ပရိသတ်ကြီးရေ လက်ရှိမှာတော့ ပုံမှန်လို ပြန်ဖြစ်နေလို့ ဦးခင်လှိုင်တို့မိသားစုကို မင်းမော်ကွန်းက ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။
ဦးခင်လှိုင်ဝေဖန်ခံနေရတဲ့ အပေါ် သမီးဖြစ်တဲ့ သဇင်ခူးမြင်က ပြန်ရှင်းပြလာတာလည်းဖြစ်ပါတယ်။
သဇင်ထူးမြင့်ကလေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင်စကားအမှားပါသွားခဲ့ရင် ကြိုတောင်းပန်ပါတယ် ညီမအကောင့်ကနေ အကို့ကို တစ်ခါမှမblockခဲ့ဖူးပါဘူး
အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်ညီမတို့မျက်ရည်ခံထိုးနေခြင်းမဟုတ်ပါညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည်
တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိူင်ခဲ့ရပါတယ်။
အဆုံးထိစွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ယှဉ်ပြီးမပြောပလောက်ပေမယ့် တစ်မိသားစုလုံးရောက်ခဲ့တဲ့ဒုက္ခတိုင်းကို အနားကသူတွေအသိကြဆုံးပါ။
ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါဘာဝင်ငွေမှမရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေးအောက်ပိုင်းသေမလိုထိဖြစ်တဲ့ချိန်မှာ ညီမပိုက်ဆံအရမ်းလိုလို့ကြော်ငြာလေးပြန်စရိုက်ပါတယ်
ပြီးတော့မေမေသက်သာချိန်မှာ ဖေဖေဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထားရတာပါ
ရောဂါတွေတခုပြီးတခုဖြစ်ကြချိန် ဝင်ငွေအရမ်းလိုအပ်ပါတယ်ဒါတွေအနားကလူတွေသာအသိဆုံးပါညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ပြောတဲ့တိုင်းလေး တကယ်ဖြစ်ချင်ပါတယ်
ဒီလိုအကုန်ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲထိုင်စားနိုင်မှာလဲရှင့်ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ
ဒုက္ခတွေဆိုတာလူတိုင်းမှာရှိပါတယ်ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveဈေးရောင်းတာပါ
ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့်မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်းliveရပ်ခဲ့ပါတယ်
ဖေဖေစိတ်မကောင်းမှာစိုးလို့ စာတွေမဖတ်မိအောင် Facebook messenger တွေ ညီမကိုယ်တိုင်app ကိုဖျက်ထားပေးတာပါ
မblockတာကို ညီမတို့အသိဆုံးပါစီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်ထိ ဝင်ငွေများရှိခဲ့ရင် ဘာတစ်ခုမှအလုပ်မလုပ်တော့ပဲတကယ်နေချင်ပါတယ်
မိသားစုစားဝတ်နေရေးတွက်အလုပ်လေးတော့လုပ်ပါရစေရှင့်မိသားစုမှာဖြစ်ပေါ်နေတဲ့ချပြလို့မရတဲ့အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို
အဆင်ပြေသလိုလေး ကြိုးစားဖြေရှင်းနေရတာပါအခုလိုအခက်ခဲတွေ အကြပ်တည်းတွေရင်ဆိုင်နေရချိန်မှာ မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက ကူညီစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကြောင့်သာ
ညီမတို့မိသားစုလေးဟန်မပျက် နေနိုင်ခဲ့တာပါ အဲ့ဒီကျေးဇူးတွေကြောင့် အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်
ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ
လက်ရှိအခြေနေမှာ ညီမတို့မိသားစုလုပ်ရပ်က ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်အမှားများပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ်
မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့်အလုပ်လေးတော့ဆက်လုပ်သွားမှာမို့
လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့်ချစ်ခင်လေးစားလျက်ပါ
အကိုရေစိတ်ကျန်းမာ ကိုယ်ချမ်းသာပြီးအစစအရာရာအဆင်ပြေချော့မွေ့ပါစေအကို ဆိုပြီးသူမရဲ့လှုမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။
Credit