စုံတွဲတွေ လမ်းခွဲပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း အဓိပ္ပါယ်မဲ့အကြောင်းပြချက်များ
လိမ်လည်လှည့်စားခြင်း ဒါမှမဟုတ် အဆက်မပြတ် ရန်ဖြစ်စကားများတိုက်ခိုက်ခြင်းလိုမျိုး လေးနက်တဲ့ကိစ္စတွေကသာ ကွာရှင်းပြတ်စဲလမ်းခွဲဖို့ကို စဉ်းစားသင့်တယ်လို့ ထင်မြင်မိပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာ စုံတွဲတွေဟာ တကယ့်ကိုထူးဆန်းပြီး အရမ်းကိုကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ရတတ်တဲ့ အရာတွေကြောင့် လမ်းခွဲဖို့ဆုံးဖြတ်တတ်ကြတာ ဖြစ်ပါတယ်။
-ဆိုရှယ်မီဒီယာ
ဒီကနေ့ခေတ်မှာ လူတွေဟာ ဆိုရှယ်မီဒီယာပေါ်တွင် အချိန်များစွာကုန်ဆုံးနေကြပြီး တစ်ချို့လူတွေက ဒါကိုရူးသွပ်စွာ စွဲလန်းလာနေကြတာပါ။
ဥပမာအားဖြင့် – အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ယောာက်ဟာ ခင်ပွန်းဖြစ်သူက Facebook account ရဲ့ relationship status တွင် လက်ထပ်ထားကြောင်း မပြောင်းလဲခဲ့တဲ့အတွက် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
– မဆေးကြောရသေးတဲ့ ပန်းကန်တွေ
မဆေးကြောရသေးတဲ့ ညစ်ပတ်နေတဲ့ ပန်းကန်တွေကြောင့် ကွာရှင်းပြတ်စဲတဲ့အထိ ဖြစ်လာနိုင်တယ်လို့ သင်ထင်လား။
ဒါပေမယ့် ဒါဟာစုံတွဲတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာတစ်ခုဖြစ်ပြီး နောက်ဆုံးသည်းမခံနိုင်တဲ့အဆုံးမှာ ဒီအချက်ကြောင့်ပဲ လမ်းခွဲကြတဲ့အထိ ဖြစ်လာကြတာဖြစ်ပါတယ်။
-ပို့ထားတဲ့မက်ဆော့ချ်တွေကို လျစ်လျူရှုခြင်း
ထိုင်ဝမ်နိုင်ငံမှ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်းက မက်ဆော့ချ်တွေကို ဖတ်ပြီးနောက် အကြောင်းပြန်ခြင်းမရှိတာကြောင့် ကွာရှင်းခဲ့ပါတယ်။
သူမက ခင်ပွန်းဖြစ်သူဟာ သူမကိုလျစ်လျူရှုထားကြောင်း သက်သေအဖြစ် သူမရဲ့စာတွေကို သက်သေအဖြစ်ပြသခဲ့ပါတယ်။
-စားသောက်ပုံ အလေ့အကျင့်ဆိုး
Kuwaiti အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ စားသောက်ပုံစံအနေအထားကို မကြိုက်တာကြောင့် လက်ထပ်ပြီးတစ်ပတ်အကြာအတွင် ကွာရှင်းဖို့ လျှောက်ထားခဲ့ပါတယ်။
အမျိုးသမီးက ခင်ပွန်းဖြစ်သူရဲ့ ညံ့ဖျင်းတဲ့အပြုအမူကြောင့် အံ့သြသွားတယ်လို့ ဆိုပါတယ်။
-အဝတ်လျှော်ခြင်း
ဘောလုံးပရိတ်သတ်တစ်ဦးက အဝတ်လျှော်တဲ့ပြသနာကြောင့် ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။
သူဟာ တီရှပ်ပေါ်တွင် ဘောလုံးသမားတွေရဲ့လက်မှတ်တွေကို စုဆောင်းခဲ့ပြီး ဇနီးဖြစ်သူက အဲဒီတီရှပ်ကို လျှော်ဖို့ဆုံးဖြတ်ခဲ့ပုံပါပဲ။ အကျီ ၤကိုလျှော်လိုက်တဲ့အတွက် လက်မှတ်တွေအားလုံး ပျက်သွားခဲ့ပါတယ်။
-မိတ်ကပ်
လက်ထပ်ပြီး ရက်အနည်းငယ်အကြာတွင် အမျိုးသားတစ်ဦးက မိတ်ကပ်မလိမ်းထားတဲ့ ဇနီးသည်ကိုမြင်ပြီးနောက် စွန့်ပစ်ခဲ့ပါတယ်။
အသက် 34 နှစ်အရွယ် အမျိုးသားက သူမဟာ မင်္ဂလာပွဲမတိုင်ခင်ကလို ရုပ်ရည်မလှတော့ဘူးလို့ ဆိုပါတယ်။
ခင်ပွန်းဖြစ်သူက မျက်တောင်တုနဲ့ အလှကုန်တွေအသုံးပြုကာ လှည့်ဖြားခဲ့ကြောင်း ဇနီးဖြစ်သူကို စွပ်စွဲပြောဆိုခဲ့ပါတယ်။
-သန့်ရှင်းရေးလုပ်ခြင်း
2009 ခုနှစ်တွင် ဂျာမန်အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ 15 နှစ်ကြာလက်တွဲပြီးနောက် ကွာရှင်းခဲ့တာဖြစ်ပါတယ်။
သူမဟာ တစ်ချိန်လုံးသန့်ရှင်းရေးလုပ်နေတတ်တဲ့ ခင်ပွန်းဖြစ်သူကို ငြီးငွေ့လာတယ်လို့ ဆိုပါတယ်။
သူမဒါကို ကျင့်သားရလာပြီလို့ထင်ပေမယ့် ခင်ပွန်းဖြစ်သူက ညစ်ပတ်နေတဲ့အိမ်နံရံကိုဖြိုချပြီး အသစ်ပြန်ဆောက်တဲ့အခါမှာတော့ သူမဟာတော်သင့်ပြီဆိုတာကို သဘောပေါက်ခဲ့ပါတယ်။
-ရည်းစားစာ
အီတလီတွင် အသက် 99 နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့အိမ်ထောင်သက် 77 နှစ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အကြောင်းအရင်းကတော့ 1940 ခုနှစ်တွေမှာ ဇနီးဖြစ်သူက ချစ်သူထံလျို့ဝှက်စွာ ရေးထားခဲ့တဲ့ ရည်းစားစာကို တွေ့ရှိသွားတဲ့အတွက်ကြောင့်ပါ။
ဇနီးဖြစ်သူက သူတို့ရဲ့အိမ်ထောင်ရေးကို မပြိုကွဲဖို့ကြိုးစားခဲ့ပေမယ့် ခင်ပွန်းသည်ကတော့ ဆုံးဖြတ်ချက်ချပြီးသွားပြီပဲဖြစ်ပါတယ်။
-Phone nickname
2009 ခုနှစ်တွင် ဆော်ဒီအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူက ဖုန်းထဲမှာမှတ်ထားတဲ့ သူမရဲ့နာမည်ပြောင်ကိုတွေ့ပြီးနောက် အိမ်ထောင်သက် 17 နှစ်တွင် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်စစ်အကျဉ်းထောင်တစ်ခုဖြစ်တဲ့ ‘Guantanamo’ ဟု အမည်ပေးထားတဲ့ သူမရဲ့ဖုန်းနံပါတ်ကို တွေ့လိုက်ရတဲ့အခါ အမျိုးသမီးဟာ စိတ်ဆိုးပြီးကွာရှင်းဖို့ ချက်ချင်းတောင်းဆိုခဲ့တာဖြစ်ပြီး
ခင်ပွန်းဖြစ်သူကတော့ ဒါကိုရယ်စရာတစ်ခုအဖြစ် မြင်ခဲ့ပေမယ့် နောက်ဆုံးမှာ ကံမကောင်းစွာနဲ့ မိန်းမဖြစ်သူရဲ့လုပ်ရပ်ကြောင့် မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။