နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်ကိုလည်း အံဝင်ခွင်ကျအဖြစ်ဆုံး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဇေရဲထက် ရယ်ဆိုပြီး သူသရုပ်ဆောင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို တစ်ခဲနက်အားပေးနေကြတာပဲ ဖြစ်ပါတယ်။
ဇေရဲထက်ကတော့ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးလျော့ကျသွားပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အသွယ် မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဇေရဲထက်က သူ့ရဲ့သွေးချင်းမောင်နှမတွေကို ပရိသတ်တွေဆီ ပြသလာပါတယ်။
ဇေရဲထက်က “မောင်နှမလေးယောက်ထဲမှာ အကြီးဆုံးပေမယ့် နုနေတာတော့ မတတ်နိုင်။အဟွတ်။
တခါမှ ချမပြဖူးဘူး အမှတ်တရအနေနဲ့ friends တွေတောင်းဆိုလို့တင်ပေးလိုက်ပါတယ်။ စွန်းချောကြီးတွေ အဟွတ်။
အလတ်မနဲ့အငယ်မအရပ်က ကျနော့်နီးနီးဖြစ် ဘယ်လို တွေများရှည်လားလည်းမသိ သူတို့အရည်အချင်းနဲ့ သူတို့ကိုသူတို့ရပ်တည်နိုင်တဲ့ အရည်အချင်းဘယ်သူ့မှအားမကိုးတတ်တဲ့စိတ်ဓါတ်ကို အရမ်းကြိုက်တယ်။
သူတို့မသိအောင် အိပ်နေတုန်းတင်ရတာ နို့ဆို ဘယ်လိုတွေတောင် ဩဇာသီးပေးမယ်မသိ” ဆိုပြီး ပြောလာပါတယ်။
ဇေရဲထက်ရဲ့ မွေးချင်းမောင်နှမတွေကတော့ ဇေရဲထက်လိုပဲ အရမ်းချောပြီး ညီမလေးတွေကလည်း အရမ်းချစ်စရာကောင်းကြတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ရှားရှားပါးပါးတွေ့မြင်ရတဲ့ ဇေရဲထက်တို့ မောင်နှမတွေရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်။
Credit
Credit