Cele News

နိုင်ငံခြားမှာနေတဲ့အတွက် အင်္ဂလိပ်စကားပဲပြောတဲ့ သမီးလေးတွေကို မြိတ်စကားနဲ့ မြန်မာစကားသေချာသင်ပေးနေတဲ့ ဇူဇူးမောင်ရဲ့ ဗီဒီယို

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီမေသန်းနုရဲ့တူမချောလေး ဇူဇူးမောင်ကို ပရိသတ်ကြီးမှတ်မိကြဦးမယ် ထင်ပါတယ်။

ဇူဇူးမောင်ဟာ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့ သူဖြစ်ပြီး အိမ်ေထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဇူဇူးမောင်ကလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်အောင် ကြိုးစားနေသလို ပရိသတ်တွေကလည်း ဇူဇူးမောင်ကို မမေ့မလျော့ပဲ အားပေးနေကြဆဲဖြစ်ပါတယ်။

ACC Channel by Alison, Chloe & Cho ဆိုပြီး သမီးလေးနှစ်ယောက်နဲ့ ဗီဒီယိုလေးတွေရိုက်ပြီး

Vlog လေးတွေတင်ဆက်ပေးနေတဲ့ ဇူဇူးမောင်ဟာ ဒီကနေ့မှာတော့ ထူးထူးခြားခြားဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေဆီမျှဝေလာပါတယ်။

ဇူဇူးမောင်က နိုင်ငံခြားမှာနေပြီး အင်္ဂလိပ်စကားပဲပြောတဲ့ သမီးနှစ်ယောက်ကို မြိတ်စကားနဲ့ မြန်မာစကားသင်ပေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဇူဇူးမောင်ကတော့ သမီးလေးနှစ်ယောက်ဟာ နိုင်ငံခြားမှာနေပြီး ဘာသာခြားစကားကိုပြောဆိုတတ်ပေမယ့်

ကိုယ့်ဘာသာ ကိုယ့်လူမျိုးနဲ့ ပတ်သက်ပြီးလည်း မမေ့လျော့အောင် သေချာလေး သင်ပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဇူဇူးမောင်တို့ သားအမိ သုံးယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။

Source: ACC Channel by Alison, Chloe & Cho’s fb

Credit ; Cele Active World


ဇူဇူးမောင်ဟာ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့ သူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။








