General Knowledge

တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေဘယ်လိုရှာရမလဲ လမ်းညွှန်ပေးမယ်

တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေဘယ်လိုရှာရမလဲ လမ်းညွှန်ပေးမယ်

လူတိုင်းက မိမိဘဝမှာ ပျော်ရွှင်မှုတွေကိုပဲ လိုလားကြတာသူတွေချည်းပါပဲ။

လက်တစ်ဖက်မှာ လက်ချောင်းလေးတွေ အတိုအရှည် မတူညီကြသလို လူသားတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်နေစိတ်ထားလည်း မတူညီကြပါဘူးနော်။

မိမိတို့ရဲ့ စိတ်နေစိတ်ထားပေါ်မှုတည်ပြီး လူသားတွေရဲ့ ပျော်ရွှင်မဥတွေကလည်း ကွဲပြားသွားနိုင်ပါတယ်။

ဒီနေ့မှာတော့ တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေရအောင် ဘယ်လိုဖန်တီးရမလဲဆိုတာ အကြံပေးသွားမှာပါ။

ပေးထားတဲ့ တားရော့ကတ်လေး ၃ခုထဲက ကိုယ်အနှစ်သက်ဆုံး တစ်ခုကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်လိုက်ပါ။

နံပါတ် ၁

သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်တန့်ပစ်မှသာ သင့်ဘဝမှာ ပျော်ရွှင်မှုတွေကို ရရှိနိုင်မှာပါနော်…

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေလည်း ဖောဖောသီသီ သုံးစွဲလာပြီဆိုတော့ လူတွေက လက်တွေ့ဘဝထက် ဆိုရှယ်မီဒီယာပေါ်က အတုအယောင်ဘဝတွေကို အားကျပြီး မပျော်မရွှင် ဖြစ်လာတတ်ကြပါတယ်။

တခြားသူတွေက ပိုကံကောင်းတယ်၊ ပိုပိုက်ဆံရှိတယ်၊ ပိုချောတယ်၊ ပိုပျော်ရွှင်တယ် အစရှိတဲ့အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရှောင်ရှားပါ။

သင့်ဘဝကို သေချာကြည့်ပါ။ သူများတွေ ပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ ကြည့်မနေပဲ သင်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တချက်ကြည့်ပြီး တန်ဖိုးထားလိုက်ပါ။

ဒါ့အပြင် သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ သင်ရရှိထားတဲ့ အချစ်တွေကို တန်ဖိုးထားပြီးနေလိုက်ရင် သင့်အနေနဲ့ နေ့ရက်တိုင်းက ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေမှာ အမှန်ပါပဲ။

နံပါတ် ၂

သင်ဟာ မိမိကိုနာကျင်စေမယ့် အရာတွေကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားတဲ့အတွက် နာကျင်မှုတွေကို ဖန်တလဲလဲ ခံစားနေရတတ်ပါတယ်။

ဒါကြောင့် သင့်ကိုနာကျင်စေမယ့် အရာတွေကို လက်လွှတ်ချလိုက်မှသာ သင့်ဘဝမှာ ပျော်ရွှင်နိုင်မှာပါ။

နောက်တစ်ချက်က သင်ဟာ မိမိချလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့် နာကျင်ရမှာကို အရမ်းကြောက်နေတတ်ပါတယ်။

တစ်ခါတစ်လေ ဆုံးဖြတ်ချက်မှားတွေကြောင့် နာကျင်ကောင်း နာကျင်ရမှာဖြစ်လို့ မကြောက်ပါနဲ့။ မိမိဆုံးဖြတ်ချက်ကို ယုံကြည်ပြီး ဖြစ်လာတဲ့နောက်ဆက်တွဲ အခြေအနေတွေကို ရင်ဆိုင်လိုက်ပါ။

နောက်တစ်ခုက မိမိဖြစ်ချင်တဲ့အရာကို ဘယ်လိုအခက်အခဲပဲရှိနေပါစေ ရအောင်ဖန်တီးယူပြီး မိမိရဲ့ပျော်ရွှင်မှုတွေကို ရှာဖွေလိုက်ပါ။

နံပါတ် ၃

သင့်အကြောင်းကို ပြောရရင် သင်ဟာ အတိတ်ကို ဖန်တလဲလဲတွေးနေပြီး နောင်တရ ပူဆွေးနေတတ်ပါတယ်။ အကြံပေးချင်တာက အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

အတိတ်ကို သင့်အနေနဲ့ ပြောင်းလဲပစ်လို့ မရပါဘူးနော်။ အတိတ်မှာ သင်ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးရမှာဖြစ်သလို လက်လွှတ်သင့်တာကို လက်လွှတ်ပေးလိုက်ရမှာပါ။

လက်ရှိအခြေအနေမှာ သင့်အနေနဲ့ ဘယ်သူ့ကိုမှ အညှိုးမထားပဲ လူတိုင်းကို ချစ်တတ်ပြီး နားလည်ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားလိုက်ပါ။ ဒါမှသင့်ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ သာယာလှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာပါ။

credit to lotaya_quiz