General Knowledge

ပန်းကန်ဆေးဘဝကနေ သန်းကြွယ်သူဌေးတစ်ဦးဖြစ်အောင် ကြိုးစားခဲ့သော လေးစားဖွယ်အမျိုးသမီး

ပန်းကန်ဆေးဘဝကနေ သန်းကြွယ်သူဌေးတစ်ဦးဖြစ်အောင် ကြိုးစားခဲ့သော လေးစားဖွယ်အမျိုးသမီး။ ကြိုးစားအားထုတ်မှုကြောင့် ပန်စကန်ဆေးဘဝကနေ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ငယ်စဥ်က မိဘနှစ်ပါးမှာ နယ်ဝေးရပ်ခြားဒေသသို့ အလုပ်သွားရောက် လုပ်ကိုင်စဥ်

သူတို့မောင်နှမသုံးယောက်ကို ဦးလေးဆီမှာအပ်နှံကာ ကြည့်ရှုစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ဦးလေးဖြစ်သူသည် သူတို့မောင်နှမ အငယ်လေးတွေကို ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အစား အမြဲဆူဆဲရိုက်နှက်ရုံမက

မိဘနှစ်ပါး လစဥ်ထည့်လာပေးသည့် ငွေများအားလုံးကိုလည်း သူတစ်ယောက်တည်း သုံးဖြုန်းပစ်ခဲ့သေးသည်။

ထို့ကြောင့် အကြီးဖြစ်သည့် အမျိုးသမီးမှာ အသက် ၇ နှစ်အရွယ်လေးနဲ့ စားသောက်ဆိုင်တွေမှာ ပန်းကန်လိုက်ဆေးခဲ့ပြီး သူမရဲ့မောင်နှမတွေကို ပြန်လည်ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ထို့နောက် အမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ်တွင် ပန်းကန်ဆေးအလုပ်အပြင် ရပ်ကွက်ထဲ အဝတ်အဌားလျှော်ကာ ဝင်ငွေရှာခဲ့ပေမယ့် စားဝတ်နေရေးအတွက် မလုံလောက်ခဲ့၍

ပင်ပန်းဆင်းရဲလွန်းတာကြောင့် အားကိုးရှာသည့်အနေနှင့် အိမ်ထောင်ပြုခဲ့သည်။

အမျိုးသမီးခမျာ ကံဆိုးစွာပဲ ယူထားသည့်ယောကျာ်းမှာ ရှာမကျွေးပဲ သူမကိုယ်တိုင် ပြန်ရှာကျွေးနေရသည့်အတွက် သိပ်မကြာခင်မှာပဲ ကွာရှင်းကာ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားသို့ သွားရောက်ခဲ့သည်။

နောက်ဆုံးတွင် အမျိုးသမီးသည် ငွေအတော်များစုမိခဲ့ပြီး မွေးရပ်မြေသို့ ပြန်လာကာ စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကြိုးစားအားထုတ်မှုကြောင့် လက်ရှိတွင် ဇိမ်ခံတိုက်အိမ်ကြီးနှင့်အတူ ကားလေးစီးပိုင်ဆိုင်ထားသည်။

ပန္းကန္ေဆးဘဝကေန သန္းႂကြယ္သူေဌးတစ္ဦးျဖစ္ေအာင္ ႀကိဳးစားခဲ့ေသာ ေလးစားဖြယ္အမ်ိဳးသမီး။ ႀကိဳးစားအားထုတ္မႈေၾကာင့္ ပန္စကန္ေဆးဘဝကေန သန္းႂကြယ္သူေဌးတစ္ဦးျဖစ္လာခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္ ၃၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ငယ္စဥ္က မိဘႏွစ္ပါးမွာ နယ္ေဝးရပ္ျခားေဒသသို႔ အလုပ္သြားေရာက္ လုပ္ကိုင္စဥ္

သူတို႔ေမာင္ႏွမသုံးေယာက္ကို ဦးေလးဆီမွာအပ္ႏွံကာ ၾကည့္ရႈေစာင့္ေရွာက္ေပးရန္ ေတာင္းဆိုခဲ့သည္။

သို႔ေသာ္လည္း ဦးေလးျဖစ္သူသည္ သူတို႔ေမာင္ႏွမ အငယ္ေလးေတြကို ေကာင္းမြန္စြာ ေစာင့္ေရွာက္ေပးမည့္အစား အၿမဲဆူဆဲ႐ိုက္ႏွက္႐ုံမက

မိဘႏွစ္ပါး လစဥ္ထည့္လာေပးသည့္ ေငြမ်ားအားလုံးကိုလည္း သူတစ္ေယာက္တည္း သုံးျဖဳန္းပစ္ခဲ့ေသးသည္။

ထို႔ေၾကာင့္ အႀကီးျဖစ္သည့္ အမ်ိဳးသမီးမွာ အသက္ ၇ ႏွစ္အ႐ြယ္ေလးနဲ႔ စားေသာက္ဆိုင္ေတြမွာ ပန္းကန္လိုက္ေဆးခဲ့ၿပီး သူမရဲ႕ေမာင္ႏွမေတြကို ျပန္လည္ေကြၽးေမြးေစာင့္ေရွာက္ခဲ့သည္။

ထို႔ေနာက္ အမ်ိဳးသမီးသည္ အသက္ ၁၃ ႏွစ္အ႐ြယ္တြင္ ပန္းကန္ေဆးအလုပ္အျပင္ ရပ္ကြက္ထဲ အဝတ္အဌားေလွ်ာ္ကာ ဝင္ေငြရွာခဲ့ေပမယ့္ စားဝတ္ေနေရးအတြက္ မလုံေလာက္ခဲ့၍

ပင္ပန္းဆင္းရဲလြန္းတာေၾကာင့္ အားကိုးရွာသည့္အေနႏွင့္ အိမ္ေထာင္ျပဳခဲ့သည္။

အမ်ိဳးသမီးခမ်ာ ကံဆိုးစြာပဲ ယူထားသည့္ေယာက်ာ္းမွာ ရွာမေကြၽးပဲ သူမကိုယ္တိုင္ ျပန္ရွာေကြၽးေနရသည့္အတြက္ သိပ္မၾကာခင္မွာပဲ ကြာရွင္းကာ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အကူအညီနဲ႔ ႏိုင္ငံျခားသို႔ သြားေရာက္ခဲ့သည္။

ေနာက္ဆုံးတြင္ အမ်ိဳးသမီးသည္ ေငြအေတာ္မ်ားစုမိခဲ့ၿပီး ေမြးရပ္ေျမသို႔ ျပန္လာကာ စားေသာက္ဆိုင္ႀကီးတစ္ခု ဖြင့္လွစ္ခဲ့ၿပီး ႀကိဳးစားအားထုတ္မႈေၾကာင့္ လက္ရွိတြင္ ဇိမ္ခံတိုက္အိမ္ႀကီးႏွင့္အတူ ကားေလးစီးပိုင္ဆိုင္ထားသည္။