ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
ဗီဗာဟိန်းရဲ့ သီချင်းတွေကတော့ တစ်ခေတ်တစ်ခါက နေရာတိုင်းမှာကြားရတဲ့ အထိကိုအောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပြီး အခုချိန်ထိလည်း အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။
ဗီဗာဟိန်းကတော့ လက်ရှိမှာ အိမ်ထောင်သည်ဘဝကို ရောက်ရှိနေပြီး ပထမဆုံးကိုယ်ဝန်လေးကိုလည်း လွယ်ထားရပြီး မကြာခင်ကမှ သားဦးလေးကိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ်နော်။
ဒီကနေ့မှာတော့ ဗီဗာဟိန်းရဲ့ခင်ပွန်း ကိုအာကာက ကိုယ်တိုင်ကနေထိုင်မကောင်းဖြစ်နေပေမယ့် သားလေးကို နို့မတိုက်ရလို့ မျက်ရည်ကျတဲ့ ဗီဗာဟိန်းအကြောင်းကို ပြောပြလာခဲ့ပါတယ်။
ကိုအာကာက “သားလေးကိုငုံ့ကြည့်ပီးနို့ထိုင်တိုက်ရတော့ ကျီးပေါင်းကပိုဆိုးလာတယ် ဆေးထိုးဆေးသောက်လဲလုပ်တယ်မသက်သာဘူး
ကလေးကိုနို့အဝမတိုက်နိုင်ဘဲနို့ဘူးကူရတော့စိတ်မကောင်းဖြစ်ပြီးဘုရားရှိခိုးရင်းငိုနေတယ်😢
သားလေးကသူ့အမေနို့မဟုတ်တော့ငိုပြီး သိပ်မသောက်ချင်ဘူး😖သွေးနုသားနုမငိုရဘူး နို့မထွက်တော့ဘဲနေမယ်ချော့မှဘဲအငိုတိတ်တော့တယ်😤
ခုတော့အိမ်မာဆိုတော့လှဲတိုက်ခိုင်းထားတယ်။ နောက်အပြင်တွေသွားရင်တော့မလွယ်ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ?” ဆိုပြီး ဗီဗာဟိန်းအကြောင်းကို ပြောပြလာခဲ့ပါတယ်။
ဗီဗာဟိန်းကတော့ အိမ်ထောင်ရှင်ကလေးအမေတစ်ယောက်ဖြစ်ပေမယ့် ကလေးဆန်သူလေးတစ်ယောက်ဖြစ်ပြီး
သားလေးကို နို့မတိုက်ရလို့ ငိုကြွေးနေတာပဲဖြစ်ပါတယ်။မိခင်စိတ်အပြည့်အဝရှိတဲ့ ဗီဗာဟိန်းကတော့ သားလေးနဲ့အပြိုင်ကို ချစ်စရာကောင်းနေတာပဲနော်။
Source: Viva Rkar ‘s fb
Source: Viva Rkar ‘s fb