Cele News

ဗီဗာဟိန်းရဲ့သားလေးဗိုလ်ဗီဗာဟိန်းရဲ့ တစ်လပြည့်မွေးနေ့အတွက် ထူးခြားတဲ့ကိတ်မုန့်ကြီးနဲ့Surprise လုပ်ခဲ့တဲ့ ဟန်ထူးဈာန်

အိပ်မက်ဆုံရာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့အဆိုတော် ဟန်ထူးဈာန်ကတော့ သူရဲ့ သီချင်းလေးတွေနဲ့ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရရှိပိုင်ဆိုင်ထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အဆိုတော်ဟန်ထူးဈာန်ကတော့ တတ်သစ်စ အဆိုတော်ဖြစ်ပေမဲ့လဲ ပရိသတ်တွေရဲ့တခဲနက်အားပေးခြင်းကိုရရှိနေပါတယ်။

အဆိုကောင်းသလို သရုပ်ဆောင်လည်းကောင်းလှတဲ့ ဟာန်ထူးဈာန်က

ဇာတ်လမ်းတွဲတွေမှာဆိုရင်လည်း အံ့သြစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်နော်..။

ဒီကနေ့မှာဆိုရင်တော့ ဟန်ထူးဈာန်က သူနဲ့ မောင်နှမလိုခင်မင်ရင်းနှီးတဲ့

အဆိုတော် ဗီဗာဟိန်းရဲ့ သားလေး ဗိုလ်ဗီဗာဟိန်းအတွက် တစ်လပြည့်မွေးနေ့ Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။

ဟန်ထူးဈာန်က တစ်လပြည့်သွားခဲ့တဲ့ ဗီဗာဟိန်းရဲ့သားလေးဗိုလ်ဗီဗာဟိန်ကို ရွှေသားအစစ်ပါတဲ့

မွေးနေ့ကိတ်လေးနဲ့အတူတူ မွေးနေ့လက်ဆောင်မုန့်ဖိုးတွေပါပေးခဲ့တာကိုတွေ့ရပါတယ်။

ဗီဗာဟိန်းရဲ့သားလေးကတော့ အမေလိုပဲ လူချစ်လူခင်ပေါများပြီး အနုပညာရှင်အသိုင်းအဝိုင်းကပါ အချစ်ခံရတာပဲ ဖြစ်ပါတယ်။

သားသားလေး ဗိုလ်ဗီဗာဟိန်း တစ်ယောက် ရှေ့လျှောက်ကြီးပြင်းလာမယ့်ဘဝတစ်လျှောက်အခုလိုပဲ အချစ်ခံရပါစေနော်။

Source: Viva Rkar ‘s fb











Source: Viva Rkar ‘s fb