General Knowledge
အသည်းကွဲတဲ့အခါ သင့်ခန္ဓာကိုယ်ကပါဒီလိုတွေဆိုးဆိုးရွားရွားခံစားရပါတယ်…
အသည်းကွဲတဲ့အခါ သင့်ခန္ဓာကိုယ်ကပါဒီလိုတွေဆိုးဆိုးရွားရွားခံစားရပါတယ်…
အသည်းကွဲတဲ့အခါ လူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာမှာပဲ ခံစားရတယ်လို့ ထင်ရပေမယ့်
တကယ်တမ်းခန္ဓာကိုယ်ကပါ အသည်းကွဲတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံစားရတယ်ဆိုတာ သင်သိပါလား။
(၁) အစားသောက်မမှန်တာမျိုးဖြစ်လာနိုင်ပါတယ်။ အရမ်းစားမိတာမျိုး၊ အစာစားချင်စိတ်ကို မဖြစ်တော့တာမျိုးတွေပေါ့။
(၂) နှလုံးခုန်နှုန်းတွေ နည်းလာပါလိမ့်မယ်။
သင့်စိတ်ထဲမှာ ဝမ်းနည်းမှုကို ခါးဆီးခံထားရတဲ့အတွက် စိတ်မှာဖိဆီးမှုသွားဖြစ်ကာ သွေးလည်ပတ်မှုကို နှောင့်နှေးစေကာ နှလုံးခုန်နှုန်းလည်း လျော့နည်းလာတတ်ပါတယ်။
တစ်ခါတစ်လေ နှလုံးတောင် တစ်ချက်ချက် စူးအောင့်တတ်ပါသေးတယ်တဲ့။
(၃) အသည်းကွဲတာနဲ့ သင့်ရဲ့ အိပ်ရေးပျက်တဲ့ ဒဏ်ကို ကောင်းကောင်းခံရမှာပါ။ စိတ်က မအိပ်ချင်ပေမယ့် ခန္ဓာကိုယ်က ပေးမအိပ်တာမျိုးပေါ့။
(၄) စိတ်ပိုင်းဆိုင်ရာနာကျင်မှုတင်သာမကဘဲ ခန္ဓာကိုယ်မှာပါ နာကျင်မှုတွေခံစားလာရပါတယ်။
ဥပမာ – ခေါင်းအရမ်းကိုက်တာ၊ ဗိုက်အရမ်းအောင့်တာ၊ ကိုယ်တွေလက်တွေကိုက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်။
(၅) ခန္ဓာကိုယ်ဟာ အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေပါလိမ့်မယ်။
(၆) ဒါကတော့ စိတ်ရောကိုယ်ရော ခံစားမှုတွေပါ။ ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးကအစ ဝမ်းနည်းတတ်လာမယ်၊ မျက်ရည်လွယ်လာလိမ့်မယ်။ အကောင်းမမြင်တော့ဘူး။
(၇) လမ်းတွေပျောက်လာမယ်၊ အာရုံစိုက်လို့ပါမရတော့တာမျိုးဖြစ်လာပြီး အရာရာကိုအရှုံးပေးလာတတ်မယ်။
(၈) ဘယ်လိုကိစ္စကိုမျိုးပဲဖြစ်ဖြစ် ဆတ်ဆတ်ထိမခံနိုင်ဖြစ်လာပါမယ်။
(၉) မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုတွေပျောက်ဆုံးလာပါလိမ့်မယ်။ ကိုယ့်ရဲ့ ရုပ်ရည်၊ ပုံစံ၊ အရည်အချင်းစတဲ့အရာရာအားလုံးအပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။