ပရိသတ်ကြီးရေရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ကတော့ အနုပညာလောကမှာနှစ်အတော်ကြာ ဖြတ်သန်းလာခဲ့ပြီဖြစ်တဲ့ မင်းသားတစ်လက်ပါ။
အမြဲပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါးနေတတ်တာကလည်း သူ့ရဲ့ထူးခြားတဲ့ ပုံစံတစ်ခုပါပဲနော်။
အချစ်ဆုံးသူငယ်ချင်းညီထွဋ်ခေါင် ၊ဆုမြတ်နိုးဦးတို့နဲ့ အတူ ပရမ်းပတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ Pageမှာ ဗီဒီယိုဖိုင်လေးတွေတင်လေ့ရှိပြီး
ပရိသတ်တွေကလည်း သူတို့သူငယ်ချင်း(၃)ယောက်ကိုအထူးအားပေးဝန်းရံလေ့ရှိပါတယ်။
သူငယ်ချင်းတွေကိုလည်းရရင်ရသလိုဆေးထိုးစနောက်တတ်တဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူး။
အမြဲပရိသတ်တွေနဲ့သူငယ်ချင်းတွေခွီရအောင် အခွီလေးတွေပြောတတ်တဲ့ ကျော်ကျော်ကလက်ရှိမှာတော့ ကြောငြာတွေ လည်းရိုတ်ကူးနေရသလို
ချစ်သူလေး ဆုမြတ်နိုးဦးနဲ့အတူ live sale တွေလည်း လွှင့်နေရတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျော်ကျော်က တစ်ဦးတည်းသော ညီမလေးရဲ့ မွေးနေ့လေးမှာ မိသားစုနဲ့အတူ
မွေးနေ့ပွဲလေးကျင်းပပေးခဲ့တာဖြစ်ပါတယ်။ကျော်ကျော်ကတစ်ဦးတည်းသော
ညီမလေးရဲ့မွေးနေ့မှာ အာဘွားတေများကြီးပေးကြပါတယ် မွချိ မွချိ ဆိုပြီးပုံလေးတွေ တင်ပေးလာတာဖြစ်ပါတယ်။
Credit
Credit