သင့်ကိုဘယ်အရာတွေက ကျဆုံးအောင်လုပ်နေလဲဆိုတာ ပြောပြပေးမယ့် ကတ်လေး (၃)ကတ်
ဒီအရာတွေကို သင့်ဘက်က သတိထားပြီး ပြုပြင်လိုက်မယ်ဆိုရင် သင့်အနေနဲ့ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေကို လက်ဝယ်ပိုင်ဆိုင်မှာ အမှန်ပါပဲ…
ကဲ ဘယ်လိုအရာတွေက သင့်ကိုကျဆုံးအောင်လုပ်နေလဲဆိုတာ ပေးထားတဲ့ ကတ်လေး (၃) ခုထဲက တစ်ခုကိုရွေးချယ်ပြီး လေ့လာကြည့်လိုက်ရအောင်…
နံပါတ် ၁
သင်ဟာ တဖက်သားရဲ့ မှတ်ချက်တွေ၊ အတွေးအမြင်တွေကို အရမ်းဂရုစိုက်တတ်တဲ့ လူတစ်ယောက်ပါ။ ဒီအရာကပဲ သင့်ကိုကျဆုံးအောင်၊ စိတ်မချမ်းသာအောင် လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့။
သင့်ရဲ့နေပုံထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံ၊ အောင်မြင်မှု၊ ကျရှုံးမှု စတဲ့ သင်နဲ့ပတ်သက်တဲ့ တစ်ခုခုကို တဖက်လူက တစ်ခုခု မှတ်ချက်ပေးလိုက်မယ်ဆိုရင် သင့်အနေနဲ့ မိမိကိုယ်ကို သံသယတွေဝင်ပြီး စိတ်ပျက်အားငယ်သွားတတ်ပါတယ်။
ဒါပေမယ့် အကြံပေးချင်တာက တချို့မှတ်ချက်တွေက ကောင်းစေချင်လို့ ပြောတာဖြစ်နိုင်သလို တချို့ကျတော့လည်း တမင်တကာ ပိုပြောတာလည်း ဖြစ်နိုင်ပါတယ်။
ပြောချင်တာက လူ့စိတ်ပေါ်မူတည်ပြီး မှတ်ချက်တွေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တဲ့အတွက် တဖက်လူရဲ့ မှတ်ချက်တွေကို သင့်အနေနဲ့ အရမ်းစိတ်ထဲ မထားသင့်ပါဘူး။
နံပါတ် ၂
သင့်အနေနဲ့ ကျဆုံးမှုကို မရင်ဆိုင်ရဲသေးပါဘူး။ ဒီအရာကပဲ သင့်ကိုကျဆုံးအောင်လုပ်ပြီး အရှုံးသမားဖြစ်အောင် လုပ်နေတာပဲပေါ့။
ပုထုဇဉ်လူသားတွေ ဖြစ်တဲ့အတွက် လူတိုင်း အမှားကျူးလွန်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအမှားကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲတဲ့ လူမှသာလျှင် အောင်မြင်မှုတွေကို ရရှိတာပါ။
သင်ဟာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ကြောက်တဲ့အတွက် မစွန့်စားရဲပါဘူး။ ဒီလိုမစွန့်စားရဲတဲ့အတွက် သင့်အနေနဲ့ အခွင့်အလမ်းကောင်းတွေ အများကြီးဆုံးရှုံးခဲ့ရတာမျိုး ဘဝမှာ ကြုံခဲ့ပြီးပါပြီ။
ဒါကြောင့် အကြံပေးချင်တာက စွန့်စားလုပ်ကိုင်ရာကတစ်ဆင့် အမှားတွေဖြစ်လာမှာကို မစိုးရိမ်ပါနဲ့နော်။
အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးပါ။ ဒီအမှားတွေကို နောက်ထပ်မကျူးလွန်မိအောင် ကြိုးစားနေထိုင်ပါ။
နံပါတ် ၃
သင့်အနေနဲ့ မိမိဦးနှောက်ထဲက အဆိပ်အတောက်ဖြစ်စေမယ့် အတွေးတွေကို ချက်ချင်းရှင်းထုတ်သင့်ပါပြီ။ သင်ဟာ ဘယ်တော့မှ ကိုယ့်ကိုယ်ကို အကောင်းမတွေးပဲ အဆိုးတွေပဲ တွေးနေမိတဲ့အတွက် ဒီအရာကပဲ သင့်ကိုကျဆုံးအောင် လုပ်နေတာပါ။
အကောင်းဘက်ရောက်တဲ့ အတွေးတွေကို များများတွေးပေးပါ။ အမြဲအဆိုးတွေပဲ တွေးနေတာမျိုးကို ရှောင်ကြည်ပါ။
အဆိုးတွေက သင့်ဘဝကို တိုးတက်ပြောင်းလဲသွားအောင် မဖန်တီးပေးနိုင်ပဲ ဟိုးအောက်ဆုံးကိုပဲ ဆွဲချသွားနိုင်ပါတယ်။
တစ်နေ့တစ်နေ့ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး “ငါတော်တယ်၊ ငါကောင်းတယ်၊ ငါလုပ်နိုင်တယ်” ဆိုတဲ့စကားကို အမြဲပြောပေးပါ။
နေ့စဉ်ရက်ဆက် ပြောပေးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုရှိလာပြီး အဆိုးတွေတွေးမိမှာ မဟုတ်ပါဘူး။
credit to lotaya_quiz