ယောကျ်ားလေးတွေလက်မလွှတ်နိုင်တဲ့ မိန်းကလေး ဆိုတာ
ယောင်္ကျားလေးတွေ လက်မလွှတ် နိုင်သော မိန်းကလေး ဆိုတာ လောကကြီးမှာရှိပါတယ်။
ဒီစာလေးကို ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေ ကိုရော ဖတ်စေချင် ပါတယ်နော်။
(1) ဉာဏ်ထက်ပြီး သူနဲ့နေရင် ဉာဏ်ရည်တက် လာတယ်လို့ ခံစားရတယ်။
ဉာဏ်ကောင်းတဲ့ မိန်းကလေးဆိုတာ စိတ်ဝင်စားစရာကောင်း ပါတယ်။
ကိုယ့်ထက်ဉာဏ်ကောင်းလို့ မနာလို မဖြစ်ပါနဲ့။
လူတစ်ယောက်နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှု မရှိပါ ဘူး။
ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ် ဆိုတာ ဝမ်းသာစရာ ပါပဲ ။
(2) ကိုယ့်ရဲ့ အားသာချက်ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြပေးသူ
အမှားလုပ်မိချိန်၊ အလုပ်က အဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူကကိုယ့်ကို အမြဲအားပေးနေတယ်။
အားပေးတာ တစ်ခုထဲမဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာ ကိုပါ သင်ပြပေးသူပါ။
ကမ္ဘာပေါ်မှာ မင်းကအတော်ဆုံးပဲ လို့ သူက ပြောနေမှာပါ ။
(3) ဘယ်အချိန်မဆို ဘေးမှာရှိပြီးအားပေးနေသူ
ဘယ်အချိန် မှာမဆို ဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်နော်။
(4) ဘယ်နေရာမှာမဆို ကူညီ၊ အားပေးဖို့ရန် အသင့်ရှိနေသူ
စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ ဘယ်လို ပြသာနာတွေကြုံကြုံ သူက အနားမှာ အမြဲရှိနေတတ်တယ်။
ကိုယ့်ရဲ့ရည်မှန်းချက် အိမ်မက်တွေအတွက် သူကဖြည့်စီးပေးရန် အသင့် ရှိနေမှာပဲ ဖြစ်ပါတယ် ။
(5) အထက်တန်းကျသော အလှဖန်တီးရှင်
ပွဲလမ်းသွားစရာ ရှိနေချိန်မှာ ဘာမှကိုပြော စရာမလို အချိန်ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
သန့်ရှင်းသပ်ရပ်သော အလှတရားကို ချက်ချင်း ဆိုသလို ဖန်တီး ဝတ်စားတတ် တဲ့သူပါ ။
(6) ပြန်ရဖို့ကို မတွေးသူ
လူများက ကိုယ့်ဘက်ကို ကြည့်ပြီး အကူအညီပေး တတ်သူက များပါတယ်။
သူကတော့ ကူညီချင်လို့ကိုသာကူ ညီနေသူဖြစ်ပြီး ဘာမှပြန် မရလည်း ပြသနာမရှိသူပါ။
စိတ်ရင်းနဲ့ ကူညီနေတဲ့ သူတစ်ယောက်ပါ။
(7) ပတ်ဝန်းကျင်ကို ပျော်ရွှင်တိုး တက်စေရန် စွမ်းဆောင်နိုင်သူ
ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီး အားလုံးကိုလည်း အကောင်းဘက်က မြင်တတ်အောင် ပြသနိုင်သူပေါ့။
(8) ပေါင်းသင်းဆက်ဆံရေးကောင်းသူ
ဘယ်သူ့ကိုမဆို တည့်အောင်ပေါင်း သင်းဆက်ဆံ တတ်သူပါ။ လူတန်းစားမခွဲ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ တတ်သူပါ။
(9) အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်သူ
အလုပ်အတွက် အချိန်၊ မိသားစုအတွက် အချိန်ကို ကောင်းကောင်း ဇယားချပြီး အသုံးချ တတ်သူပါ ။
(10) မမောက်မာပဲ တည်ငြိမ်နေသောသူ
ကိုယ့်ရဲ့အကြောင်းကို ကိုယ်အသိဆုံးဖြစ်ပြီး ဘယ်လိုပေါင်းသင်း ဆက်ဆံနေထိုင်သင့်တယ်ဆိုတာကို နားလည်နေသူပဲ ဖြစ်ပါတယ်။
ယောက်ျားလေးတွေလက်မလွှတ်နိုင်တဲ့ မိန်းကလေး ဆိုတာ