Cele News

ဇာတ်လမ်းတွဲထဲက သက်သက်လိုမဟုတ်ပဲအပြင်မှာတော့ အရမ်းကိုအချက်အပြုတ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ကြောင်း ကြွားလိုက်တဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် “ပဉ္စလတ်ရွာ” ဇာတ်ကားမှာလည်း”ရေဝတီ” ဆိုပြီးပရိတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့ပါသေးတယ်။

နန်းစန္ဒာလှထွန်းကတော့ လတ်တလောမှာထုတ်လွှင့်ပြသခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း

“သက်သက်” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပါဝင်ပြီး ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့ပါသေးတယ်။

ဇာတ်လမ်းထဲမှာတော့ သက်သက်က အိမ်မှုကိစ္စမနိုင်နင်းတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ပါဝင်ထားခဲ့ပေမဲ့ အပြင်မှာတော့ သက်သက်လိုမဟုတ်ပါဘူးလို့ ပရိသတ်တွေကို စနောက်ထားခဲ့ပါတယ်။

“အပြင်မှာကတော့ ချက်တတ်ပြုတ်တတ်နဲ့ အိမ်ရှင်မကောင်းဖြစ်မယ့် မိန်းခလေးတစ်ယောက်ပါနော်”လို

့ရေးသားကာစနောက်ထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း နန်းနန်းလေးကို ချစ်စနိုးနဲ့ ပြန်လည်စနောက်နေခဲ့ကြပါသေးတယ်။

ပရိသတ်ကြီးရေ နန်းနန်းလေးကတော့ မယုံရင်သူ့အိမ်ကိုတောင်ထမင်းဖိတ်ကျွေးဦးမှာတဲ့နော်။

Source – Nan Sandar Hla Tun

Credit – CeleZone










Credit – CeleZone