သင့်ရဲ့ မွေးလအလိုက် သင်က ဘယ်လိုမိန်းကလေးမျိုးလဲ
သင်မွေးတဲ့လပေါ် မူတည်ပြီး သင်က ဘယ်လိုမိန်းကလေးမျိုးဖြစ်မလဲ မသိချင်ကြဘူးလား။
ဒါဆိုရင်တော့ သင့်မွေးလကို ရှာဖွေပြီး ဖတ်ကြည့်လိုက်ပါစို့နော်။
၁။ January
January ဖွားမိန်းကလေးတွေက စလုပ်တဲ့အလုပ်ကို ပြီးတဲ့အထိလုပ်တတ်ကြပါတယ်။ အစီအစဉ်တကျ လုပ်ဆောင်တတ်ပါတယ်။
ဒီလမွေးဖွားသူတွေရဲ့ အားနည်းချက်က ကိုယ်ခံစားရတာကို ထုတ်ဖော်မပြောတတ်တာပါ။
၂။ February
February လမွေးဖွားတဲ့မိန်းကလေးတွေက ရည်မှန်းချက်ကြီးကြပါတယ်။ အရှက်ကြီးသူတွေဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။
၃။ March
March လ Born တွေက စိတ်ထိခိုက်လွယ်ကြပါတယ်။ အခြားလူတွေကို ကူညီတတ်ပါတယ်။
ရိုးသားကာ ဆွဲဆောင်မှုရှိပြီး လူအများ အားကျခံရသူတွေပါ။ သူတို့ရဲ့ အားနည်းချက်က အစီအစဉ်တကျ မလုပ်တတ်တာပါ။
၄။ April
April လမွေးဖွားတဲ့မိန်းကလေးတွေက ကိုယ်ချစ်ရသူတွေကို ဂရုစိုက်တတ်ပါတယ်။
အလုပ်လုပ်တဲ့အခါ စိတ်နှစ်ပြီး လုပ်တတ်တာကြောင့် တစ်ခုခုမှားယွင်းခဲ့ရင်လည်း ပိုပြီး စိတ်ထိခိုက်တတ်ကြပါတယ်။
၅။ May
May လမွေးဖွားသူတွေရဲ့ ဝါသနာက ခရီးသွားတာပါ။ သူငယ်ချင်းပေါများသူတွေဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိကြပါတယ်။
၆။ June
June လမွေးဖွားတဲ့ မိန်းကလေးတွေက အမူအရာယဉ်ကျေးသိမ်မွေ့ကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဝန်ခံရဲတဲ့ သတ္တိရှိကြပါတယ်။
၇။ July
July လ Born တွေက အခြားလူတွေရဲ့ ခံစားချက်ကို ဝင်ခံစားပေးတတ်ပါတယ်။ သူငယ်ချင်းအုပ်စုထဲမှာလည်း အမြဲ ထင်းနေသူတွေဖြစ်ပါတယ်။
မိခင်မေတ္တာအပြည့်ရှိသူတွေဖြစ်ပါတယ်။ အသစ်အသစ်တွေသင်ယူရာမှာ ထူးချွန်သူတွေပါ။ စိတ်ဆိုးလွယ်သူတွေပါ။
၈။ August
August လ မွေးဖွားသူတွေက ခေါင်းဆောင်ကောင်းပီသသူတွေဖြစ်ပါတယ်။ အကြောက်အရွံ့ နည်းကြပြီး ကိုယ်လိုချင်တဲ့အရာအတွက် သတ္တိရှိရှိ ကြိုးစားတတ်သူတွေဖြစ်ပါတယ်။
၉။ September
September မွေးဖွားတဲ့ မိန်းကလေးတွေက အစီအစဉ်တကျ အလုပ်လုပ်တတ်ပြီး ခေါင်းမာတတ်သူတွေဖြစ်ပါတယ်။
အသစ်အသစ်တွေကို ပြုလုပ်တတ်ပြီး အခြားသူတွေရဲ့ အမှားကို ထောက်ပြဖို့လည်း ဝန်မလေးသူတွေပါ။
၁၀။ October
October လ မွေးဖွားသူလေးတွေက ဟာသဉာဏ်ရွှင်သူတွေဖြစ်ပါတယ်။ စိတ်ဓာတ်ကျရင်လည်း ခဏလေးပဲ ကျတတ်ပြီး စိတ်ပြန်မြှင့်တင်ရာမှာ မြန်ဆန်သူတွေဖြစ်ပါတယ်။
၁၁။ November
လမွေးဖွားသူတွေက လျို့ဝှက်တတ်ကြပြီး စိတ်ဝင်စားဖို့ကောင်းသူတွေပါ။ စိတ်ကူးယဉ်ဆန်သူတွေလည်းဖြစ်ပါတယ်။
၁၂။ December
December လ မွေးဖွားသူ မိန်းကလေးတွေက အမြဲတက်တက်ကြွကြွနေကြပါတယ်။ စိတ်မရှည်ကြသူတွေဖြစ်ပါတယ်။