Cele News

နာမည်လေးရစပြုလာတာနဲ့ အမျှ မလိုသူတွေရဲ့မဟုတ်မမှန်အပုတ်ချဝေဖန်တိုက်ခိုက်ခြင်းကိုခံနေရတဲ့အကြောင်းရင်ဖွင့်လာတဲ့ ဆုထက်လှိုင်

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယေ ာက်လည်းဖြစ်တဲ့ ဆုထက်လှိုင်ကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်”

ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းတော်တဲ့

ဆုထက်လှိုင်ဟာ နာမည်ရစပြုလာတာနဲ့အမျှ ဝေဖန်တိုက်ခိုက်မှုတွေရဲ့ ဒဏ်ကိုလည်း ခံနေရပြီဖြစ်ကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဘယ်သူ့ဘက်မှာရပ်တည်ပြီး ကိုယ့်အနုပညာခရီးလမ်းကို လျှောက်လှမ်းလာခဲ့ရတယ်ဆိုတာ ကိုယ့်ကိုအစတည်းက အားပေးလာတဲ့သူတွေဆိုသိတယ်။

နည်းနည်းနာမည်ရလာပြီဆိုတာနဲ့ အကြောင်းအရင်းကိုသေချာမသိ နားမလည်ပဲ ပုတ်ချဖို့ ရှုံ့ချဖို့ကိုပဲ ဘာလို့တွေ းနေရတာလဲကွယ် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

ဆုထက်လှိုင်ကတော့ နာမည်လေးရစပြုလာတာနဲ့ မလိုသူတွေရဲ့ မဟုတ်မမှန်ဝေဖန်တိုက်ခိုက်ခြင်းကိုခံနေရပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် ချစ်တဲ့ပရိသတ်တွေကတော့ ဆုထက်လှိုင်ရဲ့ ဖြစ်တည်မှုအားလုံးတိုင်းကို ချစ်ပေးကြဆဲ ပါပဲနော်။

Source: Su Htet Hlaing’s fb







