ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတကိုလည်း အားသွန်ခွန်စိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။
သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဂေဟာဖွင့်ထားပြီး စွန့်ပစ်ခံမိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးထားတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေကပရဟိတကို ဗန်းပြပြီး လုပ်စားနေတယ်လို့ ဝေဖန်ခံရတဲ့အပေါ် ဒဲ့ရှင်းလာတာလည်းဖြစ်ပါတယ်။
ခိုင်နှင်းဝေကဘုရား တရားလုပ်ပီဆို အကုသိုလ်ကစပြီပရဟိတလုပ်ရင် Brand မဝတ်ရဘူး၊
စားစရာမရှိလို့ ထ,လုပ်တယ်၊ အလှူငွေတွေ တအားရတယ် ဆိုပြီးပဲ ဝေဖန်ကြတာကို
စိတ်ထဲ မထားပဲနေလို့ရပေမဲ့ ကျမ စွန့်ပစ်ကလေးတွေကို မကယ်ပဲထားနိုင်တဲ့ စိတ်တော့ မရှိလို့ ဆက်လက်ပြီး ကယ်တင်ဖြစ်ဦးမှာပါ။
ကျမ အနောက်မှာ လက်မဲလဲ မရှိသလို လက်ဖြူလဲ မရှိပါဘူး။
အသက် (၁၈) နှစ်ထဲက အနုပညာလောကကို ခြေချလာတဲ့ အတွက် ကျမက ကလေးတွေရော၊
ပရဟိတကိုရော ဗန်းပြမှ စားနိုင်သောက်နိုင်လဲ မဟုတ်ပါဘူးရှင်။
ကျမ ကလေးတွေ နဲ့ ကျမ ပျော်သလိုနေပြီး ကျမ လုပ်နိုင်သလောက် ဆက်လုပ်သွားမှာမို့ ကျမကို ဝေဖန်တိုက်ခိုက်ရင်လဲ
ကျမ အတွက် ဘာမှ မဖြစ်သလို အကိုတို့ အမတို့အတွက်လဲ တရက်အပြင် အပျင်းမပြေနိုင်ပါဘူးရှင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
Credit
Credit