General Knowledge

အမျိုးသမီးတွေ သွေးဆုံးခြင်းနှင့်ပတ်သတ်တဲ့ ယုံတမ်းစကား (၁၀)ခု

အမျိုးသမီးတွေ သွေးဆုံးခြင်းနှင့်ပတ်သတ်တဲ့ ယုံတမ်းစကား (၁၀)ခု

၁။ အပူပြန်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ (သို့) ကိုယ်အလေးချိန်တက်နေရင် သွေးဆုံးခြင်းကို ကြုံတွေ့ရတာဖြစ်ပါတယ်

ဥပမာ မီးယပ်သွေးဆုံးချိန်မှာ စိတ်ဂယောက်ဂယက် ခံစားရတတ်တယ်လို့ အမျိုးသမီးတစ်ချို့ ပြောတာကြောင့် သင်လည်း ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။

တကယ်တော့ သွေးဆုံးခြင်း မတိုင်ခင် (perimenopause)မှာ ပူစပ်ပူလောင်ဖြစ်တာ ဒါမှမဟုတ် တခြားမနှစ်မြို့ဖွယ် လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

သွေးဆုံးချိန်ဟာ ကိုယ်အလေးချိန်တိုးလာပြီး မှတ်ဉာဏ်ဆုံးရှုံးမှုကို မဖြစ်စေပါဘူး။ ပတ်ဝန်းကျင် အကြောင်းအရင်းတွေနဲ့ အသက်အရွယ် ကြီးရင့်ခြင်းတို့ကြောင့် ကိုယ်အလေးချိန်တတ်လာတာ (သို့) အိမ်သော့ မေ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ သွေးဆုံးချိန်က အသက် ၅၀မှာ စတင်တယ်

အသက် ၃၀ အရွယ်မှာ သွေးဆုံးနိုင်ပါတယ်။ အားလုံးက သင်သောက်တဲ့ ဆေးဝါးတွေပေါ်မှာ မူတည်ပါတယ်။

သင်ဆေးလိပ်သောက်သည်ဖြစ်စေ၊ သင်လုပ်ဖူးတဲ့ ခွဲစိတ်မှုအချို့နဲ့ မျိုးရိုးဗီဇပါဝင်တဲ့ ဆေးဝါးတွေပေါ်မှာ မူတည်ပါတယ်။

သွေးဆုံးခြင်းရဲ့ ပျမ်းမျှ အသက်က ၅၁ နှစ်ဖြစ်သော်လည်း အမျိုးသမီးတွေဟာ အသက် ၄၀အရွယ်မှာလည်း သွေးဆုံးနိုင်ပါတယ်။

၃။ သွေးဆုံးပြီးတာနဲ့ နာကျင်ကိုက်ခဲမှုတွေ မရှိတော့ဘူး

သွေးဆုံးခါနီး ရာသီမလာတဲ့အခါတောင် သင့်တင်ပါးဆုံဧရိယာမှာ နာကျင်ကိုက်ခဲမှုတွေ ခံစားရနိုင်ပါတယ်။ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုမျိုးကို ခံစားရနိုင်ပါတယ်။

နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။ နာကျင်မှုကို သည်းမခံနိုင်ဖူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

၄။ သွေးဆုံးခါနီး ကိုယ်ဝန်ရဖို့ မဖြစ်နိုင်ဘူး

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ဝန်ရနိုင်ခြေ နည်းလေပါပဲ။ သို့သော်လည်း အမျိုးသမီးတွေဟာ ဓမ္မတာအနည်းငယ် ပျောက်သွားသော်လည်း သွေးဆုံးခါနီးမှာ မျိုးဥထွက်ဆဲ ဖြစ်ပါတယ်၊

အသက် ၄၅နှစ်ရောက်ရင် ကိုယ်ဝန်တားဆေးကို ဆက်သုံးသင့်တယ်လို့ ဆိုလိုတာပါ။ အထူးသဖြင့် ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတွေအတွက် အသက်ကြီးလာတဲ့အခါမှာ ကိုယ်ဝန်ရဖို့ အန္တရာယ်ရှိနိုင်တာကြောင့် သတိထားသင့်ပါတယ်။

၅။ သွေးဆုံးခြင်းက ရောဂါတစ်ခုဖြစ်တယ်

သွေးဆုံးတာက ရောဂါမဟုတ်ပါဘူး။ အပျိုဖော်ဝင်စလို သင့်ဘဝရဲ့ အခန်းတစ်ခန်းသာ ဖြစ်ပါတယ်။ ဒါက သင့်ဘဝ ဒုတိယနှစ်ဝက်ရဲ့ အစဖြစ်ပြီး အကောင်းဘက်ကနေ ကြည့်သင့်ပါတယ်။

၆။ ရာသီလာတာအနည်းငယ် ပျောက်သွားပါက သွေးဆုံးခြင်းသို့ ရောက်ရှိနေပြီ

သွေးဆုံးသွားပြီဖြစ်ကြောင်း သေချာသိဖို့က အချိန်ကာလ တစ်နှစ်ကြာတာကြောင့် စောင့်ကြည့်ပါ (သို့) ကိုယ်ဝန်မရအောင် တားဆေးသုံးပါ။

နှစ်တွေတစ်လျှောက်လုံး အနည်းငယ်ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေခဲ့ရင် သွေးဆုံးပြီလားဆိုတာ မသေချာနိုင်ပါဘူး။

တစ်နှစ်တိတိ ဓမ္မတာ မလာတော့တာက သွေးဆုံးခြင်းကို အတည်ပြုပေးနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၇။ သွေးဆုံးခြင်းရဲ့ လက္ခဏာတွေက အမြဲတမ်းဖြစ်နေမှာ

သွေးဆုံးချိန်ကို ရောက်တဲ့အခါ သင့်ရဲ့အီစထရိုဂျင်ပမာဏ ကျဆင်းသွားပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဖြည်းဖြည်းချင်းဖြစ်တာတဲ့အတွက် သင့်ခန္ဓာကိုယ်က ဒါကို ကျင့်သားရဖို့ အချိန်ယူရပါတယ်။

လက္ခဏာတွေရှိနေပေမယ့် ထာဝရဖြစ်နေမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ယေဘုယျအားဖြင့် ရောဂါလက္ခဏာတွေက အစပိုင်း (ပထမနှစ်နှစ်) မှာဒုက္ခအပေးနိုင်ဆုံး ဖြစ်ပါတယ်။

နောက်ဆုံးရာသီလာပြီးနောက် ၄နှစ်ခွဲခန့်ကြာနိုင်သလို ၇နှစ်အထိလည်း ကြာနိုင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ တစ်ချို့အတွက် သွေးဆုံးဝေဒနာခံစားရချိန် နည်းနိုင်ပါတယ်။

၈။ သွေးဆုံးခြင်းက စိတ်ဓါတ်ကျခြင်းကို ဖြစ်စေတယ်

သွေးဆုံးခြင်းရဲ့ရလဒ်အဖြစ် clinical depression နဲ့ စိတ်အပြောင်းအလဲကြားမှာ ကြီးမားတဲ့ ကွာခြားချက်ရှိပါတယ်။

clinical depression ဟာ ရောဂါတစ်ခုဖြစ်ပြီး ကုသမှုခံယူဖို့ လိုအပ်သော်လည်း ဝမ်းနည်းမှု ခံစားချက်တွေ ခံစားရတဲ့အခါ စိတ်ဓါတ်ကျတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်တာကို သင်သိမှာပါ။

စိတ်အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေရင် အလေးအနက်ထားပြီး ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။

၉။ သွေးဆုံးပြီးတာနဲ့ ကျန်းမာဖို့ အရမ်းနောက်ကျသွားပြီ

ကျန်းမာနေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ အသက်အရွယ်မရွေး ကျန်းမာနေပါစေ။ ကျန်းမာနေဖို့ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် များများရရှိဖို့၊ ဓါတုပစ္စည်းတွေ အသုံးပြုမှုနဲ့ ဆေးလိပ်သောက်ခြင်းကို လျှော့ချဖို့ ၊

သင့်စိတ်ပိုငးဆိုင်ရာနဲ့ စိတ်ခံစားမှု ကျန်းမာရေးကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပြုလုပ်ဖို့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။

၁၀။ ဟော်မုန်းအစားထိုးကုထုံးက နှလုံးရောဂါနဲ့ ရင်သားကင်ဆာတို့ကို ဖြစ်စေနိုငတယ်

ဟော်မုန်းအစားထိုးကုထုံးကို အမျိုးသမီးတွေ ဆန့်ကျင်ရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ရင်သားကင်ဆာ၊ နှလုံးရောဂါ (သို့) လေဖြတ်ခြင်းတို့ကို ဖြစ်စေတယ်လို့ ယုံကြည်တာကြောင့်ပါ။

သို့သော်လည်း အသက် ၆၀ကျော်အမျိုးသမီးတွေဟာ ဟော်မုန်းအစားထိုး ကုထုံးမှာ တကယ်အကျိုးဖြစ်ထွန်းကြောင်းနဲ့ အသက် ၆၀ မတိုင်ခင် ဒီကုထုံးကို မခံယူတဲ့ အမျိုးသမီးတွေက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိရပါတယ်။