Cele News

သူမရိုက်ကူးနေတဲ့ဇာတ်လမ်းမှာ လှလှပပလေးဇာတ်သိမ်းရမယ်လို့ထင်ခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပုံကို ပုံနဲ့တကွပြသလာတဲ့ ဆယ်လီမမဆူး

ပရိသတ်ကြီးရေ ဆယ်လီဆူးလို့ပြောလိုက်တာနဲ့ အကုန်လုံးကချစ်စနိုးနဲ့မမဆူးလို့ခေါ်ကြတဲ့ မိတ်ကပ်ဖန်တီးရှင်ကို သိကြမှာပါ။

သူ့ရဲ့အတည်ပေါက်နဲ့ချစ်စရာဟာသအပြောလေးတွေကို ပရိသတ်တွေကသဘောကျကာ မကြာမကြာဆိုရှယ်မီဒီယာမှာ ခေတ်စားလေ့ရှိတာပါ။

ဆယ်လီဆူးကတော့လတ်တလောမှာဇာတ်လမ်းတွဲလေးတွေကိုလက်ခံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်ထားသဘောကောင်းတဲ့ မမဆူးကတော့ အမြဲအခွီလေးတွေပြောကာ သူမရဲ့အဖြစ်အပျက်လေးတွေကို ပြောပြလေ့ရှိသူပါ။

ဒီနေ့မှာလည်း”လှတဲ့သူက ဘယ်လို နေနေလှတာနော် 😂😂😂Good Night နော် အိပ်ကြတော့

Edit- ဇာတ်လမ်းရဲ့ ဇာတ်သိမ်းမှာ လှလှလေး ဇာတ်သိမ်းရမယ်ထင်နေတာ ၊ အာ့ပုံနဲ့ ဇာတ်သိမ်းရတာတော် 😖😖😖”ဆိုတဲ့

စာလေးနဲ့ ရိုက်ကူးရေးအဆုံးဇာတ်သိမ်းပိုင်းမှာ သူမျှော်လင့်တာနဲ့တလွဲ ဖြစ်ခဲ့ရတဲ့အကြောင်းကို ပုံလေးနဲ့တကွပြောပြလာခဲ့တာပါ။

ပရိသတ်တွေလည်းမမဆူးရဲ့ရူတင်ပုံလေးကိုကြည့်ပြီးခွီလိုက်ကြပါဦးနော်။

Soure SueSue









Soure SueSue