General Knowledge

အပျို ၊ အပျိုစစ်တယ်၊ အပျိုစင်တယ်ဆိုတာဘာလဲ…

အပျို ၊ အပျိုစစ်တယ်၊ အပျိုစင်တယ်ဆိုတာဘာလဲ…

၁။ အပျို

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ..၊။အားလုံးသိကြမှာပါ။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ။ အိမ်ထောင်မရှိဘူး၊ လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်။

ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင်သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်။ ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်.။

ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ။ ဒါကို အပျိုလို့ခေါ်ပါတယ်.။ ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်။….

၂။ အပျိုစစ်

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိ အပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်။….

ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ခေါ်ဆိုနိုင်ပါတယ်။…

၃။ အပျိုစင်

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး.။ ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့လဲ ပြောလို့ရပါတယ်။ အပျိုစင် ဆိုတာဘာလဲ။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်။…

ဒါပေမယ့် ဘယ်ယောက်ျားများနှင့် ထိတွေ့ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်။….

ယနေ့လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီ။ အပျိုစင် မပြောနှင့် အပျိုစစ်ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီလား။….

ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့ တာဝန်ပါ။တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်..။ ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ…

အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။ ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့…

သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီ။..

ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ရယ်.။ ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ။ အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်။…

ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်။ဒါတောင် ဆယ်ပွင့်ကြွေလို့ တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ။….

ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်။ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်.။…

ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်။ ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် ကို့ ညီမတွေ ကြိုးစားကြပါ။….

နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့ ဘဝကို ပုံမအပ်လိုက်ကြပါနဲ့။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့ ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ.။…

အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့်ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရအကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး။ အချစ်နဲ့ ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ။…

ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ။

Credit