General Knowledge

လက်ရှိအချစ်ရေးမှာ သင်မပျော်ရွှင်တော့ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်…

လက်ရှိအချစ်ရေးမှာ သင်မပျော်ရွှင်တော့ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်…

တစ်ခါတစ်လေမှာ အချစ်ဆိုတာကို ကိုယ့်ဘက်ကနေ စတင်ပြီး စိတ်ပျက်တတ်လာတဲ့ အချိန်အခါတွေ ဆိုတာလည်း ရှိပါတယ်။

ကိုယ့်အချစ်ရေးက ထင်မှတ်ထားသလောက် ကိုယ့်ကိုယ် မပျော်ရွှင်နိုင်တဲ့အခါ၊ ကိုယ်တွေးထင်ထားသလို အချစ်မခံရတဲ့အခါ အဲဒီ့အချစ်ရေးက စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။

ဒီအချက်တွေက သင် လက်ရှိ အချစ်ရေးမှာ မပျော်ရွှင်တော့ဘူးဆိုတာကို ဖော်ပြနေပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့သာ အချိန်ပိုကုန်ဆုံးဖြစ်တယ်

ကိုယ်နဲ့သူက ချစ်သူတွေဆိုပေမယ့် အတူတူ အချိန်ကုန်ဆုံးတာတွေ နည်းလာပြီဆိုရင် ဒါဟာ တစ်ခုခုတော့ မှားယွင်းနေပါပြီ။

ချစ်သူနဲ့ ရှိနေတဲ့အချိန်တွေထက် ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ ရှိနေရတဲ့အချိန်တွေက ပိုပျော်ရွှင်စရာကောင်းပြီး သက်တောင့်သက်သာ ရှိနေတယ်ဆိုရင် ဒါဟာ အချစ်ရေးမှာ မပျော်ရွှင်တော့တဲ့ လက္ခဏာပါ။

သူနဲ့ ချိန်းတွေ့တဲ့အချိန်တိုင်း ပျော်ရွှင်ပေါ့ပါးမှုကို မခံစားရတော့ပဲ လေးလံနေတတ်တာမျိုးပေါ့။

သဘောထား ကွဲလွဲမှုတွေ မရှိတော့ဘူး

အချစ်ရေးမှာ သဘောထားကွဲလွဲမှုတွေ မရှိတာက ပိုမကောင်းဘူးလားလို့ မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။

တကယ်တော့ မတူညီတဲ့ လူနှစ်ယောက် လက်တွဲတဲ့နေရာမှာ အမြင်မတူတဲ့ သဘောထား ကွဲလွဲမှုတွေတော့ အနည်းနဲ့အများဆိုတာ ရှိတတ်ပါတယ်။

တစ်ခါတစ်လေ ဘာမဟုတ်တာလေးနဲ့ ငြင်းခုံကြမယ်၊ စိတ်ကောက်မယ်၊ ပြန်ချော့မယ် ဒါဟာ အချစ်ရေးရဲ့ မှန်ကန်တဲ့ ပုံစံပါ။

ဒါပေမယ့် သဘောထားကွဲလွဲမှုတွေ မရှိတော့ဘူးဆိုရင်တော့ လျစ်လျူရှုလိုက်တဲ့ အဆင့်ကို ရောက်လာတာပဲ ဖြစ်ပါတယ်။

ဒီလို အရမ်းတိတ်ဆိတ်ငြိမ်သက်လွန်းတာက အချစ်ရေးရဲ့ မပျော်ရွှင်မှုကို ခံစားရတတ်ပါတယ်။

လေးနက်တဲ့ စကားဝိုင်းတွေ မရှိတော့ဘူး

ချစ်သူတွေဆီမှာ ပြောစရာ စကားတွေက ဘယ်တော့မှ မကုန်ခမ်းတတ်ကြပါဘူး။ ဒါပေမယ့် သင်တို့ရဲ့ လက်ရှိအချစ်ရေးက မေးထူးခေါ်ပြောအဆင့်လောက်ပဲ ရှိလာပြီဆိုရင် ဒါဟာ စိုးရိမ်စရာပါ။

တာဝန်တစ်ခုကို ထမ်းဆောင်နေရသလို စားပီးပီးလား၊ စားပီးပီ၊ ဘာလုပ်နေလဲ၊ ဒီလိုပါပဲ ဆိုတဲ့ စကားတွေလောက်ပဲ ပြောဖြစ်လာပြီဆိုရင် ဒါဟာ လက်ရှိအချစ်ရေးမှာ မပျော်ရွှင်တော့ဘူးဆိုတာ ဖော်ပြနေတာပါ။

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် လေးလေးနက်နက် စကားတွေ အချိန်ပေး ပြောပေးသင့်ပါတယ်။

အထီးကျန်မှုကို ခံစားလာရတယ်

အထီးကျန်တယ်ဆိုတာ ဘေးနားမှာ ဘယ်သူမှ မရှိတဲ့ အချိန်တွေမှာ ခံစားတတ်ပါတယ်။

ကိုယ့်ဘေးနားမှာ ချစ်ရမယ့်သူ တစ်ယောက်လုံး ချစ်နေပေမယ့် သင့်ကိုယ်သင် အထီးကျန်တယ်လု့ိ ခံစားနေရတာဟာ ဒီအချစ်ရေးမှာ မပျော်ရွှင်တော့တာကို ဖော်ပြနေပါတယ်။

တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် ချစ်သူတစ်ယောက် ရှိနေတာ ဟုတ်လို့လား၊

သူနဲ့ငါ ဘယ်လိုအခြေအနေတွေ ဖြစ်ကုန်ပြီလဲလို့ မေးခွန်းထုတ်လာရပြီဆိုရင်တော့ ဒါဟာ လက်ရှိအချစ်ရေးရဲ့ မပျော်ရွှင်နိုင်မှုကို ဖော်ပြနေတာပါ။





















ကိုယ့်ဘေးနားမှာ ချစ်ရမယ့်သူ တစ်ယောက်လုံး ချစ်နေပေမယ့် သင့်ကိုယ်သင် အထီးကျန်တယ်လို့ ခံစားနေရတာဟာ ဒီအချစ်ရေးမှာ မပျော်ရွှင်တော့တာကို ဖော်ပြနေပါတယ်။

