ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူတွေကတော့ သရုပ်ဆောင် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ နှစ်ယောက် ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေကြတာ အချိန်အတော်ကြာပြီဖြစ်ပေမယ့် ပရိသတ်တွေကိုတော့ အတိအလင်းမကြေညာထားပါဘူးနော်။
လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေအပြင် Live Sales လေးတွေ ရောင်းချပေးလျက် ရှိနေပါတယ်။
လက်ရှိမှာတော့ ကျော်ကျော်တို့ ချစ်သူနှစ်ဦးဟာ ပုဂံကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့လှုပ်ရှားမှုတွေကို အမြဲဝေမျှပေးတတ်သူများပီပီ အခုတစ်ခါမှာလည်း အခွီဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ သူ့ရဲ့ချစ်သူလေးအား ပုဂံဘုရားသမိုင်းကြောင်းတွေကို ဘာသာစကားမျိုးစုံဖြင့် အမြုပ်ထွက်မတတ်ရှင်းပြနေတဲ့ ကျော်ကျော်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။
ကျော်ကျော်တစ်ယောက် ဘုရားသမိုင်းကြောင်းတွေ ရှင်းပြပေးခဲ့ပေမယ့်လည်း ဆုမြတ်နိုးဦးမှ မုန့်ဖိုးတစ်ရာသာပေးခဲ့တဲ့အတွက် ဘာပြောရမှန်းမသိအောင် ဆွံ့အနေခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေလည်း ရယ်မောပျော်ရွှင်နိုင်အောင် ဒီဗီဒီယိုလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit ; Cele Thadin
Credit ; Cele Thadin