5

အလှူလာခံတဲ့ သီလရှင်ကို ပစ်မှားမိလို့ ကံကြီးထိုက်ခဲ့ရတဲ့ ငါးစိမ်းသည်မကြီးရဲ့ဖြစ်ရပ်

အလှူလာခံတဲ့ သီလရှင်ကို ပစ်မှားမိလို့ ကံကြီးထိုက်ခဲ့ရတဲ့ ငါးစိမ်းသည်မကြီးရဲ့ဖြစ်ရပ်

ရွှေလက်ကောက်တစ်တောင်ဆစ်အထိ ဝတ်ထားသည်။ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့်ဇလုံကြီးထဲက ငါးများကိုဓါးမဖြင့် ခုတ်နေသောငါးသည်မ ရှေ့သို့အသက် ၆၀ အရွယ် သီလရှင်ကြီးတစ်ပါးဆွမ်းဆန် သွားရပ်သည်။

ငါးသည်မက သူ့ရှေ့နားလေးကငါးဆယ်တန် တစ်ရွက်ကို ယူ၍ခဏခဏ လာရပ် ရန်ကော ဟူသောမျက်နှာဘေးဖြင့် စောင့်အောင့်၍

ဆရာကြီး၏ဆွမ်းဆန် မောင်းထောင်ခွက်ထဲ

အားဖြင့် ထည့်လိုက်ရာလက်က အရှိန် မထိန်းနိုင်တော့သဖြင့်မောင်းထောင်ခွက်ကိုပုတ်ချသလို ဖြစ်သွားလေသည် ။

ဆရာကြီး ရပ်လာသော ဆွမ်းဆန်များနှင့်တစ်ရာတန် ငါးဆယ်တန်လေးတို့သည်မြေပေါ်ပြန့်ကြဲသွားခိုက် ‘ခဏခဏ လာကြတယ်ဈေးကို ကောင်းကောင်း မရောင်းရဘူးအားတိုင်းသင်္ကန်းဝတ်

အခုတော့ဆိုင်ရှေ့ လာရှုပ် ဒုက္ခတွေ ပေးလိုက်တာ”ငါးသည်မ၏ဆိုးရွားစွာ အော်ဟစ်သံ ထွက်လာသည်။

ဆရာကြီးကတော့မျက်နှာတွင် ပကတိ ဖြူစင်လျက်ဤအော်ဟစ်သံတို့ ကြားမှသူ့အား လောင်းလှူလိုက်သောအကြွေလေးများအားကောက်ယူ၍သာဓု သာဓု သာဓု လို့ ခေါ်၍လှည့်ထွက် သွားလေတော့သည် ။

နောက် သုံးနှစ်လောက် ကြာတော့အဲဒီ ငါးသည်မကိုဆေးရုံ အရေးပေါ်ဌာနမှာပါးစပ်မှ သွေးများအန်၍တွန့်လိမ်ကာလူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍

ကယ်ပါ ကယ်ပါအော်ဟစ်၍ဝေဒနာ ပြင်းထန်နေသည်ကိုအမှတ်မထင် တွေ့ခဲ့ရသည်သေတော့မည့် လူနာအဖြစ်ပေါ့။

ဆရာကြီးကိုတော့ရိပ်သာတစ်ခုမှာ ဆုံဖြစ်ခဲ့ပြန်သည်။

အဲတုန်းက အဖြစ်ကိုဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့သလဲ မေးမိရာသားရေ အမေက သတ္တဝါတွေကိုအမြဲ မေတ္တာပို့တယ် ။

အကုသိုလ်နဲ့ အသက်မွေးတဲ့ လူများဆို

ဆွမ်းဆန် မကြာခဏသွား ရပ်ပေးတယ်ရလာတဲ့ လှူဖွယ်တွေကို သံဃာတွေကိုဆွမ်းပြန်ကပ် လောင်းလှူပေးတယ် သား

ဘာလို့ အကုသိုလ် အလုပ်နဲ့အသက်မွေးနေသူတွေကိုမှသွား ဆွမ်းရပ်ရတာလဲ မေးကြည့်တော့သူတို့ကိုဘုရားသာသနာနှင့် ကြုံတုန်း သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို လှူခဲ့ဖူးတဲ့ ကုသိုလ်လေးတော့သံသရာ ပါသွားစေချင်လို့ပါ သားရယ်တဲ့ ။

ဒီစကားတွေ ကြားတော့ ကျောချမ်းသွားသည်

ဒါကြောင့်လေ အလှူခံပုဂ္ဂိုလ်ဆိုတာသူ ရလိုလို့လား ကိုယ့်ကို ရစေချင်လို့ အလှု လာခံသလား

မိမိတို့ စဉ်းစားကြပါကုန်။

Credit အညတရလူသား

အလႉလာခံတဲ့ သီလရွင္ကို ပစ္မွားမိလို႔ ကံႀကီးထိုက္ခဲ့ရတဲ့ ငါးစိမ္းသည္မႀကီးရဲ႕ျဖစ္ရပ္

ေ႐ႊလက္ေကာက္တစ္ေတာင္ဆစ္အထိ ဝတ္ထားသည္။ပါးစပ္က ကြမ္းတံေတြး တဗ်စ္ဗ်စ္ျဖင့္ဇလုံႀကီးထဲက ငါးမ်ားကိုဓါးမျဖင့္ ခုတ္ေနေသာငါးသည္မ ေရွ႕သို႔အသက္ ၆၀ အ႐ြယ္ သီလရွင္ႀကီးတစ္ပါးဆြမ္းဆန္ သြားရပ္သည္။

ငါးသည္မက သူ႔ေရွ႕နားေလးကငါးဆယ္တန္ တစ္႐ြက္ကို ယူ၍ခဏခဏ လာရပ္ ရန္ေကာ ဟူေသာမ်က္ႏွာေဘးျဖင့္ ေစာင့္ေအာင့္၍

ဆရာႀကီး၏ဆြမ္းဆန္ ေမာင္းေထာင္ခြက္ထဲ

အားျဖင့္ ထည့္လိုက္ရာလက္က အရွိန္ မထိန္းႏိုင္ေတာ့သျဖင့္ေမာင္းေထာင္ခြက္ကိုပုတ္ခ်သလို ျဖစ္သြားေလသည္ ။

ဆရာႀကီး ရပ္လာေသာ ဆြမ္းဆန္မ်ားႏွင့္တစ္ရာတန္ ငါးဆယ္တန္ေလးတို႔သည္ေျမေပၚျပန္႔ႀကဲသြားခိုက္ ‘ခဏခဏ လာၾကတယ္ေစ်းကို ေကာင္းေကာင္း မေရာင္းရဘူးအားတိုင္းသကၤန္းဝတ္

အခုေတာ့ဆိုင္ေရွ႕ လာရႈပ္ ဒုကၡေတြ ေပးလိုက္တာ”ငါးသည္မ၏ဆိုး႐ြားစြာ ေအာ္ဟစ္သံ ထြက္လာသည္။

ဆရာႀကီးကေတာ့မ်က္ႏွာတြင္ ပကတိ ျဖဴစင္လ်က္ဤေအာ္ဟစ္သံတို႔ ၾကားမွသူ႔အား ေလာင္းလႉလိုက္ေသာအေႂကြေလးမ်ားအားေကာက္ယူ၍သာဓု သာဓု သာဓု လို႔ ေခၚ၍လွည့္ထြက္ သြားေလေတာ့သည္ ။

ေနာက္ သုံးႏွစ္ေလာက္ ၾကာေတာ့အဲဒီ ငါးသည္မကိုေဆး႐ုံ အေရးေပၚဌာနမွာပါးစပ္မွ ေသြးမ်ားအန္၍တြန္႔လိမ္ကာလူတစ္ကိုယ္လုံး ဖ်တ္ဖ်တ္လူး၍

ကယ္ပါ ကယ္ပါေအာ္ဟစ္၍ေဝဒနာ ျပင္းထန္ေနသည္ကိုအမွတ္မထင္ ေတြ႕ခဲ့ရသည္ေသေတာ့မည့္ လူနာအျဖစ္ေပါ့။

ဆရာႀကီးကိုေတာ့ရိပ္သာတစ္ခုမွာ ဆုံျဖစ္ခဲ့ျပန္သည္။

အဲတုန္းက အျဖစ္ကိုဘယ္လိုစိတ္နဲ႔ ေက်ာ္ျဖတ္ခဲ့သလဲ ေမးမိရာသားေရ အေမက သတၱဝါေတြကိုအၿမဲ ေမတၱာပို႔တယ္ ။

အကုသိုလ္နဲ႔ အသက္ေမြးတဲ့ လူမ်ားဆို

ဆြမ္းဆန္ မၾကာခဏသြား ရပ္ေပးတယ္ရလာတဲ့ လႉဖြယ္ေတြကို သံဃာေတြကိုဆြမ္းျပန္ကပ္ ေလာင္းလႉေပးတယ္ သား

ဘာလို႔ အကုသိုလ္ အလုပ္နဲ႔အသက္ေမြးေနသူေတြကိုမွသြား ဆြမ္းရပ္ရတာလဲ ေမးၾကည့္ေတာ့သူတို႔ကိုဘုရားသာသနာႏွင့္ ႀကဳံတုန္း သီလ သမာဓိနဲ႔ ျပည့္စုံတဲ့ ပုဂၢိဳလ္ကို လႉခဲ့ဖူးတဲ့ ကုသိုလ္ေလးေတာ့သံသရာ ပါသြားေစခ်င္လို႔ပါ သားရယ္တဲ့ ။

ဒီစကားေတြ ၾကားေတာ့ ေက်ာခ်မ္းသြားသည္

ဒါေၾကာင့္ေလ အလႉခံပုဂၢိဳလ္ဆိုတာသူ ရလိုလို႔လား ကိုယ့္ကို ရေစခ်င္လို႔ အလႈ လာခံသလား

မိမိတို႔ စဥ္းစားၾကပါကုန္။

Credit အညတရလူသား