General Knowledge

သင့်ဖုန်းကို အသစ်အတိုင်း မြန်ဆန်လာစေမယ့် နည်းလမ်း (၈) ခု

ဖုန်းတွေက သုံးပါများလာရင် လေးပြီးတော့ သုံးရတာ မကောင်းတော့ပါဘူး။ အနည်းဆုံးတော့ တစ်ပတ်ကိုတစ်ကြိမ်လောက် ဖုန်းကိုရှင်းသင့်ပါတယ်။

တကယ်လို့ သင့်ဖုန်းက မမ်မိုရီနည်းတယ်ဆိုရင်တော့ ဆော့လ်ဝဲတွေကို upgrade လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ upgrade က အတင်မတော်ရင် ကောင်းတာထက် ဆိုးတာတွေပဲ ဖြစ်လာနိုင်ပါတယ်။

၁။ တစ်ပတ်ကို ၃ ကြိမ်လောက် Restart လုပ်ပါ။

Download တစ်ခါလုပ်တိုင်း RAM တွေမှာ သိမ်းဆည်းရတာတွေက များလာပါတယ်။ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်ကို ၃ ကြိမ်လောက် Restart လုပ်ခြင်းပါပဲ။

ဒီလိုလုပ်တာက သင့်ဖုန်းကို ပေါ့ပါးစေနိုင်တဲ့အပြင် မလိုအပ်တဲ့ အမှိုက်တွေကိုလည်း ရှင်းထုတ်ပြီးသား ဖြစ်သွားပါတယ်။

၂။ Wi-Fi နဲ့ပဲ အပ်ဒိတ်လုပ်ပါ။

ဖုန်းတစ်လုံးက အမြဲတမ်း အပ်ဒိတ်လုပ်သင့်ပါတယ်။ ဒါပေမယ့် လုပ်တဲ့အချိန် မိုဘိုင်းဒေတာနဲ့ မလုပ်တာ အကောင်းဆုံးပါပဲ။

သင့်ကို ဖုန်းဘေတွေ ပိုကုန်စေနိုင်တဲ့အပြင် သင့်ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နှောင့်နှေးစေနိုင်ပါတယ်။

ဒါကြောင့် အပ်ဒိတ်တင်မယ်လို့ စဉ်းစားထားရင် Wi-Fi နဲ့တင်တာက အကောင်းဆုံးပါပဲ။

100 MB ထက်ပိုတဲ့ အက်ပ်တွေကို အပ်ဒိတ်လုပ်မယ်ဆိုရင် မိုဘိုင်းဒေတာကို အသုံးမပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

မိုဘိုင်းဒေတာနဲ့ အပ်ဒိတ်မလုပ်သင့်တဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ သင့်ဖုန်းအားကို ပိုကုန်စေလို့ပဲ ဖြစ်ပါတယ်။

မိုဘိုင်းတာဝါတိုင်နဲ့ ဝေးနေတာပဲဖြစ်ဖြစ်၊ အိမ်မှာရှိတဲ့ နံရံတွေ၊ အကာတွေကဖြစ်ဖြစ် တားဆီးနေရင် လိုင်းဆွဲအားကို ပိုသုံးရပြီး သင့်ဖုန်းကို လိုတာထက် ပိုပြီးအားကုန်စေနိုင်ပါတယ်။

၃။ Always on display ကိုပိတ်ထားပါ။

Always on display ဆိုတာက သင့်ဖုန်းကို တကူးတက ဖွင့်စရာမလိုပဲ notification တွေကို အလွယ်တကူကြည့်နိုင်တဲ့ system မျိုးဖြစ်ပါတယ်။

ဒီလိုဖွင့်ထားတာက အပြင်မှာ လှနေပေမယ့် ကြာလာရင်တော့ ဖုန်းကိုထိခိုက်လာနိုင်ပါတယ်။ တကယ်လို့ သင်ကဒီလိုဖွင့်ထားပြီး အားသွင်းမယ်ဆိုရင်တောင် ပုံမှန်သွင်းချိန်ထက် ပိုကြာနိုင်ပါတယ်။

၄။ Chrome မှာ ဒေတာချွေတာမှုကို ဖွင့်ထားပါ။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတွေရဲ့ 90% ခန့်ဟာ Chrome ကို အသုံးများကြပါတယ်။ ဘာလို့လဲဆိုတော့ သုံးရတာလုံခြံမှုရှိပြီး ဒေတာကိုလည်း ချွေတာနိုင်တာကြောင့်ပါ။

ဝက်ဘ်ဆိုက်တွေဝင်ကြည့်ရင် ဒေတာ 30% ချွေတာနိုင်ပြီးတော့ ဗီဒီယိုတွေကို ဝင်ကြည့်ရင်လည်း 50%လောက် သက်သာစေပါတယ်။

ဖုန်းဘေကိုလည်း ချွေတာနိုင်တဲ့အပြင် လိုချင်တာကိုလည်း ခပ်မြန်မြန်နဲ့ ရှာဖွေလို့ရပါတယ်။ သင့်ဘက်က လုပ်စရာရှိတာဆိုလို့ Chromeထဲဝင်ပြီး data saver ဆိုတာကို ဖွင့်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

၅။ စက်ကို ရှင်းပေးပါ။

တချို့Android ဖုန်းတွေမှာ စက်ကို အလိုအလျောက် ရှင်းပေးတဲ့ စနစ်တွေ ပါဝင်ပါတယ်။ ဒီလိုစက်ရှင်းပေးတာက ဖုန်းကိုပေါ့ပါးစေတဲ့အပြင် မလိုအပ်တဲ့ အမှိုက်တွေကိုလည်း ပါသွားစေပါတယ်။

အလိုအလျောက်ရှင်းတဲ့စနစ် သုံးတာထက် ကိုယ်တိုင်ဝင်ရှင်းတာက ပိုထိရောက်ပါတယ်။ တစ်နေ့ကို ၃/၄ ခါလောက် ကိုယ်တိုင်ရှင်းတာကို ပိုထိရောက်ပါတယ်။

၆။ ဖိုင်ဆိုဒ်ကြီးတဲ့ အပလီကေးရှင်းတွေကို မသုံးပါနဲ့။

ဘယ်လောက်ကောင်းတဲ့ ဖုန်းပဲဖြစ်ဖြစ် ဖိုင်ဆိုဒ်ကြီးတာတွေ များလာရင် စက်လေးလာတတ်ပါတယ်။ ဖုန်းအသစ်တွေမှာတောင် ဖြစ်တတ်ပါတယ်။

ဒါကြောင့် အပလီကေးရှင်းတွေကို ထည့်သွင်းမယ်ဆိုရင် ဖိုင်ဆိုဒ်သေးတာတွေကိုပဲ ထည့်သင့်ပါတယ်။

ဖိုင်ဆိုဒ်ကြီးတာက သင့်ဖုန်းမမ်မိုရီကို ပြည့်စေနိုင်တဲ့အပြင် စက်ကိုလည်း တော်တော်လေးစေပါတယ်။

တကယ်လို့ သင့်ဖုန်းက RAM 1GB လောက်ပဲ ရှိတယ်ဆိုရင်တော့ ဖိုင်ဆိုဒ်ကြီးတာတွေ လုံးဝမထည့်သင့်တော့ပါဘူး။

၇။ update တင်တိုင်းလည်း မကောင်းပါဘူး။

တချို့update တွေကို မလိုအပ်ရင် မတင်တာက အကောင်းဆုံးပါပဲ။ ဒါက သင့်ဖုန်းကို အလွန်အကျွံ ခိုင်းသလိုဖြစ်ပြီးတော့ စက်ကိုလည်း နာစေပါတယ်။

update တင်ပြီးရင် စက်က မနိုင်တော့တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဟာလောက်ကိုပဲ တင်ပါ။

update မလုပ်လည်း သင့်ဖုန်းက ဆက်သုံးလို့ ရနိုင်သေးတယ်ဆို ဆက်သုံးပါ။ တင်ပြီးမှ သုံးမရဖြစ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၈။ သင့်ဖုန်းကို အပူဒဏ်နဲ့ မထိတွေ့အောင် ဂရုစိုက်ပါ။

ရာသီဥတု အရမ်းအေးနေတာပဲဖြစ်ဖြစ်၊ အရမ်းပူတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်အပူချိန်က သင့်ဖုန်းရဲ့ ဘတ်ထရီကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ပူပြင်းတဲ့နေ့တွေမှာ ဖုန်းတွေကို နေရောင်ခြည်နဲ့ မထိတွေ့မိဖို့ အကြံပြုလိုပါတယ်။ ပြီးတော့လည်း အရမ်းအေးနေတဲ့အချိန်မှာလည်း ဖုန်းကိုထုတ်မသုံးသင့်ပါဘူး။

ဖုန်းက ‌ပူတယ်ဆိုတာ သာမန်ဖြစ်ပေမယ့် အလွန်အမင်းပူလာပြီ ဆိုရင်တော့ သတိထားသင့်ပါတယ်။

တကယ်လို့ အရမ်းပူလာပြီဆိုရင် မသုံးပဲ ခဏလောက် ချထားလိုက်ပါ။ ပူနေတဲ့အချိန် အားလည်းမသွင်းသင့်ပါဘူး။ ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။