ပရိတ်သတ်ကြီးရေ….Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့
မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ် ယောက်ပဲဖြစ်တဲ့အပြင်
ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း
အနုပညာလမ်းကြောင်း ပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်း နေတာပဲဖြစ်ပါတယ်နော်..။
ထက်ထက်ထွန်းက မော်ဒယ်လ်တစ်ယောက်အပြင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး
သူမရဲ့ချစ်သူနဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။
ထက်ထက်ထွန်းဟာ နောက်ပိုင်းမှာဆိုရင်လည်း အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။
ကိုယ်တိုင်လည်း ဖုန်းဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့ ထက်ထက်ထွန်းဟာ ဒီကနေ့မှာ စတင်ရောင်းချတဲ့
နောက်ဆုံးပေါ် iPhone 14 Pro ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။
ထက်ထက်ထွန်းက “iPhone အသစ်ထွက်တိုင်း တခါမှ ဦးဦးဖျားဖျား ကိုင်ရဖို့ မစဉ်းစားခဲ့ဖူးပါဘူး ☺️
ဒီနှစ်တော့ ပထမဆုံး ဦးဦးဖျားဖျားလေးရခဲ့ပြီ 🥰” ဆိုပြီး သူမရဲ့အပျော်တွေကို မျှဝေပေးထားပါတယ်။
ထက်ထက်ထွန်းကတော့ အနည်းဆုံး သိန်း (၄၀) ကနေ အများဆုံး သိန်း (၇၀) နီးပါးတန်ဖိုးရှိတဲ့
နောက်ဆုံးပေါ် iPhone 14 ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
ထက်ထက်ထွန်းတို့ရဲ့ ဘဝကတော့ တကယ့်ကိုအားကျစရာပါပဲနော်။
Source: Htet Htet Htun’s fb
Credit
Credit