောက်ကျသူကထပ်ခါထပ်ခါဆက်နေလို့ညမနှင့်ယောင်းမကစိတ်တိုလို့ကိုင်ပီသူ့ကိုဆဲဆိုကြပါတယ် သူ့ဘက်ကဘာမှပြန်မပြောပါဘူး
ညမတို့လဲဟယ်ငါတို့ဘဲလွန်သွားတာလားလို့ ဘယ်ဟုတ်မလဲအဲ့ကောင်မကအစကထဲကအကြံနဲ့သူတို့ကဒါမျိုးလုပ်စားလာတာလေ ညမတို့စိတ်ကိုဆွပီသူ့ကိုမပြော ပြောအောင်လုပ်တာပါပီရင်အသံသွင်းထားတယ်
ညမတို့နဲ့ပြောတဲ့စကားအဖေနဲ့ပြောတာတွေအသံသွင်းတယ် အစကညမတို့လဲမသိပါဘူး အဖေကလမ်းခွဲရအောင် မိသားစုနှင့်အမျိုးတွေကသဘောမတူဘူး
ပြောတာကို သူကအသံသွင်းထားတယ်လိုင်းပေါ်တင်လိုက်မယ်ခြိမ်းခြောက်ပါတယ်အဲ့တာမှသူ့ရည်ရွယ်ချက်ကဘာလဲသိရတာပါ သူကအဖေတစ်ယောက်ထဲလဲမဟုပါဘူး ၃ ၄ ၅ယောက်စပွန်ဆာလဲရှိပါတယ်
အဖေ့ကိုပြောတော့အဖေလဲသိတယ်တဲ့ ဟိုကဘယ်လိုတွေနူးနပ်လဲမသိပါဘူးအဖေနဲ့ရည်းစားဖြစ်ပီနောက်ပိုင်းမရှိဘူးလို့ပြောပါတယ် အဖေကအဲ့ကောင်မကိုအိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားပါတယ်
နေ့ခင်းတွေအဲ့မှနေတယ်ထမင်းစားချိန်နှင့်အိပ်ချိန်ဘဲပြန်လာတာပါ အဖေ့ကိုလဲအမျိုးမျိုးဖြောင့်ဖျပါတယ် အဖေကဝဋ်ကြွေးလို့သဘောထားလိုက်ပါတဲ့လေ
ညမအဲ့လိုဘယ်လိုသဘောထားလို့ရမလဲ အမေ့ကိုဆုံရှုံးထားတာမကြာသေးဘူး အဖေကပါအဲ့လိုလုပ်တော့ညမတို့ရဲ့ပျော်စရာကောင်းခဲ့တဲ့မိသားစုကတစ်စစီပါဘဲ
ပီတော့ဟိုတစ်လောကအဲ့ကောင်မနဲ့ပြသာနာတက်ပါတယ် အဖေ့ကိုပြန်မလွှတ်ဘဲဆိုင်ကယ်သော့ကိုဖွက်ထားပီအတင်းသူ့ကိုဌားပေးထားတဲ့အိမ်မှာအိပ်ခိုင်းပါတယ်
ညမလဲလက်မထပ်ရသေးဘဲယောက်ျားတစ်ယောက်ကိုညအိပ်အတင်းခေါ်တာနင့်တန်းဖိုးနင်ဖြတ်တာလို့ပြောပါတယ်နင်အရင်ကဘာဖစ်ဖစ်အခုတော့ကိုယ့်ကိုယ်ကိုတန်းဖိုးထားသင့်တယ်မဟုလားဆိုပီစကားများကြပါတယ်
သူကနင်တို့လဲအိမ်ထောင်ကျတာတောင်မိဘဆီမှာကပ်စားတုန်းတဲ့လေ သူကဘဲအရှက်မရှိပြောရတယ်ရှိသေး Aငါကငါ့မိဘအိမ်ငါ့အဖေငါ့အမေအိမ်ကပ်စားတာလေ
နင်ကဘာဆိုင်လို့ချူးစားနေတာလဲပြောလိုက်ပါတယ်ညမတို့ကအမေရှိစဉ်ကပိုင်ဆိုင်မှုတွေကိုရှေ့နေနဲ့စာချုပ်ချုပ်ထားပီးသားပါညမတို့အတွက်ဆုံးရှုံးစရာမရှိပါဘူး
ဒီအတိုင်းအမေလဲမရှိတော့လို့တစ်ယောက်ထဲကျန်တော့တဲ့အဖေကိုလက်မလွှတ်ချင်ရုံပါ😔
အသက်ကြီးတဲ့အထိအဖေ့ကိုစိတ်ချမ်းသာအောင်ထားပီ ပြုစုပေးချင်တာ ညမမိန်းကလေးတစ်ယောက်ထဲပါလို့အဖေ့ကိုညမနဲ့ဘဲနေစေချင်ပါတယ်
အဖေကအဲ့မိန်းမကိုယူရင်အလွန်ဆုံးစိတ်ချမ်းသာလှ၂လ၃လပါဘဲ အဲ့လိုမိန်းမမျိုးကသစ္စာဆိုတာဘာမှန်းတောင်သိမှာမဟုတ်ပါဘူး
တစ်ခါတစ်လေဘာသာရေးနဲ့ကြည့်ရင်းမကောင်းပေမဲ့ အောက်လမ်းနည်းနဲ့အဖေ့ကိုလုပ်ထားတာလားလို့ထင်ရပါတယ်
ညမစာရေးတာရှည်သွားရင်တောင်းပန်ပါတယ် ဘယ်လိုရေးရမှန်းမသိလို့ပါတစ်ခါမှစာအရှည်ကြီးလဲမရေးဖူးဘူးမို့ပါ
#မိန်းမသားတို့ရင်ဖွင့်ရာ