Cele News

သူမရဲ့ဂေဟာအနီးမှာ လာရောက်စွန့်ပစ်ခဲ့တဲ့ သမီးလေးရဲ့မိခင်ကို ခံဝန်ထိုးခိုင်ပြီးသမီးလေးကိုပြန်လည်ပေးအပ်ခဲ့ကြောင်းအသိပေးလာတဲ့ ခိုင်နှင်းဝေ

တစ်ချိန်ကကျရာဇာတ်ရုပ်တွေမှာအကောင်းဆုံးနဲ့အပီပြင်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး

ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိတဲ့မင်းသမီးခိုင်နှင်းဝေကတော့ယခုမှာပရဟိတအလုပ်တွေကိုသာလုပ်ကိုင်နေပါတယ်၊

အကြောင်းအမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်သွားခဲ့ရရှာတဲ့ကလေးငယ်လေးတွေကိုလည်း

ခေါ်ယူမွေးစားပေးလေ့ ရှိပါတယ်၊ဒါ့အပြင်အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကိုလည်းအခြေခံစားသောက်ကုန်တွေလှူဒါန်းပေးလေ့ရှိပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ဂေဟာအနီးမှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ သမီးလေးကို

သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်နဲ့ မိခင်ရင်းဆီပြန်လည်ပေးအပ်ခဲ့တယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ခိုင်နှင်းဝေက “သက်ဆိုင်ရာ အဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်များဖြင့်

သမီးလေးကို မိခင်ရင်းထံ ပြန်လည်ပေးခဲ့ပါပြီရှင်…နှစ်ဘက်သော မိဘများ နှင့် အဆင်မပြေခြင်း ၊

နိုင်ငံခြားမှ အမျိုးသားဆီလိုက်သွားချင်တဲ့ စိတ် နှင့် အမှန်တကယ်

အားလုံးသိရှိခြင်း(စိတ်ရောဂါ)မရှိခြင်းတို့ကြောင့် ဝန်ခံ ကတိ အထပ်ထပ်နှင့် ပြန်ပေး ခဲ့ခြင်းဖြစ်ပါတယ်။

ကူညီပေးကြပါသော သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

ကလေးအတွက် စိတ်ချရတဲ့ အခြေအနေမို့ စိတ်ပူပေးကြတဲ့ တစ်ဦးချင်းတိုင်းကိုလဲ အထူးကျေးဇူးတင်ပါတယ်။

အားလုံး အဆင်ပြေသွားတဲ့ အတွက် ကျမတို့လဲ ဝမ်းသာရပါတယ်ရှင်..🙏🙏🙏..” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ မိခင်က စိတ်လွတ်ပြီး စွန့်ပစ်သွားခဲ့တဲ့ ကလေးလေးကို ဥပဒေအတိုင်း ပြုလုပ်မယ်ဆိုပေမယ့်

ဒီကနေ့မှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်များဖြင့် သမီးလေးကို မိခင်ရင်းထံ ပြန်လည်ပေ းအပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Source: Khine Hnin Wai’s fb















