Cele News

ကိုဗစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဆေးရုံပြန်တက်ရပြီးဆေးကုသမှုခံယူနေရတဲ့ ပိုင်တံခွန်ရဲ့မိခင်ကြီး

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန် ဟာ မိဘကိုသိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။

ပိုင်တံခွန်အကျဉ်းကျနေစဉ်အချိန်အတွင်း သူ့ရဲ့မိခင်ဟာလည်း ကိုဗစ်ရောဂါကြောင့် ဆေးရုံမှာအချိန်အကြာကြီး ကုသမှုခံယူခဲ့ရပြီး မိသားစုအခက်အခဲတွေကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့မိခင်ဟာ သားဖြစ်သူပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာစိတ်ချမ်းသာနေတာကြောင့် ပြန်လည်ကျန်းမာလာခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက်အရွယ်တစ်ခုရရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်ရဲ့ မေမေဟာ ဒီကနေ့မှာတော့ ကိုဗစ်ရဲ့နောက်ဆက်တွဲကျန်းမာရေးအခြေအနေတွေကြောင့် ဆေးရုံတက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပိုင်တံခွန်ရဲ့အစ်မ ဓာတ်ပုံဆရာမလေး မေချစ်သွေးက ဆေးရုံတက်နေတဲ့ မေမေ့ရဲ့ဓာတ်ပုံကို မျှဝေပြီး “COVID နောက်ဆက်တွဲရဲ့ ဆိုးကျိုးတွေ..😢” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။

ပိုင်တံခွန်ရဲ့မေမေကတော့ ပြီးခဲ့တဲ့နှစ်မှာလည်း အချိန်အကြာကြီးဆေးရုံတက်ပြီး ပြန်လည်ကျန်းမာလာခဲ့သလို

ဒီတစ်ခါမှာလည်း အမြန်ဆုံးကျန်းမာမယ်ဆိုတာ အသေအချာပါပဲ။

ကိုဗစ်ရောဂါဆိုးကြီးကိုတောင်အံတုနိုင်ခဲ့တဲ့အန်တီကြူတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Chit Thway’s fb

Credit











Credit