အိမ့်ချစ်တို့မိသားစုလေးဟာ စည်းစည်းလုံးလုံးလေးနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးလည်းဖြစ်ပြီး မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းဟာလည်း
အခုဆိုရင်အဖေနဲ့အမရဲ့အမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။
အိမ့်ချစ်ဟာမိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်တဲ့အပြင် ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့သူလေးဖြစ်ပါတယ်။
အိမ့်ချစ်က ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့မှာ သမီးလေးအမရာကိုမွေးဖွားခဲ့တာဖြစ်ပြီး
ဂျူနီယာချစ်ကောင်းကလည်း ပထမဦးဆုံးရရှိခဲ့တဲ့ တူမလေးကို အချစ်ပိုနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဂျူနီယာချစ်ကောင်းက သူ့ရဲ့တူမလေး အမရာနဲ့
သူ့ရဲ့ပုံရိပ်လေးကို “လိမ္မော်သီးလေးနဲ့ 🧡” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပြန်ပါတယ်။
ဂျူနီယာချစ်ကောင်းကတော့ အစ်ကိုဖြစ်သူကမွေးတဲ့တူလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီဆိုပေမယ့်
မိန်းကလေးတူမလေးကို အခုမှရရှိခဲ့တာမို့လက်ကနေမချနိုင်အောင်အရမ်းချစ်နေတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဂျူနီယာချစ်ကောင်းတို့ တူဝရီးနှစ်ယောက်ရဲ့ပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေမိမယ်ထင်ပါတယ်နော်။
Source: Junior Chit Kaung’s fb