အနေဝေးနေတဲ့ သင့်ရဲ့အချစ်ရေး အဆုံးသတ်တော့မယ်ဆိုတာကို သတိပေးနေတဲ့ အချက်များ…
ပုံမှန်ချစ်သူတွေထက် အနေဝေးနေတဲ့ ချစ်သူတွေက သူတို့ရဲ့ အချစ်ရေးကို ပိုအလေးထားဖို့ လိုအပ်ပါတယ်။
အနေဝေးနေတဲ့အချိန်မှာ အရင်ကထက် ပိုတဲ့ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ ဆက်သွယ်မှုတွေ လုပ်ဖို့လိုအပ်ပြီး သစ္စာရှိရှိချစ်နေဖို့လည်း လိုပါတယ်။
ကိုယ်မမြင်နိုင်တဲ့ အဝေးကို ကိုယ့်ချစ်သူကို ဘယ်သူကမှ စိတ်မချနိုင်တာကတော့ သဘာဝပါ။
ဒီအချက်တွေကတော့ သင်တို့ရဲ့ အနေဝေးနေတဲ့ အချစ်ရေးအခြေအနေက ပြိုလဲပျက်စီးခါနီးပြီဆိုတာကို ဖော်ပြနေပါတယ်နော်။
အဆက်အသွယ်တွေ မရှိတော့ဘူး
အနေဝေးနေတဲ့ချစ်သူတွေက ကိုယ့်ချစ်သူကို ပုံမှန်အဆက်အသွယ် လုပ်နေဖို့လိုအပ်ပါတယ်။
အနေဝေးရင် သွေးအေးတယ်ဆိုတဲ့စကားက အဆက်အသွယ်ပြတ်တောက်သွားတဲ့နောက်မှာ ကပ်ပါလာတာပါ။
တကယ်လို့ သင့်ချစ်သူနဲ့ သင်ဟာ အဆက်အသွယ်တွေ အရင်လောက် မရှိတော့ဘူး၊ တစ်ခါတစ်လေမှသာ ဆက်သွယ်မှုတွေ ရှိနေတယ်ဆိုရင်တော့ သင်တို့ရဲ့ relationship မှာ ပြသနာရှိနေပါပြီ။
ဒါက ဆက်ဆံရေးတစ်ခု အဆုံးသတ်ချိန်ဆိုတာကို သတိပေးနေသလိုပါပဲ။
သစ္စာမရှိတော့ဘူး
အနေဝေးတဲ့ ချစ်သူတွေရဲ့ အချစ်ရေးကို ဆက်သွယ်ပေးထားတာက ယုံကြည်မှုဆိုတဲ့ ကြိုးလေးပါ။
ဒါပေမယ့် နှစ်ယောက်ထဲက တစ်ယောက်ယောက်က အရင်လို သစ္စာမရှိတော့ဘူးဆိုရင်တော့ အဲဒီ့ယုံကြည်မှုကြိုးလေးဟာ ပြတ်တောက်သွားတော့မှာပဲ ဖြစ်ပါတယ်။
အဝေးရောက်နေတဲ့အချိန်မှာ သစ္စာရှိနေဖို့ကလည်း တကယ့်ကို အရေးကြီးပါတယ်။
ကိုယ့်မမြင်ကွယ်ရာမှာ ခြေရှုပ်နေတဲ့ သတင်းတွေ ကြားလာခဲ့ရရင်တော့ သင်တို့ရဲ့ အချစ်ရေး မကြာခင် နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေ များလာမယ်
အရင်လို အဆက်အသွယ်တွေ မရှိတော့သလို အဆက်အသွယ်ရှိပြန်ရင်လည်း စိတ်အခန့်မသင့်မှုတွေပဲ ဖြစ်လာရတတ်ပါတယ်။
စကားများရန်ဖြစ်တာတွေကြောင့် စိတ်ညစ်ရတာ၊ အရင်ကလို ဆက်ဆံရေးတွေက မပြေလည်တာတွေ များလာတဲ့အခါ လူက စိတ်ဖိစီးပြီး မပျော်ရွှင်နိုင်တော့ပါဘူး။
Relationship တစ်ခုမှာ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးလာရင်တော့ ဒါဟာ ဒီဆက်ဆံရေး မတည်မြဲနိုင်တော့ဘူးလို့ ဖော်ပြနေတာပါ။
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ မပေးနိုင်တော့ဘူး
အရင်ကတော့ နည်းနည်းလေး ရှင်းပြလိုက်ရင် လက်သင့်ခံနိုင်ပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း နားလည်မှုတွေ ခမ်းခြောက်လာနေပြီဆိုရင်တော့ စိုးရိမ်စရာပါပဲ။
သူ့ဘက်၊ ကိုယ့်ဘက် ထည့်မတွေးပေးနိုင်တာတွေ များလာသလို တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆင်းရဲမှုတွေပဲ များလာတတ်ပါတယ်။
သူအဆင်ပြေမှုထက် ကိုယ့်အဆင်ပြေမှုကိုပဲ ကြည့်လာမိတဲ့အခါ သူ့နေရာကနေ ဝင်မခံစားပေးနိုင်တော့ပဲ နားလည်မှုတွေ နည်းပါးလာတတ်ပါတယ်။
ကြိုးစားသမျှ အရာမထင်တော့ဘူး
ယိုယွင်းခါစ ဒီအချစ်ရေးကို ပြန်လည် ကြိုးစားတည်ဆောက်မှုတွေက ထင်သလောက် အသုံးမဝင်တော့တာမျိုး ရှိလာတတ်ပါတယ်။
ကိုယ့်ဘက်က တတ်နိုင်သလောက် အလျော့ပေးမှုတွေနဲ့ ပြန်လည်ကြိုးစားတည်ဆောက်ဖို့ အားစိုက်ပေမယ့် အဲဒါက ခဏတာလောက်သာ အဆင်ပြေနေတတ်ပါတယ်။
ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆင်မပြေမှုတွေက တောက်လျှောက်ဆိုသလို ဖြစ်လာတတ်တာဟာ ဒီအချစ်ရေး အဆုံးသတ်တော့မယ်လို့ သတိပေးနေတာပါ။
အေနေ၀းေနတဲ့ သင့္ရဲ႕အခ်စ္ေရး အဆံုးသတ္ေတာ့မယ္ဆုိတာကို သတိေပးေနတဲ့ အခ်က္မ်ား…
ပံုမွန္ခ်စ္သူေတြထက္ အေနေဝးေနတဲ့ ခ်စ္္သူေတြက သူတုိ႔ရဲ႕ အခ်စ္္ေရးကို ပိုအေလးထားဖုိ႔ လုိအပ္ပါတယ္။
အေနေဝးေနတဲ့အခ်ိန္မွာ အရင္ကထက္ ပိုတဲ့ဂ႐ုစိုက္မႈေတြ၊ နားလည္မႈေတြ၊ ဆက္္သြယ္မႈေတြ လုပ္ဖုိ႔လုိအပ္ၿပီး သစၥာ႐ွိ႐ွိခ်စ္္ေနဖို႔လည္း လုိပါတယ္။
ကိုယ္မျမင္ႏုိင္တဲ့ အေဝးကို ကိုယ့္ခ်စ္သူကို ဘယ္သူကမွ စိတ္မခ်ႏုိင္တာကေတာ့ သဘာဝပါ။
ဒီအခ်က္္ေတြကေတာ့ သင္တုိ႔ရဲ႕ အေနေဝးေနတဲ့ အခ်စ္ေရးအေျခအေနက ၿပိဳလဲပ်က္စီးခါနီးၿပီဆုိတာကို ေဖာ္ျပေနပါတယ္ေနာ္။
အဆက္အသြယ္ေတြ မ႐ွိေတာ့ဘူး
အေနေဝးေနတဲ့ခ်စ္သူေတြက ကိုယ့္ခ်စ္သူကို ပံုမွန္္အဆက္အသြယ္ လုပ္ေနဖို႔လုိအပ္ပါတယ္။
အေနေဝးရင္ ေသြးေအးတယ္ဆိုတဲ့စကားက အဆက္္အသြယ္ျပတ္ေတာက္သြားတဲ့ေနာက္မွာ ကပ္ပါလာတာပါ။
တကယ္လုိ႔ သင့္ခ်စ္သူနဲ႔ သင္ဟာ အဆက္အသြယ္ေတြ အရင္ေလာက္ မ႐ွိေတာ့ဘူး၊ တစ္ခါတစ္ေလမွသာ ဆက္သြယ္မႈေတြ ႐ွိေနတယ္ဆုိရင္ေတာ့ သင္တုိ႔ရဲ႕ relationship မွာ ျပသနာ႐ွိေနပါၿပီ။
ဒါက ဆက္ဆံေရးတစ္ခု အဆံုးသတ္ခ်ိန္ဆုိတာကို သတိေပးေနသလုိပါပဲ။
သစၥာမ႐ွိေတာ့ဘူး
အေနေဝးတဲ့ ခ်စ္္သူေတြရဲ႕ အခ်စ္ေရးကို ဆက္သြယ္ေပးထားတာက ယံုၾကည္မႈဆုိတဲ့ ႀကိဳးေလးပါ။
ဒါေပမယ့္ ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္က အရင္လုိ သစၥာမ႐ွိေတာ့ဘူးဆုိရင္ေတာ့ အဲဒီ႔ယံုၾကည္မႈႀကိဳးေလးဟာ ျပတ္ေတာက္သြားေတာ့မွာပဲ ျဖစ္ပါတယ္။
အေဝးေရာက္ေနတဲ့အခ်ိန္မွာ သစၥာ႐ွိေနဖို႔ကလည္း တကယ့္ကို အေရးႀကီးပါတယ္။
ကိုယ့္မျမင္ကြယ္ရာမွာ ေျခ႐ႈပ္ေနတဲ့ သတင္းေတြ ၾကားလာခဲ့ရရင္္ေတာ့ သင္တုိ႔ရဲ႕ အခ်စ္္ေရး မၾကာခင္ နိဂံုးခ်ဳပ္ေတာ့မွာ ျဖစ္ပါတယ္။
စိတ္ဖိစီးမႈေတြ မ်ားလာမယ္
အရင္လုိ အဆက္အသြယ္ေတြ မ႐ွိေတာ့သလုိ အဆက္အသြယ္႐ွိျပန္ရင္္လည္း စိတ္အခန္႔မသင့္မႈေတြပဲ ျဖစ္လာရတတ္ပါတယ္။
စကားမ်ားရန္ျဖစ္တာေတြေၾကာင့္ စိတ္ညစ္ရတာ၊ အရင္ကလို ဆက္ဆံေရးေတြက မေျပလည္တာေတြ မ်ားလာတဲ့အခါ လူက စိတ္ဖိစီးၿပီး မေပ်ာ္႐ႊင္ႏုိင္ေတာ့ပါဘူး။
Relationship တစ္ခုမွာ ေပ်ာ္႐ႊင္ျခင္းေတြ ေပ်ာက္ဆံုးလာရင္ေတာ့ ဒါဟာ ဒီဆက္ဆံေရး မတည္ျမဲႏုိင္ေတာ့ဘူးလုိ႔ ေဖာ္ျပေနတာပါ။
တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ မေပးႏုိင္ေတာ့ဘူး
အရင္ကေတာ့ နည္းနည္းေလး ႐ွင္းျပလုိက္ရင္ လက္သင့္ခံႏုိ္င္ေပမယ့္ ေနာက္ပိုင္းမွာ တစ္ျဖည္းျဖည္း နားလည္မႈေတြ ခမ္းေျခာက္လာေနၿပီဆုိရင္ေတာ့ စိုးရိမ္စရာပါပဲ။
သူ႔ဘက္၊ ကိုယ့္္ဘက္ ထည့္မေတြးေပးႏုိင္တာေတြ မ်ားလာသလုိ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဆင္းရဲမႈေတြပဲ မ်ားလာတတ္ပါတယ္။
သူအဆင္ေျပမႈထက္ ကိုယ့္အဆင္ေျပမႈကိုပဲ ၾကည့္လာမိတဲ့အခါ သူ႔ေနရာကေန ဝင္မခံစားေပးႏုိ္င္ေတာ့ပဲ နားလည္မႈေတြ နည္းပါးလာတတ္ပါတယ္။
ႀကိဳးစားသမွ် အရာမထင္ေတာ့ဘူး
ယိုယြင္းခါစ ဒီအခ်စ္ေရးကို ျပန္လည္ ႀကိဳးစားတည္ေဆာက္မႈေတြက ထင္သေလာက္ အသံုးမဝင္ေတာ့တာမ်ိဳး ႐ွိလာတတ္ပါတယ္။
ကိုယ့္ဘက္က တတ္ႏိုင္သေလာက္ အေလ်ာ့ေပးမႈေတြနဲ႔ ျပန္္လည္ႀကိဳးစားတည္ေဆာက္ဖုိ႔ အားစိုက္ေပမယ့္ အဲဒါက ခဏတာေလာက္သာ အဆင္ေျပေနတတ္ပါတယ္။
ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား အဆင္မေျပမႈေတြက ေတာက္ေလွ်ာက္ဆုိသလို ျဖစ္္လာတတ္တာဟာ ဒီအခ်စ္ေရး အဆံုးသတ္္ေတာ့မယ္လို႔ သတိေပးေနတာပါ။