“မိန်းကလေးတိုင်းရှောင်ရှားရမယ့် ယောက်ျား(၈)မျိုး”
ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက် ဆိုတဲ့ စကားပုံ ကြားဖူးပါတယ်။
အမျိုးသမီးများ ရည်းစားတစ်ထောင်ထားရမယ်လို့ မဆိုလိုပါဘူး။
ဒါပေမဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းကိုကောင်းကောင်းမသိသေးခင်မှာ အချစ်ကို ယုံပြီး ဘဝကို မပုံအပ်သင့်ပါဘူး။
အချစ်ဦးဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန်လှပသလောက် တကယ်ညားသွားရင် သာယာတာက နည်းပါတယ်။
ဘယ်လိုယောကျ်ားမျိုးကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြပါဘူး။
ဒါပေမဲ့ အောက်ပါအကျင့်များငြိစွန်းနေတဲ့ ယောကျ်ားများကိုတော့အိမ်ထောင်ဘက်ရွေးခဲ့ရင် ရှောင်ရှားသင့်ပါတယ်။
၁။ ကပ်စေးနှဲလွန်းတဲ့ ယောကျ်ား၊အရပ်စကားနဲ့ နှပ်ချေးလို့လည်းခေါ်တာကြားဖူးပါတယ်။
ဒီလိုယောကျ်ားမျိုးနဲ့ အတူတူ ဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့်တတ်တာကို တွေ့ရတတ်ပါတယ်။
သူဟာဘယ်လောက်ချမ်းသာတယ်။ ဘယ်လို Brand တွေကို ဝတ်ဆင်တယ်စသည်ဖြင့်
သိသိသာသာဖြစ်ဖြစ်၊မသိမသာဖြစ်ဖြစ် ကြွားတတ်ပေမဲ့ ပိုက်ဆံရှင်းရပြီဆိုရင် မသိသလို နေတတ်တဲ့ ယောကျ်ားမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးယောကျ်ား ရှောင်ရှားသင့်ပါတယ်။
၂။ သံသယ များတဲ့ယောကျ်ား၊တအားချစ်လို့ သံသယများတယ်။
အရမ်းချစ်လို့ သဝန်တိုတယ် စသည်ဖြင့် ပြောနိုင်ပေမဲ့ သံသယများတဲ့ ယောကျ်ားများဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ သေချာပါတယ်။
ဒီလိုယောကျ်ားမျိုးနဲ့ တစ်သက်လုံး နေထိုင်ဖို့ မလွယ်လောက်ဘူး။
ကိုယ်ဘာပဲပြောပြော သူလိုချင်တဲ့ အဓိပ္ပါယ်ကို ကောက်ယူသွားတတ်တယ်။ ပြီးရင် မထင်မှတ်တဲ့ အချိန်အခါမှာ စိတ်ဆိုးတယ်။
ဒါပေမဲ့ အိမ်ထောင်ကျပြီရင်တော့ သံသယကင်းပြီး စိတ်ချသွားတဲ့ ယောကျ်ားတွေလည်း ရှိကြပြန်တယ်။
၃။ မျိုးချစ်လွန်းတဲ့ ယောကျ်ား သူ့အမျိုးဆိုရင် အကုန်ကောင်းတယ်။
နည်းနည်းမှ ထိလို့မရဘူး၊ သူများမိသားစု၊ သူများအမျိုးဆိုရင် လူမထင်ဘူး။ ဘာမဆို သူတို့ဆိုရင် အကောင်းချည်းပဲ။ စဉ်းစားကြည့်လေ ဘယ်လိုပေါင်းမလဲ။
၄။ စိတ်များတဲ့ ယောကျ်ား၊ရည်းစားကို အထည်လဲသလို ထားတဲ့ယောကျ်ားမျိုးကို ရှောင်ပါ။
ဒီလိုယောကျ်ားမျိုးနဲ့ ညားသွားတာ ရည်းစားလုဘက်တွေကို အနိုင်ရလိုက်ပြီ မထင်လိုက်ပါနဲ့၊ ကိုယ်နဲ့ ညားပြီးရင် နောင်အသစ်ပေါ်လာတတ်ပါတယ်။
၅။ လောင်းကစားတတ်ခြင်း၊အစားအသောက်မက်တဲ့ ယောကျ်ားထက်၊
လောင်းကစားဝါသနာပါတဲ့ယောကျ်ားက ပိုကြောက်စရာကောင်းပါတယ်။ ပိုင်ဆိုင်သမျှ အကုန်ပြောင်သွားတတ်လို့ပါ။
လောင်းကစားဆိုရာမှာ ( ၂ ) လုံးထီ၊ ( ၃ )လုံးထီလည်းပါဝင်ပါတယ်။
၆။ လက်ပါတတ်ခြင်း၊လက်ပါတတ်တဲ့ ယောကျ်ားမျိုးကို ရှောင်ကျဉ်ပါ။
တစ်ခါခွင့်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်လာတတ်ပါတယ်။
၇။ အတ္တဆန်လွန်းခြင်း၊အတ္တဆန်လွန်းရင် ရှောင်ကျဉ်သင့်ပါတယ်။
ဘာမဆို သူမှန်တယ်။ ဘာမဆို သူ့ကို အလိုလိုက်မှဆိုရင် တစ်သက်လုံး ဘယ်လို အဆင်ပြေနိုင်မလဲ။
၈။ ယောကျ်ားကြီးဝါဒ လွန်ကဲခြင်း၊ဒီလိုယောကျ်ားမျိုးဟာ အရည်အချင်းရှိတတ်ပါတယ်။
ယုံကြည်မူ အပြည့်ရှိနေတတ်ပါတယ်။ ပြသနာက တစ်ချက်လွတ်အမိန့်ပြောသလို စကားပြောတတ်ပါတယ်။
သူဟာ သင့်ကိုစိတ်တွင်းကနေ အထင်သေးနေတတ်ပါတယ်။ မိန်းကလေးများအားလုံးကို အထင်သေးနေတာလည်း ဖြစ်နိုင်ပါတယ်။
သူ့ရဲ့ အမြင်မှာ ဒီကမ္ဘာကြီးကို ယော့ကျ်ားများက ပိုင်ဆိုင်ပါတယ်။ မိန်းမဆိုတာ အဖြည့်ခံ လို့ သဘောထားပါတယ်။