လူတစ်ယောက်သည် ကံကောင်းချင်လာပြီ ဆိုလျှင်…
စိတ် တည်ငြိမ်လာခြင်း စိတ်ရှုပ်ထွေးမှု ကင်းကာ စိတ်များကြည်လင် လန်းဆန်းလာခြင်း စသော လက္ခဏာများ ဖြစ်ပေါ် လာလေ့ ရှိပါသည်။
၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည်။ ထိုစိတ်မျိုး ဝင်လာလျှင် “ငါတော့ ကံကောင်း တော့မယ်။ ဒီစိတ်ဟာ ကောင်းကံပြု လုပ်ဖြစ်ဖို့ အကြောင်းခံ စိတ်ပေပဲ”
ဟု သဘော ထားကာထိုစိတ်ကို ပျောက် ပျက် မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို ပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင် ယူရမည် ဖြစ်သည်။
ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာအထူးမလိုသော သမား ရိုးကျ မကောင်းကံ ဘက်သို့ ပြန်ပြောင်း နောက်ကြောင်း ပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။
လှူချင် တန်းချင်စိတ်ပေါက် လာလျှင် ငါ ကံကောင်းလာပြီ။
ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ” သီလဆောက်တည်ချင်စိတ် ပေါက်လာလျှင် “ငါကံကောင်းလာပြီ။ သီလလေး ဆောက် တည်ပြီး နေဦးမှ”
ဘုရားရှိ ခိုးချင်စိတ် ပေါက်လာလျှင် “ငါ ကံကောင်းလာပြီ။
ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ” ဘာဝနာ ကမ္မဋ္ဌာန်း ပွားများချင်စိတ် တရားအားထုတ်ချင် စိတ်ပေါက်လာလျှင်“ငါ ကံကောင်းလာပြီ။ ပွားများဖြစ်အောင် ပွါးများ လိုက်ဦးမှ၊
အားထုတ်ဖြစ်အောင် အားထုတ် လိုက်ဦးမှ”
စသည်ဖြင့် ကောင်း ကံများ အထမြောက် အောင်မြင်စေရန် ကြိုးစား လုပ်ဆောင် ရမည် ဖြစ်သည်။
ကောင်းစိတ်များပေါ်လာပြီး ကောင်းကံများကို ပြုလုပ်အား ထုတ်ဖြစ်လျှင် အခွင့်အရေးကောင်း အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရမည်ဖြစ်ပြီး
၎င်းအခွင့်ကောင်း အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာအရေးကြီးပါသည်။
လူတစ္ေယာက္သည္ ကံေကာင္းခ်င္လာၿပီ ဆိုလွ်င္…
စိတ္ တည္ၿငိမ္လာျခင္း စိတ္ရႈပ္ေထြးမႈ ကင္းကာ စိတ္မ်ားၾကည္လင္ လန္းဆန္းလာျခင္း စေသာ လကၡဏာမ်ား ျဖစ္ေပၚ လာေလ့ ရွိပါသည္။
၎စိတ္ကို ေယဘုယ်အားျဖင့္ ေကာင္းစိတ္ဟု သတ္မွတ္ႏိုင္ပါသည္။ ထိုစိတ္မ်ိဳး ဝင္လာလွ်င္ “ငါေတာ့ ကံေကာင္း ေတာ့မယ္။ ဒီစိတ္ဟာ ေကာင္းကံျပဳ လုပ္ျဖစ္ဖို႔ အေၾကာင္းခံ စိတ္ေပပဲ”
ဟု သေဘာ ထားကာထိုစိတ္ကို ေပ်ာက္ ပ်က္ မသြားရေအာင္ ထိန္းထားၿပီး ေကာင္းမႈတစ္ခုခုကို ျပဳလုပ္ျဖစ္ေအာင္သာ ႀကိဳးစားလုပ္ေဆာင္ ယူရမည္ ျဖစ္သည္။
ထို႔အျပင္ အမ်ားဆုံး ျပဳလုပ္ျဖစ္ေလ့ ရွိသည့္ ေလ့က်င့္ေနစရာအထူးမလိုေသာ သမား ႐ိုးက် မေကာင္းကံ ဘက္သို႔ ျပန္ေျပာင္း ေနာက္ေၾကာင္း ျပန္မလွည့္မိေစရန္လည္း အထူးသတိထားရန္ လိုအပ္ပါသည္။
လႉခ်င္ တန္းခ်င္စိတ္ေပါက္ လာလွ်င္ ငါ ကံေကာင္းလာၿပီ။
ဒီကံေလး အထေျမာက္ေအာင္ ငါ လႉေပးဦးမွ” သီလေဆာက္တည္ခ်င္စိတ္ ေပါက္လာလွ်င္ “ငါကံေကာင္းလာၿပီ။ သီလေလး ေဆာက္ တည္ၿပီး ေနဦးမွ”
ဘုရားရွိ ခိုးခ်င္စိတ္ ေပါက္လာလွ်င္ “ငါ ကံေကာင္းလာၿပီ။
ဘုရားရွိခိုးၿပီးေတာ့ ပူေဇာ္လိုက္ဦးမွ” ဘာဝနာ ကမၼ႒ာန္း ပြားမ်ားခ်င္စိတ္ တရားအားထုတ္ခ်င္ စိတ္ေပါက္လာလွ်င္“ငါ ကံေကာင္းလာၿပီ။ ပြားမ်ားျဖစ္ေအာင္ ပြါးမ်ား လိုက္ဦးမွ၊
အားထုတ္ျဖစ္ေအာင္ အားထုတ္ လိုက္ဦးမွ”
စသည္ျဖင့္ ေကာင္း ကံမ်ား အထေျမာက္ ေအာင္ျမင္ေစရန္ ႀကိဳးစား လုပ္ေဆာင္ ရမည္ ျဖစ္သည္။
ေကာင္းစိတ္မ်ားေပၚလာၿပီး ေကာင္းကံမ်ားကို ျပဳလုပ္အား ထုတ္ျဖစ္လွ်င္ အခြင့္အေရးေကာင္း အေျခအေနေကာင္းမ်ား ရလာၿပီဟု မွတ္ယူရမည္ျဖစ္ၿပီး
၎အခြင့္ေကာင္း အေျခအေနေကာင္းမ်ားကို လက္မလြတ္ေစရန္ လြန္စြာအေရးႀကီးပါသည္။