Cele News
“မလွမ်းရဲသေးဘူးမောင်ရယ်” သီချင်းရဲ့အစမှာ သူမပြောလိုက်တဲ့ စကားလေးကိုသိတဲ့သူတွေအတွက် ဆုငွေ(၅)သောင်းနဲ့ ပဟေဠိလုပ်ခဲ့တဲ့ L ဆိုင်းဇီ
ပရိသတ်ကြီးရေ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်သူ Lဆိုင်းဇီ ကိုတော့
အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။..
Lဆိုင်းဇီကတော့ အလွမ်း အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့
အချစ်တွေကို ပိုင်ဆိုင်ထားသူ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူးနော်။..
L ဆိုင်းဇီဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်ပြီး
အနုပညာအလုပ်တွေနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ ပြင်ဆင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီကနေ့မှာတော့ L ဆိုင်းဇီက သူမရဲ့ ပရိသတ်တိုင်းသိချင်နေတဲ့ “မလွမ်းရဲသေးဘူးမောင်ရယ်” သီချင်းနဲ့ပတ်သက်ပြီး
ဆုငွေ(၅)သောင်းနဲ့ ပဟေဠိလုပ်ခဲ့တာကို တွေ့ရပါတယ်။
L ဆိုင်းဇီက “ကျမရဲ့သီချင်း မလွမ်းရဲသေးဘူးမောင်ရယ် Intro အစမှာ နူတ်ဆက်စကားပြောလေးကို ခုထိခန့်မှန်းနေကျတုန်း…😁
ဆိုတော့ တကယ်အဖြေမှန်ကို ကျမကိုယ်တိုင်လဲသိချင်နေပါတယ်။
ဒါကြောင့်တကယ်အဖြေမှန်တဲ့သူငါးယောက်ကို ဖုန်းဘေ တစ်သောင်းစီ လက်ဆောင်ထည့်ပေးပါမယ်လို့ နော့်။
ဆိုင်းဇီးကိုချစ်တဲ့ပ ရိသတ်တွေ ခဏတာပျော်ရွှင်ရစေဖို့ ပါနော့်♥️🥰😍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
L ဆိုင်းဇီကတော့ ပရိသတ်တွေ ခဏတာပျော်ရွှင်ရစေဖို့ သူမအသံဝဲဝဲနဲ့ပြောခဲ့တဲ့ မလွမ်းရဲသေးဘူးမောင်ရယ်
Intro အစမှာ နူတ်ဆက်စကားပြောလေးကို မေးခွန်းလေး ထုတ်လာခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း L ဆိုင်းဇီတစ်ယောက် မလွမ်းရဲသေးဘူးမောင်ရယ် Intro အစမှာ နူတ်ဆက်စကားပြောမှာ ဘာတွေပြောခဲ့လဲဆိုတာ သိကြမယ်ဆိုရင် ဖြေပေးခဲ့ကြပါဦးနော်။
Source: L Seng ZI ‘s fb
Credit
Source: L Seng ZI ‘s fb
Credit