General Knowledge

မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာသိစေနိုင်တဲ့အချက် ၁၀ ချက်…

မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာသိစေနိုင်တဲ့အချက် ၁၀ ချက်…

ကိုယ်ရွေးချယ်မယ့်သူသို့မဟုတ်ကိုယ်နဲ့ပတ်သတ်နေတဲ့သူတစ်ယောက်ကလူရှုပ်လူပွေတစ်ယောက်ဖစ်နေမှာကိုပျိုမေတို့စိုးရိမ်တတ်ကြပါတယ်။

ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာက ပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက် နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ယခုလို လူရှုပ်တစ်ယောက်ကို မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့ အချက် ၁၀ ချက်ကို မျှဝေပေးပါရစေ။

၁။ သင်နဲ့တွဲနေတာကို အခြားသူတွေမမြင်လိုဘူး။

သင့်ကိုအမျိုးသားတစ်ယောက်ကတကယ်ချစ်တဲ့အခါ တကမ္ဘာလုံးသိအောင်ချပြဖို့လည်းဝန်မလေးတတ်ပါဘူး။သူ့ရဲ့မိသားစု၊သူငယ်ချင်းတွေနဲ့သိခွင့်ပေးတာတွေသင့်အကြောင်းပြောပြတာတွေကို

သူသေချာ လုပ်ပြပါ လိမ့်မယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင်ဟာသူ့ရဲ့အစိတ်အပိုင်းတခုလို အရမ်းကိုအရေးပါလို့ပါ။

တကယ်လို့သာ သင်နဲ့တွဲသာတွဲနေရတယ် လူတွေ့မခံချင်တာတွေ၊ ခိုးကြောင်ခိုးဝှက် လူမသိအောင် ချိန်းတွေ့တာတွေ၊

သူ့ရဲ့သူငယ်ချင်းတွေ မိသားစုတွေ ကိုလည်း သိခွင့်မပေးတာတွေ လုပ်နေခဲ့ရင် သင့်ကိုသူအပျော် သဘောမျိုးနဲ့ တွဲနေတာဖြစ် နိုင်ပါတယ်။

သင့်ဆီက သူလိုချင်တာတွေအကုန်ယူ လို့ပြီးသွားရင် သင့်ကိုလူ မသိလိုက်ပဲ ပစ်ထားခဲ့နိုင် တာကြောင့် ယခုလို အပြုအမူ မျိုးရှိရင် ခိုင်လုံတဲ့ အကြောင်းပြ ချက်တောင်းပါ။ အယုံ မလွယ်ပဲ အသေအချာ ဆုံးဖြတ်ဖို့ လိုပါတယ်။

၂။ သင့်ကိုဖုန်းခေါ်ဖို့ ခက်ခဲနေတယ်။

တကယ်ချစ်တဲ့ချစ်သူတွေဆိုရင် နေ့တိုင်းမကြာခဏဆိုသလို ဖုန်းဆက်တတ်ကြပြီး နာရီအတော်ကြာကြာထိအောင် တစ်ယောက်နဲ့တစ်ယောက် ပြောလို့မဝပဲ ဖြစ်တတ်ပါတယ်။

နေ့တိုင်းစကားတွေ ဘယ်လောက်ပြောပြောရိုးသွားတယ်ဆိုတာ မရှိပါဘူး။

တကယ်လို့ချစ်သူဆီ နှစ်ရက်လောက်ဖုန်းမဆက်ရရင်ပဲ လောကကြီးဟာအဓိပ္ပာယ်မရှိတော့သလို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် သူကသင့်ကိုဖုန်းခေါ်ဖို့ အမြဲတမ်းမေ့နေမယ်။

သင်ကစဆက်သွယ်မှအကြောင်းပြချက်အမျိုးမျိုးနဲ့ ပြောနေမယ်ဆိုရင် သင့်ကိုသိပ်စိတ်မဝင်စားတော့ပဲ အခြားတ စ်ယောက်နဲ့ အချိန်တွေဖြုန်းနေတာ ဖြစ်နိုင်ပါတယ်။

အခြားမိန်းကလေးတစ်ယောက်ကိုလည်း သင့်လိုပဲလိမ်ညာနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလိုလူမျိုးတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာကြုံခဲ့ရလို့ပါပဲ

၃။ သင့်အပေါ်ပွင့်လင်းမှုမရှိဘူး။

ယောကျာ်းလေးတစ်ယောက် သင့်ကိုတကယ်ချစ်တဲ့အခါ သင့်ဘဝတစ်ခုလုံးရဲ့အကြောင်းကို သင့်နဲ့အတူမျှဝေပေးတတ်ပါတယ်။

သူ့အကြောင်း အရာအားလုံး သင့်ကိုမခြွင်းမချန်ပြောပြဖို့ ဝန်မလေး တတ်ပါဘူး။ဒါဟာဘာကြောင့်လဲဆိုတော့ သူဟာသင့်ရဲ့ အာရုံစိုက်မှုကို လိုလားပြီး သင့်ရဲံအချစ်နဲ့ သူ့အပေါ် ပံ့ပိုးမှုကို လိုလားတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် လူရှုပ်လူတပွေတစ်ယောက်ကတော့ သူ့ရဲ့အကြောင်းနဲ့ ပတ်သတ် တာတွေကို သင့်အပေါ်ဖုံးကွယ်ထားပြီး ဘယ်တော့မှလည်း ရင်မဖွင့်တတ်ပါဘူး။

ဒါဟာသင့်ကို တကယ်စိတ်မဝင်စားပဲ အပျော်သဘောမျိုး ထားတာကြောင့် ဖြစ်နိုင်ပါတယ်။

၄။ အာမမခံတတ္ဘူး

သင့်အပေါ် တကယ်ချစ်တဲ့ အမျိုးသား တစ်ယောက်ဟာ သင်နဲ့အတူရှိနေ ဖို့အတွက် အချိန်ရရှိအောင် ကြိုးစား တတ်ပါတယ်။

သင့်ရဲ့အချိန်တွေဟာ တန်ဖိုးရှိ တာကို သူသိရှိပြီး သင်နဲ့တွေ့ဖို့ဆိုရင် ဘယ်တော့မှ မငြင်းဆန်တတ်ပဲ သင်နဲ့အချိန်တွေကို အတူတူကုန် ဆုံးချင်နေပါတယ်။

ဒါပေမယ့် လူရှုပ်လူပွေ တစ်ယောက် ဆိုရင်တော့ သင်နဲ့အတူတူ ရှိမယ့် အစီအစဉ်တွေကို အမြဲတမ်းလိုလို cancel လုပ်နေ တတ်ပြီး ဘယ်တော့မှ အာမခံနိုင်စွမ်း မရှိပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ သင့်ထက်ပိုအရေးကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့ဖို့ချိန်းခဲ့လို့ ဖြစ်နိုင် ပါတယ်။ လူတိုင်းဟာ အလုပ်များတာကြောင့် တခါတလေမှာ အစီအစဉ်တွေကို ဖြတ်လိုက် ရတာကို နားလည်ပါတယ်။

ဒါပေမယ့် သာမာန်မဟုတ်တဲ့ အခြေအနေတွေနဲ့အတူ ကတိမ တည်တာတွေ များလာရင်တော့ သင့်ကိုသူ လှည့်စားနေ တာဖြစ်နိုင် ပါတယ်။

၅။ သင့်ရဲ့ခံစားချက်က အရေးပါဘူး

သင့်ကိုတကယ်ချစ်တဲ့ ချစ်သူဟာ သင့်ရဲ့ခံစားချက်တွေကို အစွမ်းကုန် ဂရုစိုက် တတ်ပါတယ်။ သင့်ကိုသူက ဘယ်တော့မှ မနာကျင်စေချင် သလို အမြဲတမ်းပြုံးနေစေ ချင်တဲ့သူပါ။

တကယ်လို့ သင်တို့နှစ်ယောက် စကားများရင်တောင်မှ သူက သင့်ကိုပြန်ပြီး ချော့ဖို့ဝန် မလေး တတ်သူ ဖြစ်ပါ တယ်။

ဒါပေမယ့် သင့် ချစ်သူက သင်ဝမ်းနည်းနေ တာကို ဂရုမ စိုက်ရင် သင်စိတ် ဓါတ်ကျနေ တဲ့အချိန် အားပေးမှုမရှိရင် သင့်ကို အဆင်ပြေရဲ လားတောင် မေးဖော် မရရင်၊

ဒါမှမဟုတ် အတုအယောင် စာနာမှုတွေကိုသိသိသာသာဖော်ပြ တတ်ရင် သူကသင့်ကို တကယ်မချစ်ပဲ ခြေရှုပ်ဖို့ သက်သက် သဘောထားသူ ဖြစ်နိုင်ပါတယ်။

၆။ သူ့မှာမိန်းကလေးသူငယ်ချင်းတွေ အမြောက်အများရှိရင်

တကယ်လို့ယောကျာ်းတစ်ယောက်ဟာ ယောကျာ်းလေးသူငယ်ချင်းထက် မိန်းကလေးသူငယ်ချင်းကပိုများနေပြီး မိန်းကလေးအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်စွာရောနှောနေတတ်ရင် တကယ့်ကို လူရှုပ်လူပွေတစ်ယောက်လို့ပြောလို့ရပါတယ်။

မိန်းကလေးသူငယ်ချင်းထားတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် လိုတာထက်ပိုပြီး မိန်းကလေးတွေနဲ့ ကျွမ်းဝင်လိုသူ ဖုန်းနဲ့

တချိန်လုံး တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်နေတဲ့သူဟာ သင့်တစ်ယောက်တည်းကို ချစ်တယ်ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး။ ဒီလိုလူမျိုးကို ရှောင်တာပိုကောင်းပါတယ်။

၇။ အမြဲတမ်းစောဒကတက်တတ်သူ

သင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်ဟာ သင်ဘယ်လိုပုံစံဖြစ်နေပြီး ဘယ်လိုအနံ့ရှိနေတယ်ကအစ သိပ်ပြီးဂရုမစိုက်တတ်ကြပါဘူး။ သင်ဖြစ်နေတဲ့အတွက်ကို သူကချစ်နေရတာပါ။

ဒါပေမယ့် သင့်ချစ်သူက သင်အကောင်းဆုံးသူ့အတွက် ပြင်ဆင်ခဲ့ရင်တောင်မှအမြဲတမ်းအပြစ်တခုခုကိုရှာပြီး ပြောဆိုတတ်သူ၊ သင့်ရဲ့အားစိုက်မှုအားလုံးကို အလဟဿဖြစ်စေတတ်သူဆိုရင်

သင့်ကိုတကယ်မချစ်ပဲ အမြဲတမ်းနာကျင်ခံစားအောင် လုပ်နေမယ့်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့အလှကို ရှုပ်ပွေဖို့အတွက်သာ တွဲတဲ့သူတစ်ယောက်ပါ။

၈။ သူ့ဖုန်းကို လုံးဝပေးမကိုင်ပဲ တခုခုဖုံးကွယ်ထားတယ်

စစ်မှန်တဲ့ relationship တစ်ခုဟာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ ဖုန်းနဲ့ ဆိုရှယ်နက်ဝပ်ဟာ ချစ်ရတဲ့သူထက်ပိုပြီး အရေးကြီးမနေသင့်ပါဘူး။

တချို့အမျိုးသားတွေဆိုရင် ချစ်သူနဲ့ အကောင့်တစ်ခုကိုမျှဝေသုံးတာ ဖုန်းထဲကဂိမ်းကိုချစ်သူကို

ပေးဆော့တာတွေ ပြုလုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာဖုံးကွယ်ထားတာမရှိလို့ပါပဲ။

ဒါပေမယ့် သူကတော့ သူ့ဖုန်းကို လုံးဝအထိမခံပဲ သူစာရိုက်နေတဲ့အချိန် သင့်ကြည့်တဲ့အခါ ကွယ်သွားတာ ဖုန်းပြောတဲ့အချိန် သင်နဲ့ဝေးရာကို သွားပြောနေတာတွေဟာ သူ့ရဲ့မရိုးသားမှုကို ဖော်ပြနေတာပါ။

သင်ကသူ့ဖုန်းကိုကြည့်ဖို့ ဘယ်လောက်ပြောပြော သူ့ဖုန်းကိုလုံးဝမပြသလို သူကိုမယုံရကောင်းလားဆိုးပြီး သင့်ကိုပြန်အပြစ်တင်နေ တာတွေဟာသူတကယ်ဖောက်ပြန်နေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၉။ သူ့အတိတ်က လှို့ဝှက်နက်နဲတယ်

တစ်စုံတစ်ယောက်ကို အဖြေမပေးရသေးခင်မှာ သူ့ရဲ့အရင်ကအကြောင်းကို သင်သေသေချာချာ သိရှိထားဖို့ လိုအပ်ပါတယ်။

ယောကျာ်းလေးတော်တော်များများကတော့ အဖြေမရမှာစိုးတဲ့အတွက် အနည်းငယ်ညာချင်ကြပါတယ်။

ဒါ့ကြောင့် သူတို့အရင်က ရည်းစားဘယ်နှစ်ယောက် ထားဖူးလဲလို့ မေးတဲ့အခါ တကယ်လက်တွေ့ထက် ပိုနည်းစွာဖြေလေ့ရှိကြပါတယ်။

သင့်မတိုင်က တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ တွဲခဲ့ပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲခဲ့တာဆိုရင် သိပ်အပြစ်မရှိပါဘူး။

ရည်းစားသက်စေ့ထားပြီး မိန်းကလေးတိုင်းကို လိုချင်တာရယူပြီးမှ အသဲခွဲတတ်သူဆိုရင် လုံးဝရှောင်ရှားဖို့လိုပါတယ်။

ဒါ့ကြောင့် အတိတ်က အရမ်းကိုလှို့ဝှက်ချက်များတဲ့သူဆိုရင် သတိထားဖို့လိုပါတယ်။

၁၀။ ရုပ်ပိုင်းဆိုင်ရာ လိုချင်တက်မက်မှုများတဲ့သူ

သင်နဲ့စကားပြောတဲံအချိန်ထက် သင်နဲ့ရုပ်ပိုင်းထိတွေ့ဖို့ သင်နဲ့အတူတူအိပ်ဖို့ အမြဲတမ်းကြိုးစားနေရင် သူဟာနှာဘူး သို့မဟုတ် လူရှုပ်လူပွေတစ်ယောက် ဖြစ်နိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဟာ Relationship တိုင်းအတွက်အရေးပါပါတယ်။ ဒါပေမယ့် relationship ကိုတော့ ဒီအရာနဲ့တိုင်းတာဆုံးဖြတ်လို့ မရပါဘူး။

တကယ်လို့သူက သင်ဘယ်လိုခံစားနေရတယ်ဆိုတာကိုတောင် ဂရုမစိုက်ပဲ ကိုယ်လက်နှီးနှောဖို့ပဲ အလျှင်လိုနေတဲ့သူ တကယ်လို့သင်ကငြင်းဆန်တဲ့အခါ

သင့်အပေါ်အကြီးအကျယ်ပေါက်ကွဲတာ သို့မဟုတ် အတင်းအကျပ်ပြုလုပ်တာတွေဟာ သင့်ရဲ့ခန္ဓာကိုယ်ကိုပဲ လိုချင်နေတဲ့ လူရှုပ်လူပွေတစ်ယောက်ဖြစ်ပါတယ်။