General Knowledge

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်သို့ ပြောင်းရွှေ့








နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အကျဉ်းထောင်ကို ပြောင်းရွှေ့ပြီး

သီးခြားထားရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ သတင်းမှန်၊

မမှန် မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလိုပြန်လည်ဖြေကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကိုပြောင်းရွှေ့ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာထားရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲဆိုထားပြီး အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ် ထားပြီးဖြစ်ပါတယ်