ဒီလိုအချက်မျိုးတွေရှိတဲ့ ချစ်သူကောင်လေးကို သင်ပိုင်ဆိုင်ထားရင် လက်မလွှတ်မိပါစေနဲ့
ဘဝခရီးလမ်းဟာ တိုတောင်းပါတယ်။ ဒီလို တိုတောင်းတဲ့ဘဝမှာ အမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်ဘက် ရွေးချယ်မှုအတတ်ပညာဟာ မရှိမဖြစ်လိုအပ်ပါတယ်။
ဟုတ်ပါတယ်။ အမျိုးသမီး တစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ယုံမှတ်လို့ ပုံအပ်ပြီးကာမှ
လုံးလုံးလျှားလျှား မကောင်းတဲ့ ယောက်ျားနဲ့ တွေ့မိပြီး သုံးစားမရတဲ့ ဘဝမျိုး ရောက်သွားတာတွေက ရှိနေတော့ အမျိုးသမီးတွေ အနေနဲ့ ဆင်ခြင်ရပါတယ်။
အောက်ပါ အချက်တွေနဲ့ ကိုက်ညီတဲ့ ရည်းစား ကောင်လေးကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်လုံးဝတ်လက်မလွှတ်သင့်ပါဘူး။
(၁) သင်ရဲ့ဖြစ်တည်မှုကို သူလေးစားတယ်။
လူတစ်ယောက်ကို တစ်ကယ်ချစ်ပြီဆိုရင် အဲဒီလူရဲ့ ပြစ်ချက်မှန်သမျှကို ကြံဖန် ခွင့်လွှတ်ကြရတာ ဓမ္မတာပါဘဲ။
သင့်စကားများတတ်တာကိုလည်း သူက အပြစ်မြင်မှာ မဟုတ်ပါဘူး။ သင်က ဒေါသ ကြီးရင်လည်း သူကခွင့်လွှတ်နေအုံးမှာပါပဲ။
သင့်ကို သင်မဟုတ်တဲ့ သူတစ်ယောက်အဖြစ် သူက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
(၂) ကတိတည်တယ်။
လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကတိပါဘဲ။ ကတိမတည်သူတွေဟာ တန်ဖိုးအလိုလို ကျသွားတတ် ပါတယ်။
ဒီတော့ သင့်ကို တကယ်ချစ်တယ်ဆိုရင် သူပေးတဲ့ ကတိတွေကို သူ ဖြတ်မှာမဟုတ်သလို မတည်,တည်အောင် ကြိုးစားမှာပါ။
(၃) သင့်အတွက် အမြဲတမ်းရပ်တည်ပေးတယ်။
သင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူကိုယ်တိုင်က သဘောမကျသည်ထားဦး ကျရှုံးသည်ဖြစ်စေ၊ အောင် မြင်သည်ဖြစ်စေ သူဘက်က အပြည့်အ၀ ဝန်းရံရပ်တည်ပါလိ့မ်မယ်။
သင့်ရဲ မျက်ရည်တွေကို သူ သုတ် ပေးမယ်။ သင့်ရဲ့ ရယ်မောခြင်းတွေကို သူ သယ်ဆောင်ပေးမယ်၊ သင့်ရဲ့ အပြုံးတွေကို သူ ရေလောင်း ပေါင်းသင်ပေးမယ်၊
ဘာဖြစ်ဖြစ် သူဟာ သင့်အတွက်တော့ တိုက်ပွဲဝင် စစ်သည်ကောင်း တစ်ယောက်ပါ။
(၄) သင့်ကို ဦးစားပေးတယ်။
အစားအသောက် စားသည်ပဲဖြစ်ဖြစ်၊ ဘက်စ်ကားစီးသည်ပဲဖြစ်ဖြစ်၊ အငြင်းအခုန်ဖြစ်ကြရင်ပဲဖြစ်ဖြစ် သူက သင့်အတွက်တော့ Ever Lady First ပါဘဲ။
ဒါက ကြင်နာတတ်တဲ့ ယောက်ျားတွေမှာသာရှိတဲ့ အရည်အချင်းမျိုးပေါ့။
(၅) မနာလိုဝန်တိုတာ စိတ်မချတာတွေ ရှိမှာမဟုတ်ပါဘူး။
မနာလိုဝန်တိုခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ယောက်ျားလေးတွေမှာ ရှိနေတာဟာ တကယ်တော့ ရယ်စရာတစ်ခုပါဘဲ။ သဘောထားပြည့်ဝတဲ့ ယောက်ျားဆိုရင် အဲဒီ မနာလိုဝန်တိုတာတွေ ရှိမှာမဟုတ်ပါဘူး။
သင့်ကို အပြည့်အဝ ယုံကြည်မှာပါ။ အဲ့ဒိယုံကြည်မှုတွေကိုသာ အလွဲသုံးစားမလုပ်မိပါစေနဲ့။
(၆)သင့်မိဘတွေကို သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေတတ်တယ်။
မိန်းမတစ်ယောက်ကို အတည်ကြံခြင်း မကြံခြင်းမှာ ဒီနေရာက သက်သေပြသွားပါတယ်။
တစ်ချို့ ယောက်ျားများကတော့ ကိုယ်လက်တွဲနေတဲ့သူရဲ့ မိဘတွေကို ရှောင်နိုင်သမျှ ရှောင်ကြပါတယ်။
ယူဖို့အခြေအနေ မလွယ်ကူသေးသည့်တိုင် ရဲရင့်ပြီး တာဝန်ယူချင်တဲ့ ယောက်ျားသားများကတော့ မိန်းကလေးရဲ့မိဘတွေနဲ့ တွေ့ဖို့ကို သူတို့ဘာသာ မတိုက်တွန်းရပါဘဲ ဆုံးဖြတ်ကြပါတယ်။
ပြီးရင် သူမရဲ့ မိဘတွေနဲ့ အဆင်ပြေအောင် နေဖို့ ကြိုးစားပါတယ်။
(၇) သူက သင့်ရဲ့သူရဲကောင်း
ဘယ်လို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရပါစေ၊ နောက်မတွန့်သွားတဲ့သူ၊ ဘယ်လို အခက်အခဲမျိုးနဲ့ ရင်ဆိုင် ရပါစေ အရှုံးမပေးတဲ့သူ၊ တကယ်ချစ်ရင် သင့်ဘဝကို အစစ မားမားမတ်မတ် ကာကွယ်ပေးပါ့လိမ့်မယ်။
(၈) သူက သင့်ဘဝကိုမျက်ရည်တွေနဲ့ ကင်းဝေစေသူ
ကိုယ်ချစ်တဲ့သူ မျက်ရည်ကျတာကို ဘယ်သူက မြင်ချင်ကြမှာလဲ။ ဒါကို တစ်ချို့က မငိုငိုအောင် စကြတာမျိုးတွေ ရှိပါတယ်။
အပျော်သဘောမျိုးစတာ နောက်တာတောင် တကယ်ချစ်တဲ့သူက လုပ်မှာမ ဟုတ်ပါဘူး။ ဒါကို တယူသန်တယ်လို့ မထင်ပါနဲ့။
သင့်ကို သူက မျက်ရည်တွေနဲ့ သောကမှ ကင်းဝေး စေတယ်ဆိုရင် သူဘယ်တော့မှ သင့်ကိုမျက်ရည်ကျအောင် လုပ်မှာ မဟုတ်ပါဘူး။
သင်ငိုတာလေးကို ချစ်လို့ ဆိုပြီးလည်း စမှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ပျော်ရွှင်မှုထက် သင့်ရဲ့ပျော်ရွှင်မှုကို ဦးစားပေးလို့ပါ။
(၉) သူက သူ့အမေကိုလည်း လေးစားတယ်။
စိတ်ပညာသဘောတရားအရတော့ သားယောက်ျားလေးများဟာ အမေဖြစ်သူကို လေးစားတယ်၊ ချစ် ခင်တယ်၊ မြတ်နိုးယုယတယ်ဆိုရင်
သေချာပေါက် အဲဒီယောက်ျားလေးနဲ့ အကြောင်းပါတဲ့ အမျိုးသမီးဟာ ထပ်တူ ကံကောင်းတယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒါပေမယ့် ချွင်းချက်တွေတော့ ရှိကောင်း ရှိပါလိမ့်မယ်။ သို့သော် လက်တွေ့သဘောတရားအရတော့ ကိုယ့်အမေကိုတောင်မှ မလေးစားတဲ့သူ ဟာ ဘယ်လို မိန်းမမျိုးကို လေးစားနိုင်မလဲဆိုတာ ရှင်းပါတယ်။
(၁၀) သူက သင့်အပေါ်ရိုးသားတယ်။
သင့်ကိုညာဖို့ ဘယ်တော့မှ သူကြိုးစားမှာ မဟုတ်ပါဘူး။ သူ့ရဲ့အကြောင်းတွေကို သင့်ကို အကုန်ပြောပြ ပါလိမ့်မယ်။ သူဘယ်နေရာသွားသွား သူသွားတဲ့နေရာကို အမှန်အတိုင်းပြောပြပါလိမ့်မယ်။
လောကကြီးမှာ လူတိုင်းတော့ မပြည့်စုံနိုင်ပါဘူး။ ပြည့်စုံတဲ့သူကို ရှာရင်လည်း သင်တစ်သက်လုံးအပျို ကြီးဖြစ်သွားပါလိမ့်မယ်။
အထက်ပါအချက်(၁၀)ချက်နဲ့ ပြည့်စုံတယ်ဆိုရင်တောင် သူဟာ သင့်ဘဝ အတွက် လက်တွဲဖော် အဖြစ် ထိုက်တန်ပါတယ်။
ဒီလိုအခ်က္မ်ိဳးေတြရွိတဲ့ ခ်စ္သူေကာင္ေလးကို သင္ပိုင္ဆိုင္ထားရင္ လက္မလႊတ္မိပါေစနဲ႔
ဘဝခရီးလမ္းဟာ တိုေတာင္းပါတယ္။ ဒီလို တိုေတာင္းတဲ့ဘဝမွာ အမ်ိဳးသမီးတစ္ေယာက္အတြက္ အိမ္ေထာင္ဘက္ ေ႐ြးခ်ယ္မႈအတတ္ပညာဟာ မရွိမျဖစ္လိုအပ္ပါတယ္။
ဟုတ္ပါတယ္။ အမ်ိဳးသမီး တစ္ေယာက္က ေယာက္်ားေလးတစ္ေယာက္ကို ယုံမွတ္လို႔ ပုံအပ္ၿပီးကာမွ
လုံးလုံးလွ်ားလွ်ား မေကာင္းတဲ့ ေယာက္်ားနဲ႔ ေတြ႕မိၿပီး သုံးစားမရတဲ့ ဘဝမ်ိဳး ေရာက္သြားတာေတြက ရွိေနေတာ့ အမ်ိဳးသမီးေတြ အေနနဲ႔ ဆင္ျခင္ရပါတယ္။
ေအာက္ပါ အခ်က္ေတြနဲ႔ ကိုက္ညီတဲ့ ရည္းစား ေကာင္ေလးကိုပိုင္ဆိုင္ထားတယ္ဆိုရင္ေတာ့ သင္လုံးဝတ္လက္မလႊတ္သင့္ပါဘူး။
(၁) သင္ရဲ႕ျဖစ္တည္မႈကို သူေလးစားတယ္။
လူတစ္ေယာက္ကို တစ္ကယ္ခ်စ္ၿပီဆိုရင္ အဲဒီလူရဲ႕ ျပစ္ခ်က္မွန္သမွ်ကို ႀကံဖန္ ခြင့္လႊတ္ၾကရတာ ဓမၼတာပါဘဲ။
သင့္စကားမ်ားတတ္တာကိုလည္း သူက အျပစ္ျမင္မွာ မဟုတ္ပါဘူး။ သင္က ေဒါသ ႀကီးရင္လည္း သူကခြင့္လႊတ္ေနအုံးမွာပါပဲ။
သင့္ကို သင္မဟုတ္တဲ့ သူတစ္ေယာက္အျဖစ္ သူက ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။
(၂) ကတိတည္တယ္။
လူတစ္ေယာက္ရဲ႕တန္ဖိုးဟာ ကတိပါဘဲ။ ကတိမတည္သူေတြဟာ တန္ဖိုးအလိုလို က်သြားတတ္ ပါတယ္။
ဒီေတာ့ သင့္ကို တကယ္ခ်စ္တယ္ဆိုရင္ သူေပးတဲ့ ကတိေတြကို သူ ျဖတ္မွာမဟုတ္သလို မတည္,တည္ေအာင္ ႀကိဳးစားမွာပါ။
(၃) သင့္အတြက္ အၿမဲတမ္းရပ္တည္ေပးတယ္။
သင့္ရဲ႕ ဆုံးျဖတ္ခ်က္တစ္ခုကို သူကိုယ္တိုင္က သေဘာမက်သည္ထားဦး က်ရႈံးသည္ျဖစ္ေစ၊ ေအာင္ ျမင္သည္ျဖစ္ေစ သူဘက္က အျပည့္အ၀ ဝန္းရံရပ္တည္ပါလိ့မ္မယ္။
သင့္ရဲ မ်က္ရည္ေတြကို သူ သုတ္ ေပးမယ္။ သင့္ရဲ႕ ရယ္ေမာျခင္းေတြကို သူ သယ္ေဆာင္ေပးမယ္၊ သင့္ရဲ႕ အၿပဳံးေတြကို သူ ေရေလာင္း ေပါင္းသင္ေပးမယ္၊
ဘာျဖစ္ျဖစ္ သူဟာ သင့္အတြက္ေတာ့ တိုက္ပြဲဝင္ စစ္သည္ေကာင္း တစ္ေယာက္ပါ။
(၄) သင့္ကို ဦးစားေပးတယ္။
အစားအေသာက္ စားသည္ပဲျဖစ္ျဖစ္၊ ဘက္စ္ကားစီးသည္ပဲျဖစ္ျဖစ္၊ အျငင္းအခုန္ျဖစ္ၾကရင္ပဲျဖစ္ျဖစ္ သူက သင့္အတြက္ေတာ့ Ever Lady First ပါဘဲ။
ဒါက ၾကင္နာတတ္တဲ့ ေယာက္်ားေတြမွာသာရွိတဲ့ အရည္အခ်င္းမ်ိဳးေပါ့။
(၅) မနာလိုဝန္တိုတာ စိတ္မခ်တာေတြ ရွိမွာမဟုတ္ပါဘူး။
မနာလိုဝန္တိုျခင္းဆိုတဲ့ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ ေယာက္်ားေလးေတြမွာ ရွိေနတာဟာ တကယ္ေတာ့ ရယ္စရာတစ္ခုပါဘဲ။ သေဘာထားျပည့္ဝတဲ့ ေယာက္်ားဆိုရင္ အဲဒီ မနာလိုဝန္တိုတာေတြ ရွိမွာမဟုတ္ပါဘူး။
သင့္ကို အျပည့္အဝ ယုံၾကည္မွာပါ။ အဲ့ဒိယုံၾကည္မႈေတြကိုသာ အလြဲသုံးစားမလုပ္မိပါေစနဲ႔။
(၆)သင့္မိဘေတြကို သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပေအာင္ေနတတ္တယ္။
မိန္းမတစ္ေယာက္ကို အတည္ႀကံျခင္း မႀကံျခင္းမွာ ဒီေနရာက သက္ေသျပသြားပါတယ္။
တစ္ခ်ိဳ႕ ေယာက္်ားမ်ားကေတာ့ ကိုယ္လက္တြဲေနတဲ့သူရဲ႕ မိဘေတြကို ေရွာင္ႏိုင္သမွ် ေရွာင္ၾကပါတယ္။
ယူဖို႔အေျခအေန မလြယ္ကူေသးသည့္တိုင္ ရဲရင့္ၿပီး တာဝန္ယူခ်င္တဲ့ ေယာက္်ားသားမ်ားကေတာ့ မိန္းကေလးရဲ႕မိဘေတြနဲ႔ ေတြ႕ဖို႔ကို သူတို႔ဘာသာ မတိုက္တြန္းရပါဘဲ ဆုံးျဖတ္ၾကပါတယ္။
ၿပီးရင္ သူမရဲ႕ မိဘေတြနဲ႔ အဆင္ေျပေအာင္ ေနဖို႔ ႀကိဳးစားပါတယ္။
(၇) သူက သင့္ရဲ႕သူရဲေကာင္း
ဘယ္လို အႏၲရာယ္မ်ိဳးနဲ႔ ရင္ဆိုင္ရပါေစ၊ ေနာက္မတြန္႔သြားတဲ့သူ၊ ဘယ္လို အခက္အခဲမ်ိဳးနဲ႔ ရင္ဆိုင္ ရပါေစ အရႈံးမေပးတဲ့သူ၊ တကယ္ခ်စ္ရင္ သင့္ဘဝကို အစစ မားမားမတ္မတ္ ကာကြယ္ေပးပါ့လိမ့္မယ္။
(၈) သူက သင့္ဘဝကိုမ်က္ရည္ေတြနဲ႔ ကင္းေဝေစသူ
ကိုယ္ခ်စ္တဲ့သူ မ်က္ရည္က်တာကို ဘယ္သူက ျမင္ခ်င္ၾကမွာလဲ။ ဒါကို တစ္ခ်ိဳ႕က မငိုငိုေအာင္ စၾကတာမ်ိဳးေတြ ရွိပါတယ္။
အေပ်ာ္သေဘာမ်ိဳးစတာ ေနာက္တာေတာင္ တကယ္ခ်စ္တဲ့သူက လုပ္မွာမ ဟုတ္ပါဘူး။ ဒါကို တယူသန္တယ္လို႔ မထင္ပါနဲ႔။
သင့္ကို သူက မ်က္ရည္ေတြနဲ႔ ေသာကမွ ကင္းေဝး ေစတယ္ဆိုရင္ သူဘယ္ေတာ့မွ သင့္ကိုမ်က္ရည္က်ေအာင္ လုပ္မွာ မဟုတ္ပါဘူး။
သင္ငိုတာေလးကို ခ်စ္လို႔ ဆိုၿပီးလည္း စမွာ မဟုတ္ပါဘူး။ ဘာလို႔လည္း ဆိုေတာ့ သူ႔ရဲ႕ေပ်ာ္႐ႊင္မႈထက္ သင့္ရဲ႕ေပ်ာ္႐ႊင္မႈကို ဦးစားေပးလို႔ပါ။
(၉) သူက သူ႔အေမကိုလည္း ေလးစားတယ္။
စိတ္ပညာသေဘာတရားအရေတာ့ သားေယာက္်ားေလးမ်ားဟာ အေမျဖစ္သူကို ေလးစားတယ္၊ ခ်စ္ ခင္တယ္၊ ျမတ္ႏိုးယုယတယ္ဆိုရင္
ေသခ်ာေပါက္ အဲဒီေယာက္်ားေလးနဲ႔ အေၾကာင္းပါတဲ့ အမ်ိဳးသမီးဟာ ထပ္တူ ကံေကာင္းတယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။
ဒါေပမယ့္ ခြၽင္းခ်က္ေတြေတာ့ ရွိေကာင္း ရွိပါလိမ့္မယ္။ သို႔ေသာ္ လက္ေတြ႕သေဘာတရားအရေတာ့ ကိုယ့္အေမကိုေတာင္မွ မေလးစားတဲ့သူ ဟာ ဘယ္လို မိန္းမမ်ိဳးကို ေလးစားႏိုင္မလဲဆိုတာ ရွင္းပါတယ္။
(၁၀) သူက သင့္အေပၚ႐ိုးသားတယ္။
သင့္ကိုညာဖို႔ ဘယ္ေတာ့မွ သူႀကိဳးစားမွာ မဟုတ္ပါဘူး။ သူ႔ရဲ႕အေၾကာင္းေတြကို သင့္ကို အကုန္ေျပာျပ ပါလိမ့္မယ္။ သူဘယ္ေနရာသြားသြား သူသြားတဲ့ေနရာကို အမွန္အတိုင္းေျပာျပပါလိမ့္မယ္။
ေလာကႀကီးမွာ လူတိုင္းေတာ့ မျပည့္စုံႏိုင္ပါဘူး။ ျပည့္စုံတဲ့သူကို ရွာရင္လည္း သင္တစ္သက္လုံးအပ်ိဳ ႀကီးျဖစ္သြားပါလိမ့္မယ္။
အထက္ပါအခ်က္(၁၀)ခ်က္နဲ႔ ျပည့္စုံတယ္ဆိုရင္ေတာင္ သူဟာ သင့္ဘဝ အတြက္ လက္တြဲေဖာ္ အျဖစ္ ထိုက္တန္ပါတယ္။