မီတာခ သုံးတာထက်ပိုမကျဖို့ရာ အသုံးပြုပြီးတိုင်း ပလပ်ဖြုတ်ထားသင့်သော လျှပ်စစ်ပစ္စည်းများ
မသုံးစွဲပဲ ပိတ်ထားပေမယ့် လည်း လျှပ်စစ်အားသုံး ကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြ ချင်ပါတယ်။
၁။ ဖုန်း Charger
လူတွေတော်တော် များများက ဖုန်းအားသွင်း တဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင် တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။
အဲ့လိုထားရင် ဖုန်းအား မသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအား သွင်းပြီးရင် charger ပါဖြုတ်ထား ပါ။
၂။ TV Tuner
တီဗီရဲ့ Channel လိုင်းလေး တွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေ ကို တီဗီပဲ ပိတ်ပြီး Tuner ကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေ ပါလိမ့်မယ်။
တော်တော်များများက တီဗီပိတ်ရုံ နဲ့ပဲ လုံလောက်ပြီ လို့ ထင်နေကြတတ် ပါတယ်။
၃။ တီဗီ (TV)
တီဗီကို ခလုတ် လုံးဝ ပိတ်လိုက်တာ မဟုတ်ပဲ Standby Mode ပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 W လောက် ကုန်နေ ပါလိမ့်မယ်။
၄။ ကွန်ပျုတာ
ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲ ပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေ ပါလိမ့်မယ်။
အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကို မဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက် ကုန်ပါ လိမ့်မယ်။
၅။ Timer ပါတဲ့ အိမ်သုံးစက် ပစ္စည်း
Timer ပါတဲ့ အိမ်သုံးစက် ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုး မဖြုတ်ထား ပါက တစ်နေ့ကို 108 W လောက်ကုန် နေပါ လိမ့်မယ်။
တတ်နိုင်ရင် ကိုယ်မသုံးသေးဘူး ဆိုရင် လျှပ်စစ်ပစ္စည်းတွေ ရဲ့ ပလပ်ကြိုးတွေ ကိုဖြုတ်ထား ပါ။
ခလုတ် ပိတ်ထားရင် တောင်မှ သူတို့က လျှပ်စစ် ပါဝါကို ဆွဲနေတတ် ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင် လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ် ထားဖို့ လိုပါတယ်။
သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီ ဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပ စ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊
လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့် ပိုက်ဆံ သောင်းဂဏန်း သိန်း ဂဏန်း လောက်က အလဟဿ. ဖြစ်နေမှာ ဖြစ်ပါတယ်။