ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။
မော်ဒယ်လောကတွင်လည်း နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို ပရိသတ်တွေက အားကျနေကြတာပါ ။
အခုဆိုရင် ဘေဘီမောင်က ရင်သွေးလေးကိုလည်း လွယ်ထားရပြီဖြစ်လို့ မကြာခင်မှာ လူ့လောကထဲ ရောက်လာမယ့် ကလေးလေးအတွက် ရင်ခုန်နေကြမှာပါ ။
လတ်တလောမှာတော့ သူမကို စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပြလာပါတယ် ။
ဒါကတော့ ” ဘေဘီဗိုက်ဗိုက်မမွေးသေးပါဘူး🤰🏼မွေးမယ့်လထဲရောက်နေပါပီ🤰🏼စိတ်ပူပီးမေးနေကြတဲ့အသဲတို့ရေချစ်တယ်နော်😘🙏🏻” ဆိုတဲ့
စာလေးနဲ့ အတူ ပုံလေးတွေကို ဝေမျှလာရာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။
CRD – Cele Zone
CRD – Cele Zone