General Knowledge

၂ ဂဏန်းသမားများအကြောင်း

၂ ဂဏန်းသမားများအကြောင်း

မည်သည့်လတွင်မဆို ၂ရက် ၁၁ရက် ၂၀ရက် ၂၉ ရက်တို့မှာ မွေးဖွားခဲ့ရင်တော့ သင်ဟာ ၂ ဂဏန်းသမားတယောက်ပါ

၂ဂဏန်းသမားများရဲ့စရိုက်လက္ခဏာ

လမင်းလိုအေးမြပီး သိမ်မွေ့ကြသူတွေပါ စိတ်ကူးယဉ်ဆန်တတ်ကြသလို စိတ်ချမ်းသာမှုကို ဦးစားပေးကြသူတွေပါ

ကိုယ်ခန္ဓာ ကြံခိုင်ပီး မာကျောသယောင် ထင်ရပေမယ့် တော်တော် စိတ်နုတဲ့ထဲ မှာ ၂ ဂဏန်းသမားတွေလဲ အပါအဝင်ပါ

၂ ဂဏန်းသမားတွေရဲ့အချစ်အကြောင်း

အထိအခိုက်မခံတဲ့ နှလုံးသားတစုံကို ပိုင်ဆိုင်ထားပီးဘဝလက်တွဲဖော် ရွေးချယ်ရာမှာ ဦးနှောက်ထက် နှလုံးသားကို အသားပေးတတ်ကြသူတွေပါ

အချစ်ဦးကံ မကောင်းကြသလို အချစ်ဆုံးနဲ့လဲ လွဲတတ်တဲ့ ကံလေး ၂ ဂဏန်းသမားတွေမှာ ပါလာတတ်ပါတယ်

တခါတလေ ဘာမဟုတ်တာလေးကို စိတ်ထဲထားပီးအပြောင်းအလဲလွယ် ထိလွယ် ရှလွယ် တာကြောင့် ချစ်သူရဲ့ စိတ်မရှည်မှု ငြူစူမှုလေးတွေ ခံစားရတတ်လို့ သတိထားပေးပါနော်

၂ ဂဏန်းသမားတွေရဲ့ အလုပ်နဲ့ပတ်သက်တာ

တီထွင် ဆန်းသစ်မှုအားကောင်းပီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ အထူအကျိုးပေးပါတယ် လခစားအလုပ်တွေနဲ့ သိပ်အဆင်မပြေတတ်ကြပါဘူး

ဖိစီးမှုဒဏ်တွေကို မခံနိုင်ဘဲ လွယ်လွယ် depression ဝင်တတ်ကြပါတယ် အနုပညာ ပန်းချီ ပန်းပုလုပ်ငန်းတွေမှာ သူမတူတဲ့ အမြင်တွေ နဲ့ အောင်မြင်တတ်တာ

၂ ဂဏန်းသမားတွေပါ လခစားအလုပ်ထက် ကိုယ်ပိုင် ဝါသနာပါတဲ့ လုပ်ငန်းတွေနဲ့ ရပ်တည်ရင် ထိပ်ဆုံးထိ အောင်မြင်မှု ရတတ်တဲ့သူလေးတွေပါနော်

၂ ဂဏန်းသမားတွေရဲ့ လူမှုရေးရာ အဖြာဖြာ

လူတိုင်း အပေါ် ဂရုဏာ စိတ်လေးထားပီး ဆက်ဆံတတ်ကြသူလေးတွေပါ အေးချမ်းစွာ နေထိုင်လိုစိတ်ရှိပီး မိသားစုအပေါ် သံယောဇဉ် ကြီးတတ်ကြပါတယ်

လူချစ်လူခင် များသော်လဲ ထဲထဲဝင်ဝင် ပေါင်းကြည့်မှ ဂွစာ ကျတာလေးတွေ လဲ ရှိတတ်ပါသေးတယ် အနားမှာ မြှောက်ပင့် ပေါင်းသင်း သူတွေကြောင့်လမ်းမှား ဆုံးဖြတ်ချက်မှား တာတွေ ကြုံရတတ်လို့ သတိထားပေးဖို့ လိုပါတယ်

၂ ဂဏန်းသမားတွေရဲ့ အိမ်ထောင်ရေး

မိဘ ဆွေမျိုးသားချင်း တွေ အပေါ် အလွန်သိတတ်သူလေးတွေ ဖြစ်လို့ အိမ်ထောင်ဖက်နဲ့ စကား များရန်ဖြစ်ရတတ်ပါတယ်

အိမ်ထောင်ဖက်အပေါ် ချစ်ခင်ကြင်နာမှုကို ထုတ်မပြတတ်ဘဲ အေးအေးစက်စက် နေတတ်တာကြောင့် အိမ်ထောင်ဖက်ရဲ့ အထင်အမြင်လွဲမှုတွေ ကတောက်ကဆ ဖြစ်ရတာလေး ရှိတတ်လို့ ဆင်ခြင်ပါနော်

မိမိအိမ်ထောင်ဖက်ကို ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း သေချာ ပြောပြတိုင်ပင်မှသာ အဆင်ပြေတဲ့အိမ်ထောင်ရေးလေး ကို ပိုင်ဆိုင်ရမှာပါနော်

၂ ဂဏန်းသမားတွေရဲ့ ကျန်းမာရေး

စိတ် ကျန်းမာရေး ကိုအထူးဂရုပြုဖို့လိုပါတယ် မိဘ ဆွေမျိုးတွေဆီက ရောဂါ တွေကိုလဲ အမွေခံပီး ပိုင်ဆိုင်ရတတ်ပါတယ် ဥပမာ သွေးတိုး ဆီးချို စသဖြင့်ပေါ့နော်

၂ ဂဏန်းသမားတွေရဲ့အကောင်းဆုံး အဖော်မွန် နံပါတ်တွေက ၁ / ၅/ ၇ တို့ဖြစ်ပီး ဒုတိယ အဆင်အပြေဆုံး နံပါတ်တွေက ၃/၆/၉ တို့ ဖြစ်ကြပါတယ်