General Knowledge

ဘယ်လောက်ပဲ ရင်နင့်အောင်ချစ်ရတဲ့သူဖြစ်ပါစေ စွန့်လွှတ်လိုက်တတ်ကြတဲ့အခြေအနေများ…

ဘယ်လောက်ပဲ ရင်နင့်အောင်ချစ်ရတဲ့သူဖြစ်ပါစေ စွန့်လွှတ်လိုက်တတ်ကြတဲ့အခြေအနေများ…

မိန်းကလေးတွေက စိတ်ခံစားမှုကို ပိုပြီး ဦးစားပေးလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတွေက ဦးနှောက်ကို ပိုပြီး အသားပေးတဲ့ အချိန်တွေလည်း ရှိနေပါသေးတယ်။

မိန်းကလေးတွေက ချစ်မိတဲ့အခါ ပေးဆပ်မှုတွေနဲ့အတူ သည်းခံမှုတွေကိုပါ ပေးလေ့ ရှိကြပါတယ်။

ဒါပေမယ့်လည်း မိန်းကလေးတွေက ဘယ်လောက်ပဲ ရင်နင့်အောင် ချစ်ရတဲ့ ချစ်သူဖြစ်ပါစေ စွန့်လွှတ်လိုက်တတ်ကြတဲ့ အခြေအနေတွေ အခုလိုပဲ ရှိနေတတ်ပါသေးတယ်။

(၁) စိတ္ပ်က်သြားတဲ့အခါ

မိန်းကလေးတွေက ချစ်တဲ့အခါ မျက်စိမရှိဘူးလို့ ပြောရလောက်တဲ့ သူတွေ ဖြစ်ပါတယ်။

မိန်းကလေးတွေက ချစ်မိတဲ့အခါ ကိုယ့်လောက် မတော်လည်း ချစ်နိုင်တယ်၊ ကိုယ် မကြိုက်တဲ့အကျင့် ရှိသူ ဖြစ်လည်း ကြိုက်နိုင်ကြပါတယ်။

ဒါပေမယ့်လည်း မိန်းကလေးတွေက ချစ်မိကြသူတွေသာဆိုရင် တဖြည်းဖြည်း အတူ တိုးတက်အောင် ပြုပြင်ပြောင်းလဲကြမယ်လို့ မျှော်လင့်တတ်ကြတာ ဖြစ်ပါတယ်။

ကိုယ့်က ချစ်လို့ သည်းခံပေးတယ်၊ ပြုပြင်ဖို့ လုပ်နေပေမယ့်လည်း ကိုယ့်ချစ်သူက ဘယ်တော့မှ ကိုယ့်အပေါ် အလေးမထားဘဲ သူ့စိတ်တိုင်းကျချည်း နေတာများလာတဲ့အခါမှာတော့

မိန်းကလေးတွေက စိတ်ပျက်ပြီး စွန့်လွှတ်တတ်ကြပါတယ်။

(၂) ကိုယ့်ဘဝပါ ပျက်စီးမယ်လို့ ခံစားရတဲ့အခါ

မိန်းကလေးတွေတိုင်းက လူကောင်းလေးတွေကို ကြိုက်မိတတ်ကြတာတော့ မဟုတ်ပါဘူး။

မိန်းကလေးတွေက စစချင်းမှာတော့ ချစ်မိတဲ့ စိတ်နဲ့ ကိုယ့်ကောင်လေးရဲ့ မကောင်းတဲ့အကျင့်တွေကို သည်းခံ နားလည်ပေးကြပါတယ်။

ဒါပေမယ့် ကိုယ့်ကို ချစ်ရင် သူ ပြောင်းလဲပေးမယ်လို့ မျှော်လင့်ပြီး ပြုပြင်နိုင်ဖို့ နားချတတ်ကြပါတယ်။

ဒါပေမယ့်လည်း အရက်ပဲသောက်၊ လောင်းကစားမှာပဲ ပျော်မွေ့တာမျိုးနဲ့ အမြဲ နောက်ကွယ်မှာ ချစ်သူတစ်ယောက် ထပ်ထပ်ထားနေတာမျိုး စတဲ့ အကျင့်တွေ ရှိတဲ့ ကောင်လေးကို ကိုယ်က မပြောင်းလဲနိုင်တော့ဘူး။

ဒီလိုပဲ ကိုယ်ပဲ ဆက်နာကျင်ပြီး ကိုယ့်ဘဝတောင် ပျက်စီးနေတော့မယ်လို့ ခံစားနေရတဲ့အခါ စွန့်ပစ်ဖို့ ဆုံးဖြတ်ချက် ထားတတ်ပါတယ်။

(၃) ကိုယ့်ကို မချစ်တဲ့သူလို့ သိတဲ့အခါ

ကိုယ့်နဲ့ ချစ်သူ ဖြစ်နေတဲ့သူက ကိုယ့်အပေါ် ခံစားချက် မရှိဘူး ချစ်တယ်လို့ မခံစားရဘူးဆိုရင်လည်း မိန်းကလေးတွေ ချစ်လာမယ့် တစ်နေ့ကို စောင့်စားနေတတ်ပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲ စောင့်ဆိုင်း စောင့်ဆိုင်း ကိုယ့်ကို မချစ်တဲ့ အပြုအမူတွေပဲ မြင်ရတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်သူလို့ အမြင်ရတဲ့ အရုပ်လို ခံစားမိလာတတ်ပါတယ်။

အဲ့အချိန်မှာတော့ မိန်းကလေးတွေက ကိုယ့်ကို မချစ်တဲ့သူကို စွန့်လွှတ်လိုက်တတ်ကြပါတယ်။

(၄) စွန့်လွှတ်ပေးဖို့ လိုတဲ့အခါ

မိန်းကလေးတွေက ခံစားချက်ထက် ဦးနှောက်ကို ပိုပြီး ဦးစားပေးတဲ့အချိန်တွေ ရှိပါတယ်။

ကိုယ့်ချစ်သူကို ကိုယ်နဲ့သာ ဆက်ရှိနေရင် တိုးတက်မှုမရှိတာမျိုး ဖြစ်မှာကြောင့် ကိုယ့်ချစ်သူအတွက် ကိုယ့်အကျင့်တွေကို ပြင်မပေးနိုင်တဲ့အခါမျိုးတွေမှာ နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်မပြေကြောင်း ထုတ်ပြောပြတတ်ပါတယ်။

ကိုယ့်ကို ချစ်နေတဲ့ ချစ်သူဆိုတာ သိပေမယ့်လည်း ကိုယ်နဲ့ ရှေ့ဆက်လို့ အဆင်မပြေတဲ့သူဆိုတာကို သိတဲ့အခါမှာတော့ နှစ်ဖက်လုံး ချစ်နေရင်တောင်မှ စွန့်လွှတ်ပေးတတ်ပါတယ်။