General Knowledge

၃ ဂဏန်းသမားများအကြောင်း မည်သည့်လတွင်မဆို ၃ ရက် ၁၂ရက် ၂၁ရက် ၃၀ရက် တို့မှာ မွေးဖွားခဲ့ရင်တော့ သင်ဟာ ၃ ဂဏန်းသမားတယောက်ပါ

၃ ဂဏန်းသမားများအကြောင်း

မည်သည့်လတွင်မဆို ၃ ရက် ၁၂ရက် ၂၁ရက် ၃၀ရက် တို့မှာ မွေးဖွားခဲ့ရင်တော့ သင်ဟာ ၃ ဂဏန်းသမားတယောက်ပါ

၃ ဏန်းသမားများရဲ့စရိုက်လက္ခဏာ

အိန္ဒြေကြီး တခွဲသား နဲ့ နေတတ်သူလေးတွေပါ ဘယ်အရာမဆို လက်လွယ်စပါယ် ပေါ့ပေါ့တန်တန် မလုပ်တတ်ကြပါဘူး ဇွဲရှိပီး စိတ်ရှည် သည်းခံတတ်သူလေးတွေပါ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနေလိုတဲ့ သူတွေပေါ့

၃ ဏန်းသမားတွေရဲ့အချစ်အကြောင်း

အချစ်ထက် အရေးကြီးတာတွေ အများကြီးလို့သတ်မှတ်ထားပီး အချစ်ရေးကို သိပ်ဦးစားပေးလေ့ မရှိကြပါဘူး

စိတ်ကူးယဉ်ဆန်တာတွေထက် လက်တွေ့ဘဝမှာ ဘယ်လို ကောင်းအောင် ကြိုးစားနေထိုင် ရမလဲ ဆိုတာပဲ တွေးတတ်ကြသူတွေပါ

အချစ်တဲ့ပတ်သက်ရင်သစ္စာတော့ မြဲပါတယ် တယောက်ဆို တယောက် ချစ်တတ်ကြသူတွေပါ

ချစ်သူကို အနိုင်လိုချင်တာ တွေ silent တွဲပီး လူသိမခံချင်တာလေးတွေကို ဆင်ခြင်ပါနော် အချစ်ရေးမှာ ကိုယ်ကဆိုးနေပေမယ့် အရမ်းချစ်တတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ရလေ့ရှိပါတယ်

၃ ဂဏန်းသမားတွေရဲ့ အလုပ်နဲ့ပတ်သက်တာ

အလုပ်ထဲမှာ အသုံးမကျဘူး လို့ပြောခံရမှာ သိပ်ကြောက်ကြပါတယ် ဂုဏ်သိက္ခာကို ငွေနဲ့မလဲ တတ်တဲ့ သူတွေပါအလုပ်ထဲမှာ တိတိကျကျ နဲ့ လုပ်ကိုင်တတ်ကြပီး

စာအုပ်ကြီးသမားတွေ ဖြစ်လို့ တချို့တချို့နဲ့ ကီးမကိုက်တာလေးတွေ ရှိတတ်ပါတယ် စည်းတွေဘောင်တွေထဲ နေထိုင်တတ်ပီး ခေါင်းဆောင် လိုစိတ်ပြင်းပြကြပါတယ်

အဖွဲ့အစည်း နဲ့လုပ်ရင်အောင်မြင်တတ်ပီး ဦးစီးဦးဆောင် လုပ်ကိုင်ရတတ်ပါတယ် ရိုးရိုးကျင့် မြင့်မြင့်ကြံ တတ်သူလေးတွေပါ

၃ ဂဏန်းသမားတွေရဲ့ လူမှုရေးရာ အဖြာဖြာ

အပေါင်းအသင်း မိတ်ဆွေ တွေအပေါ် အပေါ်ယံ ဟန်ဆောင်ပီး မပေါင်းတတ်ကြပါဘူး Social သိပ်မကျတာကြောင့် မိတ်ဆွေ အပေါင်းအသင်း နဲတတ် ပါတယ်

ကိုယ့်စိတ်နဲ့ မတွေ့တဲ့ အပေါင်းအသင်းတွေဆိုရင်လဲ လက်တွဲဖြုတ်ဖို့ ဝန်မလေးတတ်ကြပါဘူး မိတ်ရင်းဆွေရင်း အနဲငယ်နဲ့ပဲ နေထိုင်တတ်ပီး ခင်မင်ရသူတွေ ဒုက္ခရောက်ရင်လဲ စိတ်ရော ကိုယ်ပါ အားစိုက် ကူညီလေ့ ရှိကြသူတွေပါ

၃ ဂဏန်းသမားတွေရဲ့ အိမ်ထောင်ရေး

အိမ်ထောင်ဖက်အပေါ် သြဇာလွှမ်းမိုးလိုစိတ်လေးတွေ ရှိတတ်ကြပါတယ် အိမ်ထောင်ဖက် က မိမိအပေါ် သစ္စာဖောက်မှာ သေမလောက်ကြောက်တတ်ကြပီး

သံသယ မျက်လုံးနဲ့ ကြည့်နေတတ်တာကြောင့် တဖက်သူ မှာ အနေခက်တာတွေ စိတ်ပျက်လာတာတွေ ဖြစ်တတ်တာ သတိထားပေးပါ

သံသယ စိတ်တွေလျှော့ပီး သူ့တာဝန် ကိုယ့်တာဝန် မခွဲဘဲ တူတူ တည်ဆောက်မှ သာယာတဲ့ အိမ်ထောင်ရေး လေး ဖြစ်မှာပါနော်

၃ ဂဏန်းသမားတွေရဲ့ ကျန်းမာရေး

ကိုယ်လက်လှုပ်ရှား အားကစား ကို မမေ့မလျော့ လုပ်ပေးပါ အဝလွန်တာတွေကြောင့် ဘေးထွက်ဆိုးကျိုး ရောဂါတွေ ဝင်တတ်ပါတယ်

၃ ဏန်းသမားတွေရဲ့အကောင်းဆုံး အဖော်မွန် နံပါတ်တွေက ၂ / ၆/ ၇ တို့ဖြစ်ပီး ဒုတိယ အဆင်အပြေဆုံး နံပါတ်တွေက ၃/၄/၅ တို့ ဖြစ်ကြပါတယ်