General Knowledge

ကိုယ့်ထက် အသက်ငယ်တဲ့သူနဲ့ မတွဲခင်မှာအရင်ဆုံးသိထားသင့်တဲ့ အချက်များ…

ကိုယ့်ထက် အသက်ငယ်တဲ့သူနဲ့ မတွဲခင်မှာအရင်ဆုံးသိထားသင့်တဲ့ အချက်များ…

ခုခေတ်က မမနဲ့ မောင်လေးခေတ်လို့ပဲ ဆိုမလား။ မောင်လေးတွေက မမတွေကိုပဲ သဘောကျလာကြတာ များသလို မမနဲ့ မောင်လေးဇာတ်လမ်းတွေကလည်း ပြန်လည်တစ်ခေတ်ဆန်းလာပါတယ်။

အချစ်မှာ အသက်အရွယ်ကွာခြားတာ တကယ်တော့ ပဓာနမကျပါဘူး။ ဒါပေမယ့် ကိုယ့်ထက် အသက်ငယ်တဲ့သူကို မရွေးချယ်ခင်မှာ ဒါလေးတွေတော့ သိထားဖို့ လိုအပ်ပါတယ်။

(၁) စိတ်ခံစားချက် ရင့်ကျက်မှု

ကိုယ့်ထက် အသက်ငယ်တဲ့ မောင်လေးတွေကို ချစ်မိသွားခဲ့ရင်တော့ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို လက်ခံတတ်ရပါတော့မယ်။

အထူးသဖြင့် ငယ်ရွယ်တဲ့ သူတွေက ကိုယ့်လောက် စိတ်ခံစားမှု မရင့်ကျက်နိုင်ဘူးဆိုတာကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

တစ်ခါတစ်လေမှာ သူတို့ရဲ့အပြုအမူလေးတွေက ကလေးဆန်ကောင်းဆန်နေမယ်၊ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူတတ်တဲ့စိတ် နည်းကောင်းနည်းနိုင်မယ် ဒါပေမယ့် ဒါဟာမှားယွင်းနေတာမျိုးတော့ မဟုတ်ပါဘူး။

ငယ်ရွယ်တဲ့ သူတိုင်းက စိတ်ခံစားမှုတွေ ရင့်ကျက်မှုနည်းတတ်ပါတယ် ဒီတော့ ကိုယ်ကပဲ သေချာနားလည်ပြောပြပေးဖို့ လိုအပ်ပါတယ်။

(၂) ဘဝအခြေအနေ ကွာခြားမှု

ဒီနေရာမှာ ဘဝအခြေအနေ ကွာခြားမှုဆိုတာက အဆင့်အတန်းတွေ၊ ငွေကြေးချမ်းသာမှုတွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။

ကိုယ်ကတော့ အလုပ်အကိုင်အတည်တကျ ရှိနေပေမယ့် သူကတော့ ခုအချိန်ထိ ဘာအလုပ်မှ မလုပ်သေးပဲ အားလပ်နေတတ်တာမျိုးပေါ့။

သူမှာ အားလပ်ချိန်တွေ များနေတဲ့အတွက် သင်နဲ့ပဲ တွေ့ချင်နေတတ်တာတွေ ဖြစ်တတ်ပြီး သင့်အလုပ်ရှုပ်နေတာတွေ နားလည်မပေးနိုင်တတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး အချက်လေးတွေ ကြုံလာရတဲ့အခါ သေချာလေး သူသဘောပေါက်အောင် ပြောပြပေးညှိနှိုင်းရတာတွေ ရှိလာနိုင်ပါတယ်။

(၃) အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူညီတာ

သင်ကတော့ အချစ်ဆိုတာကို ပိုလေးနက် ခိုင်မြဲမှု ရှိဖို့၊ နားလည်မှုတွေ၊ ဂရုစိုက်မှုတွေလို့ အဓိပ္ပါယ်ဖွင့်ကောင်း ဖွင့်နိုင်ပေမယ့်

သူကတော့ အချစ်ဆိုတာ အချိန်တိုင်း အတူတူရှိနေဖို့၊ အမြဲတမ်း ပျော်ရွှင်နေဖို့၊ လွတ်လပ်မှု စသဖြင့် မတူညီတဲ့ အဓိပ္ပါယ်တွေ ဖွင့်ဆိုတတ်ပါတယ်။

ဒါဟာ အသက်အရွယ် ကွာခြားမှုကြောင့် ရင့်ကျက်မှုတွေ နည်းနေသေးတဲ့သူနဲ့ ရင့်ကျက်မှုတွေ လုံလောက်နေတဲ့ သူရဲ့ မတူညီမှုတွေပါ။ ဒါပေမယ့် ဒါဟာ အချစ်တစ်ခုကို တားဆီးနိုင်စွမ်း မရှိပါဘူးနော်။

(၄) သံသယတွေနဲ့ အမြင်တွေ

တစ်ခါတစ်လေမှာ အသက်ငယ်တဲ့ သူကို ချစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို ရွေးချယ်မှု မှန်ကန်ရဲ့လား၊ ဒီအချစ်က သေချာရဲ့လားဆိုပြီး မေးခွန်းတွေ မေးလာနိုင်ပါတယ်။

အခန့်မသင့်လို့ စကားများ ရန်ဖြစ်တဲ့ အချိန်တိုင်း၊ မခေါ်မပြောဖြစ်တဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ပြန်လည်သံသယတွေ ဝင်ကောင်းဝင်နိုင်ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ အချစ်က ချစ်နေဖို့ပဲ လိုတာဖြစ်ပြီး အသက်အရွယ်ဆိုတာကတော့ သတ်မှတ်ချက် တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ထက် အသက်ငယ်တဲ့ သူနဲ့ မတွဲခင်မှာ ဒါလေးတွေတော့ နားလည်ထားဖို့ လိုအပ်ပါတယ်။

Khin

ကိုယ့္ထက္ အသက္ငယ္တဲ့သူနဲ႔ မတြဲခင္မွာအရင္ဆုံးသိထားသင့္တဲ့ အခ်က္မ်ား…

ခုေခတ္က မမနဲ႔ ေမာင္ေလးေခတ္လို႔ပဲ ဆိုမလား။ ေမာင္ေလးေတြက မမေတြကိုပဲ သေဘာက်လာၾကတာ မ်ားသလို မမနဲ႔ ေမာင္ေလးဇာတ္လမ္းေတြကလည္း ျပန္လည္တစ္ေခတ္ဆန္းလာပါတယ္။

အခ်စ္မွာ အသက္အ႐ြယ္ကြာျခားတာ တကယ္ေတာ့ ပဓာနမက်ပါဘူး။ ဒါေပမယ့္ ကိုယ့္ထက္ အသက္ငယ္တဲ့သူကို မေ႐ြးခ်ယ္ခင္မွာ ဒါေလးေတြေတာ့ သိထားဖို႔ လိုအပ္ပါတယ္။

(၁) စိတ္ခံစားခ်က္ ရင့္က်က္မႈ

ကိုယ့္ထက္ အသက္ငယ္တဲ့ ေမာင္ေလးေတြကို ခ်စ္မိသြားခဲ့ရင္ေတာ့ သူနဲ႔ပတ္သက္တဲ့ အရာအားလုံးကို လက္ခံတတ္ရပါေတာ့မယ္။

အထူးသျဖင့္ ငယ္႐ြယ္တဲ့ သူေတြက ကိုယ့္ေလာက္ စိတ္ခံစားမႈ မရင့္က်က္ႏိုင္ဘူးဆိုတာကိုေတာ့ သိထားဖို႔ လိုအပ္ပါတယ္။

တစ္ခါတစ္ေလမွာ သူတို႔ရဲ႕အျပဳအမူေလးေတြက ကေလးဆန္ေကာင္းဆန္ေနမယ္၊ သူတို႔ရဲ႕လုပ္ရပ္ေတြအတြက္ တာဝန္ယူတတ္တဲ့စိတ္ နည္းေကာင္းနည္းႏိုင္မယ္ ဒါေပမယ့္ ဒါဟာမွားယြင္းေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ငယ္႐ြယ္တဲ့ သူတိုင္းက စိတ္ခံစားမႈေတြ ရင့္က်က္မႈနည္းတတ္ပါတယ္ ဒီေတာ့ ကိုယ္ကပဲ ေသခ်ာနားလည္ေျပာျပေပးဖို႔ လိုအပ္ပါတယ္။

(၂) ဘဝအေျခအေန ကြာျခားမႈ

ဒီေနရာမွာ ဘဝအေျခအေန ကြာျခားမႈဆိုတာက အဆင့္အတန္းေတြ၊ ေငြေၾကးခ်မ္းသာမႈေတြကို ဆိုလိုခ်င္တာ မဟုတ္ပါဘူး။

ကိုယ္ကေတာ့ အလုပ္အကိုင္အတည္တက် ရွိေနေပမယ့္ သူကေတာ့ ခုအခ်ိန္ထိ ဘာအလုပ္မွ မလုပ္ေသးပဲ အားလပ္ေနတတ္တာမ်ိဳးေပါ့။

သူမွာ အားလပ္ခ်ိန္ေတြ မ်ားေနတဲ့အတြက္ သင္နဲ႔ပဲ ေတြ႕ခ်င္ေနတတ္တာေတြ ျဖစ္တတ္ၿပီး သင့္အလုပ္ရႈပ္ေနတာေတြ နားလည္မေပးႏိုင္တတ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဒီလိုမ်ိဳး အခ်က္ေလးေတြ ႀကဳံလာရတဲ့အခါ ေသခ်ာေလး သူသေဘာေပါက္ေအာင္ ေျပာျပေပးညႇိႏႈိင္းရတာေတြ ရွိလာႏိုင္ပါတယ္။

(၃) အဓိပၸါယ္ဖြင့္ဆိုပုံေတြ မတူညီတာ

သင္ကေတာ့ အခ်စ္ဆိုတာကို ပိုေလးနက္ ခိုင္ၿမဲမႈ ရွိဖို႔၊ နားလည္မႈေတြ၊ ဂ႐ုစိုက္မႈေတြလို႔ အဓိပၸါယ္ဖြင့္ေကာင္း ဖြင့္ႏိုင္ေပမယ့္

သူကေတာ့ အခ်စ္ဆိုတာ အခ်ိန္တိုင္း အတူတူရွိေနဖို႔၊ အၿမဲတမ္း ေပ်ာ္႐ႊင္ေနဖို႔၊ လြတ္လပ္မႈ စသျဖင့္ မတူညီတဲ့ အဓိပၸါယ္ေတြ ဖြင့္ဆိုတတ္ပါတယ္။

ဒါဟာ အသက္အ႐ြယ္ ကြာျခားမႈေၾကာင့္ ရင့္က်က္မႈေတြ နည္းေနေသးတဲ့သူနဲ႔ ရင့္က်က္မႈေတြ လုံေလာက္ေနတဲ့ သူရဲ႕ မတူညီမႈေတြပါ။ ဒါေပမယ့္ ဒါဟာ အခ်စ္တစ္ခုကို တားဆီးႏိုင္စြမ္း မရွိပါဘူးေနာ္။

(၄) သံသယေတြနဲ႔ အျမင္ေတြ

တစ္ခါတစ္ေလမွာ အသက္ငယ္တဲ့ သူကို ခ်စ္မိတဲ့အတြက္ ကိုယ့္ကိုယ္ကို ေ႐ြးခ်ယ္မႈ မွန္ကန္ရဲ႕လား၊ ဒီအခ်စ္က ေသခ်ာရဲ႕လားဆိုၿပီး ေမးခြန္းေတြ ေမးလာႏိုင္ပါတယ္။

အခန႔္မသင့္လို႔ စကားမ်ား ရန္ျဖစ္တဲ့ အခ်ိန္တိုင္း၊ မေခၚမေျပာျဖစ္တဲ့ အခ်ိန္ေတြမွာ ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈေတြကို ျပန္လည္သံသယေတြ ဝင္ေကာင္းဝင္ႏိုင္ပါတယ္။

ဒါေပမယ့္ တကယ္တမ္းမွာေတာ့ အခ်စ္က ခ်စ္ေနဖို႔ပဲ လိုတာျဖစ္ၿပီး အသက္အ႐ြယ္ဆိုတာကေတာ့ သတ္မွတ္ခ်က္ တစ္ခုပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ထက္ အသက္ငယ္တဲ့ သူနဲ႔ မတြဲခင္မွာ ဒါေလးေတြေတာ့ နားလည္ထားဖို႔ လိုအပ္ပါတယ္။

Khin