ဒီလိုနိမိတ်တွေမြင်ရရင် ဂရုစိုက်ဖို့လိုမယ်နော်
ဒီလိုနိမိတ်တွေမြင်ရရင် သင့်ဆီကို အညံ့တွေ မဝင်လာနိုင်အောင် ဂရုစိုက်ဖို့လိုမယ်နော်
(1) ယူသွားမယ့်အထုပ်ဟာမမျှော်လင့်ပဲပြုတ်ကျပွင့်ကျရင်
(2)ကျကွဲသွားရင်
(3)သွားခါနီးဝတ်တဲ့အဝတ်အစားဗျိကနဲပြဲသွားရင်
(4)ကိုယ်လေးစားတဲ့သူတစ်ယောက်ယောက်ကိုကလေးတစ်ယောက်ကတားထားဆွဲထားရင်
(5)လမ်းသွားရင်းသစ်ကိုင်းနဲ့နဖူးရိုက်မိတာ၊ခလုတ်တိုက်ခြေမကွဲတာ
(6)အငှါးယဉ်တားစီးတဲ့အခါ၃ကြိမ်ထက်မနည်းဈေးမတည့်တဲ့အခါ
(7)လမ်းတစ်လျှောက်မှာလက်ခါပြသူတွေကိုတွေ့မြင်သောအခါ
(8)ကိုယ့်ရှေ့တည့်တည့်ကလူကမေးထောက်ပြီးညည်းညူနေရင်
(9)ကိုယ့်ရှေ့မှာနွားကျွဲမြင်းခွေးကလေးလူကြီးစသည်တို့ကိုရက်စက်စွာရိုက်ပုတ်ညှင်းပန်းနေရင်
(10)ကားစီးသော်လမ်းမှာကားပျက်မှုကြုံသော်/စက်နှိုးမရပုံစံဖြစ်သော်
(11)ကိုယ့်ရှေ့မှာယာဉ်တိုက်မှုမြင်သော်
(12)အတူသွားသူနှင့်ရန်ဖြစ်စကားများသွေးထွက်သံယိုဖြစ်သော်
(13)မိမိခြေထောက်ကိုနှစ်ကြိမ်ထက်မနည်းတက်နင်းခံသော်
(14)မျက်မှန်ပြုတ်ကျသော်
(15)ကိုယ့်ရှေ့မှာလူယာဉ်/ပစ္စည်းတစ်ခုခုလာပိတ်ရပ်သော်
(16)လမ်းသွားရင်းမျက်လှည့်ပြတာတွေ့ရင်(ကိုယ်ကဝင်ရပ်ကြည့်သော်ဘာမှမဖြစ်)
(17)ကိုယ့်ရှေ့မှာဆိတ်နွားခွေးကြောင်ငှက်စသည်တို့ရန်ဖြစ်သော်
(18)ကိုယ့်မြင်ကွင်းရှေ့မှာလက်ထိပ်သံကြိုးစသည်တို့ဖြင့်ချည်နှောင်ကာခေါ်သွားသော်
(19) ကိုယ်သွားမယ့်လမ်းမှာမြွေအလ္ပာယ်ပြနေသော်
(20)ကိုယ့်လမ်းပေါ် အချိန်ခါမဟုတ်ခွေးထအူသော်
(21)ကျီးကန်းပြိုသော်(
22)အပြင်ရောက်မှအရေးကြီးပစ္စည်းမေ့ကျန်ခဲ့သော်
(23)ကိုယ့်ရှေ့မှာငိုကြောရှည်နေတဲ့ကလေးကိုတွေ့သော်
(24)အလိုလိုစိတ်ထဲလေးလံနေသော်
(25)ကိုယ့်အဝတ်စားကတံခါးသို့မဟုတ်တစ်ခုခုနှင့်ချိတ်မိညှပ်မိသော်
(26)မအောင်ဘူးပျက်ပြီသေတာပဲစသောအနိဋ္ဌစကားများကြားသော်
(27)သွားခါနီးမှတစ်ခုခုကျကွဲသော်
(28)ဦးထုပ်ပြုတ်ကျသော်
(29)မိမိအရိပ်ကိုပြန်ကြည့်လျှင်အရိပ်ထဲမှာမိမိဦးခေါင်းမတွေ့သော်
(30)ဒုက္ခိတတစ်ယောက်နဲ့တည့်တည့်တိုးမိရင်
(31)သွားရင်းဖိနပ်ပြတ်သော်
(32)ကိုယ့်ရှေ့မှာအရူးတစ်ယောက်ကအကြောင်းမဲ့ရီမောနေသော်
(33)ကိုယ့်ရှေ့မှာလူတစ်ယောက်ကမနိုင်မနင်းပစ္စည်းတွေသယ်မရင်းပြုတ်ကျနေသော်
(35)သွားကာနီးမှာအိမ်ကမိန်းမကအကြိမ်ကြိမ်စောစောပြန်ဖို့မှာနေသော်ဒါတွေဟာအနိဋ္ဌနိမိတ်တွေပါ
တောင်ကျွန်းသြဘာနိမိတ်ထွန်းအရသဘာဝနိမိတ်နတ်တို့ပြသောနိမိတ်မိမိ၏ဆိုင်ရာအစောင့်ရှောက်ပြသောနိမိတ်များလည်းပါဝင်သည်ကြိုသိကအချိန်ရသည်မို့အလေးထားမှတ်သားစေလိုသည်{ မြစကြာ}
Credit