ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းဟာဆိုရင် အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေကိုသီဆိုရင်း
ပရိသတ်တွေရဲချစ်ခင်အားပေးမှုကိုများစွာ ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နော်။
အခုဆိုရင်တော့ ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ရယ်
ချစ်ခင်ပွန်းရယ်နဲ့အတူ နိုင်ငံခြားမှာဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်။
လက်ရှိမှာတော့ ချမ်းချမ်းဟာ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး မိသားစုကိုပဲအချိန်ပေးနေခဲ့တာဖြစ်ပါတယ်။
သူမကိုအရမ်းချစ်ပြီး စိတ်ချမ်းသာအောင်ထားတဲ့ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ထားတဲ့ချမ်းချမ်းဟာ
ဒီနေ့မှာတော့သူမရဲ့ ရည်ရွယ်ချက်လေးတစ်ခုကိုပရိသတ်ကြီးအားပြောပြလာပါတယ်။
ချမ်းချမ်းက “ကျွန်မရဲ့ ဩစတေးလျက မြန်မာအလှူရှင်များကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါရစေရှင့်။
မြန်မာပြည်သူများ အတွက် လိုအပ်ချက်များ ကူညီထောက်ပံ့ နိုင်ရန် အတွက် ရှေ့နှစ် အစပိုင်းမှာ မြို့ငါးမြို့ကို လှည့်လည်ပီး
ကျွန်မ တတ်ကျွမ်းတဲ့ အနုပညာနဲ့ ရံပုံငွေရှာပေးမယ့်ပွဲလေးမို့ လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်။
တစ်ယောက်ထဲအားနဲ့ မနိုင်ပေမဲ့ အခုလို ပြည်ပရောက်ရွှေမြန်မာတွေရဲ့ အကူညီနဲ့ မြန်မာပြည်အတွက်
တဖက်တလမ်းက တတ်နိုင်သမျှ လိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရတော့မှာမို့ အတိုင်းမသိ ရင်ခုန်ပီတိဖြစ်ရပါတယ်။
အခုလို music tour ဖြစ်လာဖို့အတွက် အဖက်ဖက်မှကူညီပေးကြမယ့် အမှန်တရားဘက်တော်သား အဖွဲ့အစည်းများအားလုံးကိုကျေးဇူးတင်ပါတယ်။
❤️❤️❤️👉လာမယ့်ရှေ့နှစ်အစပိုင်းဆိုပေမဲ့ အခုကတည်းက
ရွှေမြန်မာပရိတ်သတ် အလှူရှင်များကို နှိုးဆော်လိုက်ပါရစေ🙏🙏🙏” ဆိုပြီး ပြောပြထားပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်။
Source: Chan Chan’s fb
Source: Chan Chan’s fb