1

ဒီကနေ့မှာကျရောက်တဲ့ သူမရဲ့အသက်(၂၉)နှစ်ပြည့်မွေးနေ့လေးကို သတိတရဆုတောင်းပေးကြတဲ့သူတွေအား ကျေးဇူးတင်စကားဆိုလာတဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်အရွယ်ကတည်းကအဆိုကျော်တစ်ယောက်ဖြစ်ခဲ့ပြီးအနုပညာလောကမှာနာမည်ရကျော်ကြားခဲ့သူပါ။

အဆိုအပိုင်းအပြင်သရုပ်ဆောင်ဘက်မှာလည်း ပါရမီပါသူတစ်ယောက်ပါ။

လက်ရှိအချိန်မှာSingleMotherတစ်ယောက်အနေနဲ့ သမီးဘေးIvyကို အဖေလိုတမျိုးအမေလိုတမျိုး တသ်ယောက်တည်းပြုစုစောင့်ရှောက်နေတာပါ။

လက်ရှိကာလမှာလည်းအေသင်တို့သားအမိဟာထိုင်းနိုင်ငံမှာနေထိုင်လျက်ရှိပြီးIvyလေးဟာဆိုရင်လည်း ထိုင်းနိုင်ငံမှာပဲ ပညာသင်ကြားလျက်ရှိတာပါ။

ဒီနေ့ကျရောက်တဲ့ သြဂုတ်လ၁ရက်နေ့ကတော့အေသင်ချိုဆွေရဲ့၂၉နှစ်ပြည့်မွေးနေ့ရက်မြတ်လေးထြစ်ကြောင်းကို ”ဒီနေ့က ကျွန်မအသက် ၂၉နှစ်ပြည့်တဲ့မွေးနေ့ပါ။

စကားလုံးတွေရင်ထဲမှာပြည့်နေပေမယ့်တိတ်ဆိတ်နေတာပဲ ကောင်းပါတယ်၊ တချို့သော လူတွေကိုကြောက်လို့ ချစ်တဲ့သူတွေကတော့ ကျွန်မအတွက်ဆုလာဒ်ပေါ့။

မွေးနေ့ဆုတောင်းပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။

Happy Blessed Birthday to me ❤️”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်မှာတင်လာခဲ့တာပါ။

ပရိသတ်တွေလည်း အေသင့်အတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Credit – CeleGabar

Source- AthenChoSwe










Credit – CeleGabar

Source- AthenChoSwe