Cele News

ချောရတနာနဲ့တူတယ်ဆိုပြီး ပရိတ်သတ်တွေစနောက်နေကြတဲ့ သူ့ရဲ့ဓာတ်ပုံနဲကပတ်သက်ပြီး ပြန်လည်စနောက်လာတဲ့ အောင်ရဲလင်း

ပရိသတ်ကြီးရေ မင်းသားအောင်ရဲလင် းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

အောင်ရဲလင်းကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်အပါဝင်ဖြစ်သူ မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ အောင်ရဲလင်းကတော့ဗီဒီယိုခေတ်ရဲ့ ဒိတ်ဒိတ်ကျဲမင်းသားတစ်လက်ဖြစ်ပြီးတည်ကြည်ခန့်ညားကာ

ကြည့်ကောင်းသူမို့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတွေကိုဖမ်းစားနိုင်သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်.။

အနုပညာလှုပ်ရှားမှုတွေကျဲနေသူ အောင်ရဲလင်းကတော့သူ့ရဲ့ပုံရိပ်တွေတင်လာတဲ့အခါတိုင်းမှာလူတိုင်းရဲ့ ပါးစပ်ဖျားကတော့ ပြောစမှတ်တွင်အောင် ကြည့်ကောင်းကာခန့်ငြားမှုတွေ ပြည့်နေသူပါ.။

ပရိသတ်တွေစနောက်အရွှန်းဖောက်ခြင်းကိုလည်း ခံနေရတဲ့ အောင်ရဲလင်းဟာ သူ့ရဲ့ငယ်ငယ်ကဓာတ်ပုံတွေကို ချောရတနာနဲ့ နှိုင်းယှဉ်ပြီးစနောက်ခံနေရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်အဆိုပါဓာတ်ပုံကိုပဲ အောင်ရဲလင်းကသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြန်တင်ပြီး “ငါနဲ့ တော်တော်တူတာ ဘဲ။

နှုတ်ခမ်းမွှေးတော့မပါဘူး 🎃🎃” ဆိုပြီး ပြန်လည်အရွှန်းဖောက်လာခဲ့တာပဲဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ ငယ်ငယ်ကလည်း သူ့စတိုင်လ်နဲ့သူ ကြည့်ကောင်းခဲ့သလို လက်ရှိမှာလည်း အသက်အရွယ်အလိုက် ရင့်ကျက်ပြီး အရမ်းကြည့်ကောင်းတာပဲဖြစ်ပါတယ်။

အောင်ရဲလင်းကိုချစ်တဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ဖြစ်တည်မှုတိုင်းကို ချစ်ပေးကြမယ်ထင်ပါတယ်နော်။

Source: Aung Ye Lin’s fb

Credit











Source: Aung Ye Lin’s fb

Credit