General Knowledge

မိန်းမကိုယ်ရောဂါဖြစ်ပွားအောင် လုပ်မိနေတဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်အမှားများ…

မိန်းမကိုယ်ရောဂါဖြစ်ပွားအောင် လုပ်မိနေတဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်အမှားများ…

မိန်းမကိုယ် တစ်ကိုယ်ရည်သန့်ရှင်းရေးက အမျိုးသမီးကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။

ဒီလိုသန့်ရှင်းရေးပြုလုပ်ကြတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမှာကိုရှက်ကြတဲ့ အတွက် နေ့စဉ်မှားယွင်းစွာပဲ လုပ်မိနေကြပါတယ်။

ဒါကြောင့် မိန်းမကိုယ်သန့်ရှင်ရေးအတွက် အမျိုးသမီးအများစုလုပ်မိတတ်တဲ့ အမှားလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဆေးကြောပုံမှားယွင်းမှု

မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဆေးကြောပေးတဲ့အခါမှာ ဆပ်ပြာနဲ့ တစ်နေ့ကိုနှစ်ကြိမ်ဆေးကြောပေးရင်လုံလောက်ပါတယ်။

ဆေးကြောတဲ့အခါ အရှေ့မှ အနောက်ကို ရိုးရိုးရေနဲ့ပဲဆေးကြောပြီး ညင်သာစွာသုတ်ပေးပါ။ မိမိရဲ့ပါတနာနဲ့အတူနေပြီးတဲ့အခါတွေမှာလည်း ဒီပုံစံအတိုင်းပဲဆေးကြောသန့်စင်ပေးပါ။

မိန်းမကိုယ်အတွက် ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးတွေကို အပြင်ပိုင်းသန့်ရှင်းရေးအတွက်သာအသုံးပြုပေးပါ။

၂။ ကြပ်ထုပ်နေတဲ့ ဂျင်းများမကြာခဏဝတ်ဆင်ခြင်း

အရမ်းကြပ်တဲ့ အတွင်းခံတွေ၊ ဂျင်းတွေ ဝတ်ဆင်တဲ့အခါမှာ မိန်းမကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကိုပုံမမှန်ဖြစ်စေပြီး ဘတ်တီးရီးယား ဝင်ရောက်နိုင်ခြေပိုများလာပါတယ်။

ဒါ့ကြောင့် အတွင်းခံကြပ်ကြပ်တွေ၊ ဂျင်းအကြပ်တွေကို မကြာခဏဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။

၃။ အတွင်းခံရွေးချယ်မှုမှားယွင်းခြင်း

သဘာဝအထည်သား (ချည်သား) မဟုတ်တဲ့ အတွင်းခံတွေကို ရွေးချယ်ခြင်းက မိန်းမကိုယ် ပိုးဝင်နိုင်ခြေပိုများပါတယ်။

ချည်သားအတွင်းခံမဟုတ်တဲ့ အသားထူထူအတွင်းခံတွေမှာ အစိုဓာတ်ကိုထိန်းသိန်းပေးတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တာကြောင့် ဘက်တီးရီးယားပေါက်ဖွားမှုပိုမိုလွယ်ကူစေပါတယ်။

၄။ သန့်ရှင်းရေးအလွန်အကျွံလုပ်မိခြင်း

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာသဘာဝအတိုင်း သန့်ရှင်းရေးပြုလုပ်ပေးတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။ ဒါတွေက ပိုးမွှားဝင်ရောက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမျိုသမီးကိုယ်ရဲ့ pH Level ကိုအလိုအလျောက်ထိန်းညှိပေးတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

ဒါ့ကြောင့် မကြာခဏဆေးကြောနေခြင်း၊ သန့်ရှင်းရေးပစ္စည်းတွေအများအပြားအသုံးပြုနေခြင်းက ဒီသဘာဝစနစ်ကိုပျက်စီးစေတာကြောင့် သတိပြုသင့်ပါတယ် ။

၅.။ ရေကူးဝတ်စုံကို ကြာရှည်စွာဝတ်ဆင်မိခြင်း

စိုစွတ်နေတဲ့ ရေကူးဝတ်စုံတွေကို အချိန်အကြာကြီးဝတ်ဆင်နေခြင်းက သင့်ရဲ့ မိန်းမကိုယ်မှာ ပိုးမွှားများ ဝင်ရောက်ခြင်းကိုအားပေးသလိုဖြစ်နေတတ်ပါတယ်။

ဘက်တီးရီးယားတွေက စိုစွတ်တဲ့နေရာတွေမှာ ပေါက်ဖွားနှုန်းမြန်ဆန်တာကြောင့် ရေကူးပြီးတာနဲ့ ခြောက်သွေ့တဲ့ အဝတ်အထည်တွေကိုလဲလှယ်ပေးသင့်ပါတယ်

ကေခိုင်

မိန္းမကိုယ္ေရာဂါျဖစ္ပြားေအာင္ လုပ္မိေနတဲ့ အမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္အမွားမ်ား…

မိန္းမကိုယ္ တစ္ကိုယ္ရည္သန႔္ရွင္းေရးက အမ်ိဳးသမီးက်န္းမာေရးအတြက္ အရမ္းကိုအေရးႀကီးပါတယ္။

ဒီလိုသန႔္ရွင္းေရးျပဳလုပ္ၾကတာကို ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးရမွာကိုရွက္ၾကတဲ့ အတြက္ ေန႔စဥ္မွားယြင္းစြာပဲ လုပ္မိေနၾကပါတယ္။

ဒါေၾကာင့္ မိန္းမကိုယ္သန႔္ရွင္ေရးအတြက္ အမ်ိဳးသမီးအမ်ားစုလုပ္မိတတ္တဲ့ အမွားေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ေဆးေၾကာပုံမွားယြင္းမႈ

မိန္းမကိုယ္သန႔္ရွင္းေရးအတြက္ ေဆးေၾကာေပးတဲ့အခါမွာ ဆပ္ျပာနဲ႔ တစ္ေန႔ကိုႏွစ္ႀကိမ္ေဆးေၾကာေပးရင္လုံေလာက္ပါတယ္။

ေဆးေၾကာတဲ့အခါ အေရွ႕မွ အေနာက္ကို ႐ိုး႐ိုးေရနဲ႔ပဲေဆးေၾကာၿပီး ညင္သာစြာသုတ္ေပးပါ။ မိမိရဲ႕ပါတနာနဲ႔အတူေနၿပီးတဲ့အခါေတြမွာလည္း ဒီပုံစံအတိုင္းပဲေဆးေၾကာသန႔္စင္ေပးပါ။

မိန္းမကိုယ္အတြက္ ထုတ္လုပ္ထားတဲ့ သန႔္စင္ေဆးေတြကို အျပင္ပိုင္းသန႔္ရွင္းေရးအတြက္သာအသုံးျပဳေပးပါ။

၂။ ၾကပ္ထုပ္ေနတဲ့ ဂ်င္းမ်ားမၾကာခဏဝတ္ဆင္ျခင္း

အရမ္းၾကပ္တဲ့ အတြင္းခံေတြ၊ ဂ်င္းေတြ ဝတ္ဆင္တဲ့အခါမွာ မိန္းမကိုယ္ရဲ႕ ႂကြက္သားတည္ေဆာက္မႈကိုပုံမမွန္ျဖစ္ေစၿပီး ဘတ္တီးရီးယား ဝင္ေရာက္ႏိုင္ေျခပိုမ်ားလာပါတယ္။

ဒါ့ေၾကာင့္ အတြင္းခံၾကပ္ၾကပ္ေတြ၊ ဂ်င္းအၾကပ္ေတြကို မၾကာခဏဝတ္ဆင္ျခင္းမွေရွာင္ၾကဥ္ပါ။

၃။ အတြင္းခံေ႐ြးခ်ယ္မႈမွားယြင္းျခင္း

သဘာဝအထည္သား (ခ်ည္သား) မဟုတ္တဲ့ အတြင္းခံေတြကို ေ႐ြးခ်ယ္ျခင္းက မိန္းမကိုယ္ ပိုးဝင္ႏိုင္ေျခပိုမ်ားပါတယ္။

ခ်ည္သားအတြင္းခံမဟုတ္တဲ့ အသားထူထူအတြင္းခံေတြမွာ အစိုဓာတ္ကိုထိန္းသိန္းေပးတဲ့ ပါဝင္ပစၥည္းေတြပါဝင္တာေၾကာင့္ ဘက္တီးရီးယားေပါက္ဖြားမႈပိုမိုလြယ္ကူေစပါတယ္။

၄။ သန႔္ရွင္းေရးအလြန္အကြၽံလုပ္မိျခင္း

အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၶာမွာသဘာဝအတိုင္း သန႔္ရွင္းေရးျပဳလုပ္ေပးတဲ့ အစိတ္အပိုင္းေတြပါဝင္ပါတယ္။ ဒါေတြက ပိုးမႊားဝင္ေရာက္မႈေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

အမ်ိဳသမီးကိုယ္ရဲ႕ pH Level ကိုအလိုအေလ်ာက္ထိန္းညႇိေပးတဲ့ စနစ္ေတြလည္းပါဝင္ပါတယ္။

ဒါ့ေၾကာင့္ မၾကာခဏေဆးေၾကာေနျခင္း၊ သန႔္ရွင္းေရးပစၥည္းေတြအမ်ားအျပားအသုံးျပဳေနျခင္းက ဒီသဘာဝစနစ္ကိုပ်က္စီးေစတာေၾကာင့္ သတိျပဳသင့္ပါတယ္ ။

၅.။ ေရကူးဝတ္စုံကို ၾကာရွည္စြာဝတ္ဆင္မိျခင္း

စိုစြတ္ေနတဲ့ ေရကူးဝတ္စုံေတြကို အခ်ိန္အၾကာႀကီးဝတ္ဆင္ေနျခင္းက သင့္ရဲ႕ မိန္းမကိုယ္မွာ ပိုးမႊားမ်ား ဝင္ေရာက္ျခင္းကိုအားေပးသလိုျဖစ္ေနတတ္ပါတယ္။

ဘက္တီးရီးယားေတြက စိုစြတ္တဲ့ေနရာေတြမွာ ေပါက္ဖြားႏႈန္းျမန္ဆန္တာေၾကာင့္ ေရကူးၿပီးတာနဲ႔ ေျခာက္ေသြ႕တဲ့ အဝတ္အထည္ေတြကိုလဲလွယ္ေပးသင့္ပါတယ္

ေကခိုင္