General Knowledge

ပရိတ်သတ်တွေထင်နေသလို Single လေး မဟုတ်တော့ဘူးဆိုတဲ့အကြောင်း ပုံနဲ့တကွသက်သေပြလိုက်တဲ့ ကျော်ထက်ဇော်

ပရိတ်သတ်ကြီးရေ….တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိတ်သတ်အများစုရဲ့ အားပေးနှစ်သက်မှုကိုအပြည့်အဝရရှိထားတဲ့ Mrtv-4ရဲ့မင်းသားချောများထဲတွင် ကျော်ထက်ဇော်လည်းအပါအဝင်ဖြစ်ပါတယ်နော်။

သူဟာ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး။

ကျော်ထက်ဇော်ဟာ အမုန်းမှသည်ဇာတ်လမ်းတွဲနဲ့ပရိတ်သတ်တွေစတင်အားပေးမှုရရှိလာခဲ့တာဖြစ်ပြီး အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲမှာလည်း နှစ်ကိုယ်ခွဲအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး

မကြာခင်ကပြသပြီးခဲ့တဲ့ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း

ကျော်ထက်ဇော်က မျက်နှာများတဲ့ ကိုနိုင်လင်းအနေနဲ့ သရုပ်ဆောင်ထားပြီး ပရိတ်သတ်တွေရဲ့အားပေးမှုကို ဝက်ဝက်ကွဲရရှိခဲ့တာလည်းဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ မင်းသားချော ကျော်ထက်ဇော်က အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လုပ်နေရပြီး

အောင်မြင်နေတဲ့ ထိပ်တန်းမင်းသားတစ်လက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ ကျော်ထက်ဇော်က

အရင်လို Single လေး မဟုတ်တော့ဘူးဆိုတာကိုစုံတွဲပုံလေးတွေနဲ့သက်သေပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

ကောင်မလေးရဲ့မျက်မှာလေးကိုမဖော်ပြသေးပေမယ့်လည်း ကျော်ထက်ဇော်ရဲ့အမှန်တကယ်ချစ်သူပဲလားဘယ်သူလည်းဆိုတာတော့စိတ်ဝင်စားစရာကောင်းလှပါတယ်နော်။

Credit










Credit