ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ မကြာသေးမီကမှ ချစ်သူလေးဆီက လက်ထပ်ခွင့်တောင်းခံထားရတာလည်းဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့ရာ
ပရိသတ်တွေကြားမှာ ဂယက်ထခဲ့ရတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ ချစ်သူက တစ်ခုလပ်ဖြစ်ကြောင်း ဝေဖန်နေကြတဲ့အပေါ် ပြန်ရှင်းပြလာတာလည်းဖြစ်ပါတယ်။
ခေးဆက်သွင်က “ဟုတ်ကဲ့ ခေးချစ်သူကတခုလပ်ပါ…လက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့်။
ကွဲခဲ့တာကြာပါပြီ …ဘာလို့ယူဖို့ဆုံးဖြတ်လည်းဆိုတော့ ချစ်လို့ပါ ယောကျာ်းကောင်းပီသလို့ပါ။
နားလည်မှု တာဝန်ယူမှုရှိပြီး မဖောက်ပြန်လို့ပါ။
စDate ကတည်းက အားလုံးမကွယ်မဝှက် ပွင့်ပွင့်လင်းလင်းပြောပြထားပြီးသားပါ။
သူ့မိသားစုနဲ့လည်း ခဏခဏတွေ့ကြည့်ပြီး ရင်းနှီးပြီးသားပါ။ ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေကြားမှာလည်း မကောင်းသတင်း မကြားရတဲ့ မိသားစုပါ။
သူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့ အိမ်တွင်းရေးပြဿနာနဲ့ အမှုအခင်းကိစ္စတွေကခေး သိပြီးသားပါရှင့်။
ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကိုနားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့
အားလုံးရှိတဲ့ ခေးရဲ့ post အောက်ကpublic commentမှာ လာမန့်တာတွေ သတင်း media pageအောက်မှာ ဝင်ရေးတဲ့သူတွေကျတော့ ဘယ်လို နားလည်ရမှန်းမသိလို့ပါရှင်။
တကယ်သိစေချင်လို့ ချစ်တဲ့စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ်။
ချစ်လို့ခင်လို့ စေတနာထားကြတာ ကျေးဇူးပါနော်။ တစ်စိတ်ကို တစ်အိတ်မဖြစ်စေချင်လို့ပါ။
ခေးအဆင်ပြေပါတယ်…” ဆိုပြီး ပြောလာပါတယ်။
ခေးဆက်သွင်ကတော့ သူမရဲ့လက်တွဲဖော်နဲ့ စတင်တွေ့ဆုံခဲ့ကတည်းက တစ်ခုလပ် အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ကြောင်း သိရှိပြီးသားဖြစ်ပြီး
သူမကိုယ်တိုင်ကလည်း ထိုအမျိုးသားကို ချစ်ခင်ယုံကြည်ကိုးစားလို့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာပါလို့ ပွင့်ပွင့်လင်းလင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။
Source: Khay Sett Thwin’s fb
Credit
Credit