4

ဖောက်ပြန်မယ်ကြံတိုင်း လက်ရှိချစ်သူကိုသတိရပါ.…

ဖောက်ပြန်မယ်ကြံတိုင်း လက်ရှိချစ်သူကိုသတိရပါ.…

ဆန္ဒကို သိက္ခာတရားနဲ့ထိန်းပါ…ဖောက်ပြန်တော့မယ်ကြံတိုင်း လက်ရှိချစ်သူကို သတိရပါ…

ဖောက်ပြန်တော့မယ်ကြံတိုင်း လက်ရှိအိမ်ထောင်ရေးကို သတိရပါ ဖောက်ပြန်တော့မယ်ကြံတိုင်း လက်ရှိသားသမီးတွေရဲ့အနာဂတ်ကို တွေးပါ။

ဖောက်ပြန်တော့မယ်ကြံတိုင်း ကိုယ့်ကို အားကိုးနေတဲ့ဇနီးမယား ခင်ပွန်း မျက်နှာကို မြင်ယောင်ပေးပါ။

ဖုန်းတွေပေါလာတဲ့ခေတ်မှာ အပျို အအို ဆိုက်စုံ ဂိုက်စုံအင်တာနက်ပေါ် တတ်လာကြတယ်။effectတွေသုံးထားတဲ့ ဓာတ်ပုံ ဘယ်ကဘယ်သူ ဘာလုပ်တယ် ဆိုတဲ့ မသေချာမရေရာတဲ့ အချက်အလက်တွေနဲ့

အင်တာနက်ပေါ်ကလူတွေနဲ့သာယာပြီး လက်ရှိအိမ်ထောင်ရေးကိုပျက်စီးအောင် မလုပ်သင့်ပါဘူး။

ဘယ်သူ ဘယ်လောက် ကောင်းကောင်းဘယ်သူဘယ်လောက် ချောချော ကိုယ့်ရဲ့ငယ်လင် ငယ်မယားလောက်ဘယ်သူမှမချောနိူင် မကောင်းနိူင်ပါဘူး။

မယားငယ် လင်ငယ်ဆိုတာ ကိုယ့်ရဲ့လက်ရှိ ငယ်လင် ငယ်မယားလောက် ကောင်းနိူင်ပါ့မလား။

အင်တာနက်ကနေ တွေ့တဲ့လူတွေကိုယုံပြီး လက်ရှိအိမ်ထောင်ရေးကိုဖျတ်စီးပြီး အင်တာနက်ကတွေ့တဲ့လူဆီကိုသွားမလို့လား တန် လို့လား?

မြို့လယ်ခေါင်က အများသုံး သန့်စင်ခန်းဆိုတာ လူတကာ လာရောက်ပြီး အညစ်အကြေးတွေ စွန့်တဲ့နေရာပါ။

တန်ရာတန်ကြေးပေးပြီး အညစ်အကြေးစွန့် ပြီးရင် လူတွေက အဲ့ဒီ သန့်စင်ခန်းကို ကျောခိုင်းကြတာပါဘဲ။

မယားငယ် လင်ငယ် ဆိုတာလည်း အများသုံး သန့်စင်ခန်းလိုပါဘဲ အညစ်အကြေးစွန့်ဖို့ တစ်ခုသာ သုံးလို့ရတာပါ။

လက်ရှိ အိမ်ထောင်ရေးကို ပျက်စီးခံပြီး အများသုံး သနါ့စင်ခန်းဆီ သွားမလို့လားရှင့်……မေတ္တာဖြင့် အိမ်ထောင်ရေး အချစ်ရေးများ အဆင်ပြေကြပါစေ။

ShwePoungThuLay







ဘယ်သူ ဘယ်လောက် ကောင်းကောင်းဘယ်သူဘယ်လောက် ချောချော ကိုယ့်ရဲ့ငယ်လင် ငယ်မယားလောက်ဘယ်သူမှမချောနိုင် မကောင်းနိုင်ပါဘူး။

မယားငယ် လင်ငယ်ဆိုတာ ကိုယ့်ရဲ့လက်ရှိ ငယ်လင် ငယ်မယားလောက် ကောင်းနိုင်ပါ့မလား။






ShwePoungThuLay