အသက် ၃၀ ဝန်းကျင်အရွယ်မှာ လက်ထပ်သင့်တဲ့ အကြောင်းအရင်းများ
သုတေသနပြုချက်တွေအရ အိမ်ထောင်တစ်ခုရဲ့ပျမ်းမျှအသက်ဟာ အမျိုးသမီးတွေအတွက် ၂၈ နှစ်နဲ့ အမျိုးသားတွေအတွက် အသက် ၃၀ အရွယ်ဖြစ်တယ်လို့ဆိုပါတယ်။
အသက် ၃၀ အရွယ်မှာ ဘာကြောင့်လက်ထပ်သင့်လဲဆိုတဲ့အပေါ် ဆက်ဆံရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တစ်ချို့ ရှိလို့နေတာပါ။
-Relationship အတွေ့အကြုံတွေရှိတယ်
အသက် ၃၀ အရွယ်ရောက်မှသာ အိမ်ထောင်ပြုခြင်းက အရင်က relationship အတွေ့အကြုံတွေရှိပြီးသားဖြစ်တာကြောင့် ကိုယ့်အတွက်ပိုမှန်ကန် အဆင်ပြေတဲ့လူကို ရွေးချယ်တဲ့နေရာမှာ ပိုလွယ်ကူစေတာပါ။
ကိုယ်ဘာလိုချင်တယ်၊ သူကရောဘာလိုချင်တယ်ဆိုတာကို နားလည်နိုင်ပြီး အရင်ကကြုံခဲ့ဖူးတဲ့ ဆက်ဆံရေးတွေကနေ သင်ယူစရာတွေအများကြီးကို ရနေပြီးသားဖြစ်နေပါတယ်။
– ငွေရေးတည်ငြိမ်မှုရှိတယ်
အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ ငွေရေးကြေးရေးကလည်း တကယ့်ကိုအရေးပါတဲ့ အခန်းကဏ္ဌမှာပါဝင်နေတာဖြစ်ပါတယ်။
ဒီတော့ အသက် သုံးဆယ်အရွယ်ရောက်သွားတဲ့အခါ ကိုယ့်ရဲ့ငွေရေးအခြေအနေကလည်း တည်ငြိမ်နေပြီဖြစ်တာကြောင့် ငွေရေးကြောင့်ဆက်ဆံရေးမှာ ပြသနာဖြစ်လာမှာမျိုးကို စိတ်ပူနေစရာမလိုပါဘူး။
-ကိုယ်ဖြစ်ချင်တာကို သေချာသိတယ်
လူတွေဟာ အသက်နှစ်ဆယ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အများကြီးလေ့လာသင်ယူနေကြဆဲအချိန်ဖြစ်ပါတယ်။
ဒီအချိန်ဟာ လူတော်တော်များများအတွက် အတိုးတက်ဆုံးဆယ်စုနှစ်လို့ ဆိုကြပါတယ်။
အသက်သုံးဆယ်နားရောက်သွားတဲ့အခါမှာတော့ လူတော်တော်များများနဲ့လည်း တွေ့ကြုံခဲ့ဖူးပြီဖြစ်ပြီး
ဘာကကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုလဲ၊ ဘာကကိုယ်လိုချင်တဲ့အရာလည်းဆိုတာကို သေချာသိမြင်စေနိုင်နေပြီဖြစ်ပါတယ်။
– ကလေးအတွက် ဖိအားတွေသိပ်မခံစားရဘူး
အမျိုးသမီးတွေဟာ သူတို့ရဲ့သားဦးကိုမွေးဖွားဖို့အတွက် အသက် ၃၀ မှ ၃၄ နှစ်ကြားအထိ စောင့်ဆိုင်းမှုပိုများလာကြတယ်လို့ Centers for Disease Control and Prevention က ဆိုပါတယ်။
အမျိုးသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးယူရမှာကို တွေဝေနေတတ်ကြပြီး ဒါဟာ ကြီးမားတဲ့ဖိအားတစ်ခု ဖြစ်စေပါတယ်။
အသက် ၃၀ အရွယ်မှာ အိမ်ထောင်ပြုခြင်းက ဒီလိုဖိအားမျိုးကို ရှောင်ရှားနိုင်တဲ့ မှန်ကန်တဲ့အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
အသက္ ၃၀ ဝန္းက်င္အ႐ြယ္မွာ လက္ထပ္သင့္တဲ့ အေၾကာင္းအရင္းမ်ား
သုေတသနျပဳခ်က္ေတြအရ အိမ္ေထာင္တစ္ခုရဲ႕ပ်မ္းမွ်အသက္ဟာ အမ်ိဳးသမီးေတြအတြက္ ၂၈ ႏွစ္နဲ႔ အမ်ိဳးသားေတြအတြက္ အသက္ ၃၀ အ႐ြယ္ျဖစ္တယ္လို႔ဆိုပါတယ္။
အသက္ ၃၀ အ႐ြယ္မွာ ဘာေၾကာင့္လက္ထပ္သင့္လဲဆိုတဲ့အေပၚ ဆက္ဆံေရးကြၽမ္းက်င္သူေတြရဲ႕ ေျပာဆိုခ်က္တစ္ခ်ိဳ႕ ရွိလို႔ေနတာပါ။
-Relationship အေတြ႕အႀကဳံေတြရွိတယ္
အသက္ ၃၀ အ႐ြယ္ေရာက္မွသာ အိမ္ေထာင္ျပဳျခင္းက အရင္က relationship အေတြ႕အႀကဳံေတြရွိၿပီးသားျဖစ္တာေၾကာင့္ ကိုယ့္အတြက္ပိုမွန္ကန္ အဆင္ေျပတဲ့လူကို ေ႐ြးခ်ယ္တဲ့ေနရာမွာ ပိုလြယ္ကူေစတာပါ။
ကိုယ္ဘာလိုခ်င္တယ္၊ သူကေရာဘာလိုခ်င္တယ္ဆိုတာကို နားလည္ႏိုင္ၿပီး အရင္ကႀကဳံခဲ့ဖူးတဲ့ ဆက္ဆံေရးေတြကေန သင္ယူစရာေတြအမ်ားႀကီးကို ရေနၿပီးသားျဖစ္ေနပါတယ္။
– ေငြေရးတည္ၿငိမ္မႈရွိတယ္
အိမ္ေထာင္တစ္ခုတည္ေဆာက္တဲ့အခါ ေငြေရးေၾကးေရးကလည္း တကယ့္ကိုအေရးပါတဲ့ အခန္းကဏၭမွာပါဝင္ေနတာျဖစ္ပါတယ္။
ဒီေတာ့ အသက္ သုံးဆယ္အ႐ြယ္ေရာက္သြားတဲ့အခါ ကိုယ့္ရဲ႕ေငြေရးအေျခအေနကလည္း တည္ၿငိမ္ေနၿပီျဖစ္တာေၾကာင့္ ေငြေရးေၾကာင့္ဆက္ဆံေရးမွာ ျပသနာျဖစ္လာမွာမ်ိဳးကို စိတ္ပူေနစရာမလိုပါဘူး။
-ကိုယ္ျဖစ္ခ်င္တာကို ေသခ်ာသိတယ္
လူေတြဟာ အသက္ႏွစ္ဆယ္ဝန္းက်င္မွာ ကိုယ့္ကိုယ္ကို အမ်ားႀကီးေလ့လာသင္ယူေနၾကဆဲအခ်ိန္ျဖစ္ပါတယ္။
ဒီအခ်ိန္ဟာ လူေတာ္ေတာ္မ်ားမ်ားအတြက္ အတိုးတက္ဆုံးဆယ္စုႏွစ္လို႔ ဆိုၾကပါတယ္။
အသက္သုံးဆယ္နားေရာက္သြားတဲ့အခါမွာေတာ့ လူေတာ္ေတာ္မ်ားမ်ားနဲ႔လည္း ေတြ႕ႀကဳံခဲ့ဖူးၿပီျဖစ္ၿပီး
ဘာကကိုယ့္အတြက္ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈလဲ၊ ဘာကကိုယ္လိုခ်င္တဲ့အရာလည္းဆိုတာကို ေသခ်ာသိျမင္ေစႏိုင္ေနၿပီျဖစ္ပါတယ္။
– ကေလးအတြက္ ဖိအားေတြသိပ္မခံစားရဘူး
အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕သားဦးကိုေမြးဖြားဖို႔အတြက္ အသက္ ၃၀ မွ ၃၄ ႏွစ္ၾကားအထိ ေစာင့္ဆိုင္းမႈပိုမ်ားလာၾကတယ္လို႔ Centers for Disease Control and Prevention က ဆိုပါတယ္။
အမ်ိဳးသမီးေတြဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကေလးယူရမွာကို ေတြေဝေနတတ္ၾကၿပီး ဒါဟာ ႀကီးမားတဲ့ဖိအားတစ္ခု ျဖစ္ေစပါတယ္။
အသက္ ၃၀ အ႐ြယ္မွာ အိမ္ေထာင္ျပဳျခင္းက ဒီလိုဖိအားမ်ိဳးကို ေရွာင္ရွားႏိုင္တဲ့ မွန္ကန္တဲ့အ႐ြယ္ျဖစ္တယ္လို႔ သိရပါတယ္။